HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

လျှပ်စစ်မီတာခကောက်ခံရေးလုပ်ငန်းကို မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့် ဖြူးရေးဌာနမှ ပြန်လည်ကောက်ခံတော့မည်

လျှပ်စစ်မီတာခကောက်ခံရေးလုပ်ငန်းကို မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့် ဖြူးရေးဌာနမှ ပြန်လည်ကောက်ခံတော့မည်

မော်လမြိုင်၊ မတ် ၁၉ - မွန်ပြည်နယ်အတွင်း လျှပ်စစ်မီတာခကောက် ခံခြင်းလုပ်ငန်းကို ယခင်က ကုမ္ပဏီ နှင့်သဘောတူစာချုပ် ချုပ်ဆိုထား ပြီး ကုမ္ပဏီမှ ကွန်ပျူတာဘေလ် ဖြင့် ကောက်ခံသည့်စနစ်အစား ၂ဝ၁၉ ခုနှစ် ဧပြီ ၁ရက်မှစတင်၍ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးဌာနမှ ဝန်ထမ်းများဖြင့်သာ ကောက်ခံတော့မည်ဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ သိရသည်။

အရင်က ကျွန်တော်တို့ မွန် ပြည်နယ်မှာဆိုရင် ဃြဃ ကုမ္ပဏီ နဲ့ စာချုပ် ချုပ်ဆိုပြီး၊ ကုမ္ပဏီအနေ နဲ့ ကားနဲ့လိုက်ကောက်တယ်။ စာ ချုပ် ချုပ်ဆိုတာလည်း မွန်ပြည်နယ် မှာ ချုပ်ဆိုတာမျိုးမဟုတ်ဘဲ လျှပ် စစ်ရုံးချုပ်ကုမ္ပဏီနဲ့ ချုပ်ဆိုကြတာ ပါ။ အခုလည်း ဒီကိစ္စရပ်ဆိုင်းဖို့ က ရုံးချုပ်ရဲ့ ညွှန်ကြားချက်အရ ကောက်ခံတဲ့စနစ်ပြောင်းရခြင်း ဖြစ် ပါတယ်။ မော်လမြိုင်မြို့နယ်အနေ နဲ့က ငွေကောက်ခံတဲ့ နေရာသုံး နေရာရှိပါတယ်။ မိုင်ဒါကွင်းမြို့ နယ် လျှပ်စစ်ရုံးဝင်းမှာ တစ်နေရာ၊ မုပွန်ရပ်ကွက်၊ မီးစက်ဝင်းထဲမှာ တစ်နေရာနဲ့ မြို့နယ်အုပ်ချုပ်ရေး မှူးရုံး ဥှ ရုံးကောင်တာမှာ တစ် နေရာ သုံးနေရာဖြစ်ပါတယ်။ ပိတ်ရက်မရှိ ငွေလက်ခံပေးပါမယ်'' ဟု အဆိုပါဌာနမှ ဒုပြည်နယ်မှူး အင်ဂျင်နီယာမှူးကြီး ဦးကျော်စိုး က မတ် ၁၈ ရက်က ပြောကြားသည်။

ယခုကဲ့သို့ ငွေကောက်ခံသည့် စနစ် ပြောင်းလဲလိုက်ခြင်းမှာ ရန် ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့ မပါ ဝင်ဘဲ မွန်ပြည်နယ်နှင့် ကျန်ပြည် နယ်နှင့် တိုင်းအားလုံးသို့ တစ်ပြိုင် တည်း ညွှန်ကြားထားခြင်းဖြစ် ကြောင်း သိရသည်။

''ကုမ္ပဏီနဲ့ ပူးပေါင်းမှုရပ်ဆိုင်း လိုက်တာက ဘာပြဿနာမှရှိလို့ မဟုတ်ဘူး။ ကျွန်မတို့လုပ်ငန်းကို ကျွန်မတို့ ပြန်လုပ်လိုတဲ့အတွက် ရပ်ဆိုင်းလိုက်တာပါ။ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုကတည်းက လိုအပ် ရင်ရုပ်သိမ်းမယ်ဆိုတာ ပါပြီးသားပါပဲ။ ဘာပြဿနာမှမရှိဘူး။ ငွေ ကောက်ခံတဲ့စနစ်တွေ ပြောင်းလိုက် ခြင်းပါပဲ။ ကားနဲ့ ကောက်တဲ့ စနစ်မှာ မီတာသုံးစွဲသူက အပိုငွေ ကျပ် ၂ဝဝ ကို ကျေကျေနပ်နပ် ပေးနေပါရက်နဲ့၊ အဆင်ပြေနေပါ ရက်နဲ့ ဘာကြောင့် ပြောင်းရသလဲ ဆိုရင် စနစ်တစ်ခုကို ပြောင်းလဲ လိုက်ခြင်းပါပဲ။ မီးသုံးစွဲသူတွေ ဘက်ကို ပြန်မကြည့်ဘူးလားဆိုရင် သုံးစွဲသူတွေက ပြောလာရင် ကျွန်မ တို့ ရုံးချုပ်ကို တင်ပြပေးပါမယ်''ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါ် ဝေမာအေးလွင် (ပြည်နယ်လျှပ်စစ် ရုံး)က ပြောသည်။

AHO

#YangonMediaGroup | #DemocracyToday

Rate this item
(0 votes)
YMG

back to top