HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ချောင်းသာတွင် ၁၂၆ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်မည့် လေအားလျှပ်စစ်လုပ်ငန်း လုပ်ကိုင်ရန် တရုတ်ကုမ္ပဏီတစ်ခု အဆိုပြုထား

ချောင်းသာတွင် ၁၂၆ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်မည့် လေအားလျှပ်စစ်လုပ်ငန်း လုပ်ကိုင်ရန် တရုတ်ကုမ္ပဏီတစ်ခု အဆိုပြုထား

ရန်ကုန်၊ မတ် ၁၄

ချောင်းသာတွင် လေအားလျှပ်စစ်ထုတ်လုပ်ရန် တရုတ်ကုမ္ပဏီတစ်ခုမှ အဆို ပြုချက် (Proposal)တင်ပြထား ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှသိရသည်။ ၂ဝ၁၅ ခုနှစ်က ချောင်းသာတွင် လေအားလျှပ်စစ်ထုတ်လုပ်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ တရုတ်ကုမ္ပဏီတစ်ခုက လာရောက်တင်ပြခဲ့ပြီး ယင်းကုမ္ပဏီ အားဖြစ်နိုင်ခြေအကြိုလေ့လာမှု (feasiblestudy)ဆောင်ရွက်ခွင့်ပြု ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

' Proposal 'လာတင်တဲ့ပေါ် မူတည်ပြီး ကျွန်တော်တို့က  feasiblestudy လုပ်ခိုင်းထားတယ်။သူတို့ဆီကတက်လာတယ်။ ဆက်ပြီး feasiblestudy ကိုပြီးပြတ်အောင် လုပ်ဖို့ပြောတဲ့ချိန်မှာ သူတို့ဘက်က တက်မလာတော့ဘူး''ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ချောင်းသာဟို တယ်ဇုန်အပါအဝင်အနီးတစ်ဝိုက်ရှိကျေးရွာများသို့ လျှပ်စစ်မီးမပေး နိုင်သေးသော်လည်း မတ် ၂၃ ရက်မှစ၍ ငွေဆောင်ကမ်းခြေ ဝန်းကျင်ရှိ ကျေးရွာများနှင့်ငရုတ် ကောင်းမြို့ရှိ ကျေးရွာများသို့ လျှပ်စစ်မီးများ စတင်ဖြန့်ဖြူးပေး မည်ဖြစ်ပြီး ငွေဆောင်ကမ်းခြေဟို တယ်ဇုန်များသို့ ဘတ်ဂျက်ရရှိမှု ပေါ်မူတည်၍ လျှပ်စစ်ဓာတ်အားခွဲ ရုံသီးခြားဆောင်ရွက်ကာ မီးပေး နိုင်ရေးကိုဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါကုမ္ပဏီအနေဖြင့် ပြည်သူများဝယ်ယူနိုင်မည့်နှုန်းထားဖြင့် ရောင်းချပေးနိုင်မည်ဆိုပါက လေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခွင့်ပြုသွားမည်ဖြစ် ကြောင်းသိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် Proposal တင်ပြထားသည့် တရုတ်ကုမ္ပဏီမှာ China Three Gorges Corporation (CTG)ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးတွင် ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။ ယင်းလေအားလျှပ်စစ်စီမံ ကိန်းသည် CTG ၏မြန်မာနိုင်ငံတွင် ပထမဦးဆုံးစီမံကိန်းဖြစ်ပြီးလျှပ်စစ်ဓာတ်အား ၁၂၆ မဂ္ဂါဝပ် ပေးရန်စီစဉ်ထားကာ ပထမအဆင့် အနေဖြင့် ၂ ဒသမ ၅ မဂ္ဂါဝပ်ထုတ် လွှတ်ပေးနိုင်သည့်တိုင် ၁၂ တိုင် စိုက်ထူ၍ မဂ္ဂါဝပ် ၃ဝ ထုတ်လွှတ် ပေးရန်လျာထားကြောင်း China Three Gorges Corporation (CTG) မှ သိရသည်။ 

TTMT

#democracytoday

Rate this item
(0 votes)
back to top