HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အဖမ်းအဆီးများကြောင့် မူဆယ်တွင် ဆန်တန်ချိန်လေးသောင်း ကျော်ပိတ်မိနေသည့်အပေါ် တရုတ်အစိုးရနှင့် အမြန်ဆုံး ညှိနှိုင်းအဖြေရှာပေးရန် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီထံ တင်ပြတောင်းဆိုထား

အဖမ်းအဆီးများကြောင့် မူဆယ်တွင် ဆန်တန်ချိန်လေးသောင်း ကျော်ပိတ်မိနေသည့်အပေါ် တရုတ်အစိုးရနှင့် အမြန်ဆုံး ညှိနှိုင်းအဖြေရှာပေးရန် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီထံ တင်ပြတောင်းဆိုထား

ရန်ကုန်၊ မတ် ၁၅

တရုတ်နိုင်ငံ အဖမ်းအဆီးများကြောင့် မူဆယ်တွင် ဆန်တန်ချိန်လေးသောင်း ကျော်ပိတ်မိနေသည့်အပေါ် တရုတ်နိုင်ငံအစိုးရနှင့် အမြန်ဆုံးပြေလည် အောင်ညှိနှိုင်းအဖြေရှာပေးရန် ဒုတိယသမ္မတဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီထံ တင်ပြခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ မတ် ၁၅ ရက်က ရန်ကုန် မြို့ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် ဒုတိယသမ္မတဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏(၂၅)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေး ပွဲတွင် ယင်းသို့တင်ပြတောင်းဆိုခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ''ဒီနေ့တွေ့ဆုံပွဲမှာ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အထူးသဖြင့် မူဆယ်မှာ ဆန်တန်ချိန်လေးသောင်းကျော် ငါးသောင်း လောက်က တရုတ်နိုင်ငံက ဝယ်လက်တွေကအစ အဖမ်းအဆီးရှိတဲ့အခါ ပိတ်မိနေတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေ အထူးသဖြင့် မန္တလေး၊ မူဆယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးကအစ ဆန်စက်လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စကိုတရုတ်နိုင်ငံအစိုးရနဲ့ အထူးသဖြင့် ယူနန် ပြည်နယ်အစိုးရနဲ့ အမြန်ဆုံးပြေလည်အောင် ညှိ နှိုင်းအဖြေရှာပေးဖို့ ဦးစားပေးပြောဖြစ်ပါတယ်''ဟု ပြောသည်။

 

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်အနေဖြင့် မူဆယ်၌ ဆန်တန်ချိန် လေးသောင်းကျော်ပိတ်မိနေသည့်အပေါ် ဖြေရှင်း ပေးရန်အပါအဝင် အချက် ၅ ချက်ကို တင်ပြတောင်းဆိုခဲ့ကြောင်းသိရသည်။ ဦးရဲမင်းအောင်က ''မကြာခင်မှာ နွေစပါး ပေါ်ချိန်ဖြစ်တော့မယ်။ တောင်သူလယ်သမားတွေ ကုန်သွယ်မှုလုပ်နိုင်ဖို့က အရေးကြီးတယ်။ ဒါကြောင့်မို့ တရုတ်နိုင်ငံနဲ့အစိုးရနဲ့ ညှိနှိုင်းတဲ့အပိုင်းတွေကို ပိုပြီး ထိထိရောက်ရောက်လုပ်ပေးဖို့လည်း တင်ပြပါတယ်။ အခြေခံဈေးနှုန်းကိုတော့ နိုင်ငံတော် အစိုးရကို တင်ပြထားပါတယ်။ အကြောင်း ပြန်ကြားမှုရ တာနဲ့ ထုတ်ပြန်ပါ့မယ်''ဟု ပြောသည်။


ယင်းအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော The 2nd China Myanmar Economic Corridor Forum သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ကုန်သည်စက်မှုအသင်း ချုပ် (UMFCCI) တို့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ပါဝင်တက်ရောက်ခဲ့ပြီး ယခု ၂ဝ၁၉ ခု နှစ်အတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် လေးသိန်းအထိ တရားဝင် (Quota)ဖြင့် တင်ပို့ခွင့် ရရှိရေးကို ညှိနှိုင်းဆွေးနွေးခဲ့ကာ ကူမင်းမြို့အခြေစိုက် ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှထွက်ရှိသော ဆန်၊ ဆန်ကွဲ များနှင့် တရုတ်နိုင်ငံမှထွက်ရှိသော ကုန်ပစ္စည်း ဖလှယ်နိုင်ရေး အလွတ်သဘောတူညီမှု I(MoU) အား လက်မှတ်ရေးထိုးနိုင်ရန်အတွက်လည်း နိုင်ငံ တော်အစိုးရသို့ တင်ပြထားရှိကြောင်း သိရသည်။

TEEP

#democracytoday

Rate this item
(0 votes)
back to top