HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မဲခေါင်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေး တရုတ် ကူညီမည်

မဲခေါင်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေး တရုတ် ကူညီမည်

ပေကျင်း၊ မတ် ၁၈

လန်ဆန်းမဲခေါင် ပူးပေါင်း ဆောင်ရွက်မှုများကို တရုတ်နိုင်ငံက ထိုင်းနှင့် ပူးပေါင်းဆောင်ရွက် မည်ဟု ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျူမင်းက လန်ဆန်း မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ဒုတိယမြောက် ရက်သတ္တပတ်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်ဟု မတ် ၁၈ ရက်သတင်းများအရ သိရှိရသည်။

ယင်းဒုတိယရက်သတ္တ ပတ်သည် မတ် ၂၄ ရက်၌ စေ့ ရောက်မည်ဖြစ်သည်။ လန်ဆန်း -မဲခေါင်ဒေသတွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်နေသည်။ ရေ အရင်းအမြစ် စီမံခန့်ခွဲရေး နယ်မြေ ဖြတ်ကျော်ကူးသန်းခြင်း၊ ကျေးလက် ဒေသများတွင် န-ခသာာနမခန အသုံးပြုရေးကဏ္ဍများတို့တွင် ပူး ပေါင်းဆောင်ရွက်မှုများပြုလုပ်ရမည်ဟု သံအမတ်ကြီးက ထုတ်ဖော် ပြောဆိုလိုက်သည်။ ယင်းအပြင်လယ်ယာစိုက်ပျိုးရေး အသက်မွေး ဝမ်းကျောင်းပညာ သင်ကြားရေး ကျန်းမာရေး စောင့်ရှောက်မှု လူငယ်များ အပြန်အလှန်စေလွှတ်ရေး၊ ပတ်ဝန်းကျင်ကာကွယ်ရေးတို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှုပြု လုပ်ရမည်ဟုလည်း ထုတ်ဖော် ပြောကြားလိုက်သည်။

 

အသေးစိတ်အားဖြင့် အခြေခံအဆောက်အအုံ ၃ဝ တို့တွင်လည်း စီမံချက်များရေးဆွဲထားပြီး အငယ်စားနှင့်အလတ်စား စီးပွားရေး ၁ဝဝ တို့ကိုလည်း ပူးပေါင်းဆောင်ရွက်မှုအောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့မှသာလျှင် မဲခေါင်မြစ်ကြောင်းတစ်လျှောက် နေနိုင်ငံများနှင့် ပြည်သူများတို့သည် ဖွံ့ဖြိုးတိုးတက်လာမည်ဟုလည်း သံအမတ်ကြီးက ထုတ်ဖော် ပြောဆိုလိုက်သည်။ လန်ဆန်းမဲ ခေါင် ဒုတိယရက်သတ္တပတ် အခမ်းအနား ကျင်းပနေစဉ် မတ် ၂၃ ရက်တွင် ခေါင်းဆောင်များ တွေ့ ဆုံဆွေးနွေးကြမည်ဖြစ်သည်။

Ref:The Bangkok Post

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top