HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲ ၅၆ဝ၁ တွဲ ရောင်းချနိုင်ခဲ့ပြီး ယူရို ၄၇၆ ဒသမ ၆၈ သန်း ရရှိ

မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲ ၅၆ဝ၁ တွဲ ရောင်းချနိုင်ခဲ့ပြီး ယူရို ၄၇၆ ဒသမ ၆၈ သန်း ရရှိ

နေပြည်တော်၊ မတ် ၂ဝ 

၂ဝ၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် မတ် ၁၁ ရက်မှ ၂ဝ ရက်အထိ ကျင်းပခဲ့ရာ ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ စုစုပေါင်း ၇၇၄၇ တွဲ တင်ပြရောင်းချခဲ့ရာ ၅၆ဝ၁ တွဲ ရောင်းချနိုင်ခဲ့ပြီး စုစုပေါင်းယူ ရို ၄၇၆ ဒသမ ၆၈ သန်းရရှိခဲ့ကြောင်း မြန်မာ့ကျောက်မျက် အရောင်းစာရင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ စီမံရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ရှင်းလင်းပြောကြားသည်။ မတ် ၂ဝ ရက်ညနေပိုင်းက နေပြည်တော်ရှိမဏိရတနာ ကျောက်စိမ်းခန်းမ နဝရတ်ကိုးသွယ်ဂိတ်၌ ကျင်းပသည့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ အရောင်းရှင်းလင်းပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ပုလဲအတွဲများ တင်ပြရောင်းချခြင်းကို မတ် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျင်းပခဲ့ပြီး ပုလဲ ၂၇၄ တွဲ တင်ပြရောင်းချခဲ့ရာ ၂၆၉ တွဲ ရောင်းချနိုင်ပြီး ယူရိုသန်း ၁ ဒသမ ၅၁၈ သန်းရရှိခဲ့ ကြောင်း၊ ကျောက်မျက်တွဲများ တင်ပြရောင်းချခြင်းကို မတ် ၁၄ ရက်တွင် ကျင်းပခဲ့ပြီး ကျောက်မျက်အတွဲ ၅ဝဝ တင်ပြ ရောင်း ချရာ ၆၉ တွဲရောင်းချခဲ့ပြီး ယူရို ၁ ဒသမ ဝ၂၄ သန်း ရောင်းချ ခဲ့ရကြောင်း၊ ကျောက်စိမ်းအတွဲများ ရောင်းချခြင်းကို မတ် ၁၅ ရက်မှ ၂ဝ ရက်အထိ ကျင်းပခဲ့ပြီး ကျောက်စိမ်းတွဲပေါင်း ၆၉၇၃ တွဲ တင်ပြရောင်းခဲ့ရာ ၅၂၆၃ တွဲ ရောင်းချနိုင်ခဲ့ပြီး ယူရို ၄၇၄ ဒသမ ၁၄၁ သန်း ရောင်းချနိုင်ခဲ့ကြောင်း ¤င်းကရှင်းလင်း ပြောကြားခဲ့သည်။


အဆိုပါပြပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ သြစတြေးလျ၊ အမေရိကန်နှင့် အိန္ဒိယ စသည့်နိုင်ငံငါးနိုင်ငံတို့မှ ရတနာကုန်သည် ၂၉၁၂ ဦး တက်ရောက်ခဲ့ပြီး၊ နိုင်ငံသား အနေနှင့် ရတနာကုန်သည် ၁၆၄၉ ဦး တက်ရောက်ကြောင်း၊ စုစုပေါင်း ၄၅၆၁ ဦး တက်ရောက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် (၅၅)ကြိမ်မြောက်တွင် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ အတွဲ စုစုပေါင်း ၇၄၉၁ တွဲ တင်ပြရောင်းချခဲ့ရာ ၅၆၆၉ တွဲ ရောင်းချခဲ့ပြီး ယူရို ၄၂၇ ဒသမ ဝ၉ သန်းရောင်းချနိုင်ခဲ့ကြောင်း၊ ယခု(၅၆)ကြိမ်မြောက်တွင် ယခင် (၅၅)ကြိမ်ထက် ပိုမိုရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။ 

MP

#democracytoday

Rate this item
(0 votes)
back to top