HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှု သုံးနှစ်အတွင်း အကြီးမားဆုံး ကျဆင်း

တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှု သုံးနှစ်အတွင်း အကြီးမားဆုံး ကျဆင်း

ပေကျင်း

တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ဖေဖော်ဝါရီလအတွင်းက သုံးနှစ်အတွင်း အကြီးမားဆုံးကျဆင်းခဲ့ကြောင်း၊ တရားဝင်အချက် အလက်များတွင် ပြသချက်အရ တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခုနှစ်အစောပိုင်းမှ စတင်၍ ၂ဝ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း၊ ယင်းသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးပဋိပက္ခကြောင့်ဖြစ်ကြောင်း သိရသည်။

အလားတူပင် တရုတ်နိုင်ငံ၏ သွင်းကုန်သည် ၅ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အဆိုပါကိန်းဂဏန်းများက အာရှစတော့ရှယ် ယာဈေးကွက်ကို သိသိသာသာ ကျဆင်းစေခဲ့သည်ဟု ဆိုသည်။ ယခုနှစ် ပထမနှစ်လအတွက် စီးပွားရေးပညာရှင်တို့၏ သတိပေးမှုအချက်အလက်များတွင် တရုတ်နှစ်သစ်ကူးအားလပ်ရက်က သက် ရောက်မှုရှိလာနိုင်ကြောင်း ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ ထိပ်တန်းစီးပွားရေးပညာရှင် ဂျူလီယန်အီဗန်ပရစ်ချတ်၏ အဆိုအရ ယခုကဲ့သို့ တရုတ်နိုင်ငံ၏ ပို့ကုန်သွင်းကုန်ကျဆင်းမှုသည် ရာသီအလိုက်ဖြစ်သော ပုံပန်းပျက်ယွင်းမှုဟု ဆိုလျှင်ပင် လက်ရှိကိန်းဂဏန်းများမှာ တက်ကြွလှုပ်ရှားလာမည့်အရိပ်အယောင်များ ကင်းမဲ့ နေကြောင်း သိရသည်။

Ref: BBC

#theyangontimes

Rate this item
(0 votes)

Latest from M Bwe

back to top