HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေထုတ်လုပ်မှု အုပ်စုလီမိတက်ကို စွဲဆိုထားသည့် အမှုပြီးပြတ်မှသာ ထပ်မံ လုပ်ကိုင်လိုသူများကို ပြန်လည်လျှောက်လွှာခေါ်မည်

အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေထုတ်လုပ်မှု အုပ်စုလီမိတက်ကို စွဲဆိုထားသည့် အမှုပြီးပြတ်မှသာ ထပ်မံ လုပ်ကိုင်လိုသူများကို ပြန်လည်လျှောက်လွှာခေါ်မည်

ရန်ကုန်၊ မတ် ၁၄

အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေထုတ်လုပ်မှုအုပ်စုလီမိတက်ကို စွဲဆိုထား သည့် တရားမမှုနှင့်ပတ်သက်ပြီး အမိန့်ချမှတ်ပြီးမှသာ မိုးထိမိုးမိ ရွှေသတ္တုတွင်းတွင်လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များကို ပြန်လည်ခေါ် ယူသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ကရင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၏''ပြည်တွင်းလုပ်ငန်း ရှင်းများအားဖိတ်ခေါ်၍မိုးထိမိုးမိ ရွှေသတ္တုတွင်းအား ခိုင်မာသော စာချုပ်ဖြင့် ပြန်လည်လုပ်ကိုင်ခွင့် ပြုရန်အစီအစဉ်/ရှိမရှိ''နှင့်စပ် လျဉ်းသည့် ကြယ်ပွင့်မပြမေးခွန်း အားသယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မှ စာဖြင့်မေ၁၃ရက်က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဖြေကြားချက်တွင် ''အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေထုတ်လုပ်မှုအုပ်စု လီမိတက်သို့မန္တလေး တိုင်းဒေသကြီး၊ တရားလွှတ်တော်တွင် စွဲဆိုထားသောတရားမမှု၏အပြီးသတ်ဆုံးဖြတ်ချက်အမိန့် ချမှတ်ပြီးမှသာ မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့် နိုင်ငံတော်သမ္မတရုံး၏ (၁ဝ.၄.၂ဝ၁၇) ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁/၂ဝ၁၇ နှင့်အညီ လုပ်ငန်းရှင်များအား စိတ်ဝင်စားမှု ဖော်ပြချက်လျှောက်လွှာ (Expression of Intrest-EOI) ဖိတ်ခေါ်၍ ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်းနှင့်ရှိပါက မည်သည့်သဘောတူစာချုပ်ဖြင့် ဆောင်ရွက်မည်ကိုသိရှိလိုသည့်ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်း ဥပဒေများ၊ နိုင်ငံတော်သမ္မတရုံး၏(၁.၆.၂ဝ၁၈)ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ်၊၄၁/၂ဝ၁၈)တို့နှင့်အညီ သဘောတူစာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဖော် ပြပါရှိသည်။


ကရင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁)အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောမိုးမြင့်က ''ဝန်ကြီးဌာနကို မေးထားတာကို မနေ့က ဝန်ကြီးဌာနကစာနဲ့ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်''ဟုမတ်၁၄ ရက်ကပြောသည်။ အမျိုးသားကြီးပွားတိုးတက် ရေး ရွှေတူးဖော်ထုတ်လုပ်မှုအုပ်စုလီမိတက်သည် ရမည်းသင်းမြို့နယ်မိ ထိမိုးမိဒေသရှိအကြီးစားရွှေ လုပ်ကွက်(ဗ)အတွက် နိုင်ငံတော်သို့ စာချုပ်ပါပေးသွင်းရမည့်သတ် မှတ်ရွှေစင်များကို၂ဝ၁၆ခုနှစ်၊ဧပြီ လမှစ၍ အပြည့်အဝပေးသွင်းခြင်း မရှိသဖြင့်(၁၇.၂.၂ဝ၁၈)ရက် တွင် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများအရ ခွင့်ပြုမိန့်ပယ် ဖျက်ခဲ့ပြီးနောက်လုပ်ငန်းသဘော တူစာချုပ်ကိုလည်း စာချုပ်ပါစည်း ကမ်းချက်များနှင့်အညီ(၁၇.၅. ၂ဝ၁၈) ရက်တွင် ရပ်စဲခဲ့ခြင်းဖြစ် သည်။ 

AA

#democracytoday

Rate this item
(0 votes)
back to top