HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ဥရောပသမဂ္ဂက ယူရိုငွေ ၂၂၁သန်း (မြန်မာငွေကျပ် ၃၈၂ ဘီလီယံကျော်) ထောက်ပံ့

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ဥရောပသမဂ္ဂက ယူရိုငွေ ၂၂၁သန်း (မြန်မာငွေကျပ် ၃၈၂ ဘီလီယံကျော်) ထောက်ပံ့

ရန်ကုန်၊ မတ် ၂၂

ဥရောပသမဂ္ဂ မှ မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍအတွက် ယူရိုငွေ၂၂၁သန်း (မြန်မာ ငွေကျပ် ၃၈၂ ဘီလီယံကျော်) ကို မတ် ၂၁ရက်က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ၂ဝ၁၉ခုနှစ်မှ ၂ဝ၂၂ခုနှစ်အ တွင်း ဥရောပသမဂ္ဂသည် အလယ် တန်း၊ အထက်တန်းပညာရေး၊ နည်း ပညာနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာပညာရေး၊ လေ့ကျင့်ရေး(TVET) တို့ တိုးတက်ကောင်းမွန်လာ ရေး၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတို့ အတွက် ပညာရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေသို့ ယူရိုငွေ ၁၇၅သန်း (မြန်မာငွေကျပ် ဘီလီယံ၃ဝဝကျော်) ကို တိုက်ရိုက်လွှဲပြောင်းထောက်ပံ့ ပေးအပ်မည်ဖြစ်ပြီး ကျန်ယူရိုငွေ၄၆ သန်း(မြန်မာငွေ ကျပ်ဘီလီယံ ၈ဝ) ကို အစိုးရအနေဖြင့် ဖော်ပြပါကဏ္ဍ များ တိုးတက်ကောင်းမွန်လာစေ ရေးဆောင်ရွက်နိုင်ရန် နည်းပညာ ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ပံ့ပိုးနိုင် ရေးအတွက် ခွဲဝေသတ်မှတ်ထား ကြောင်းသိရသည်။

ဥရောသမဂ္ဂ သံအမတ်ကြီး Mr.Kristian Schmidt က ''ဥရောပ သမဂ္ဂအနေဖြင့် မြန်မာနိုင်ငံရဲ့ပညာ ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် တိုးတက် ကောင်းမွန်လာစေရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဖက်ဖြစ်ရတာ အလွန်ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ အသိပညာ ဗဟုသုတနဲ့ အတတ်ပညာ ကျွမ်းကျင် မှုတွေဟာ ပိုမိုကောင်းမွန်တဲ့ဘဝပိုင် ဆိုင်နိုင်စေဖို့ အခွင့်အလမ်းမျှော်လင့် ချက်တွေဖြစ်လာပြီး လူမှုအဖွဲ့အ စည်းမှာ ပါဝင်ဆောင်ရွက်လာနိုင်စေ ဖို့နဲ့ အနာဂတ်ကို ပုံဖော်နိုင်ဖို့စွမ်း ရည်၊ အမြင်ကိုပွင့်စေပါတယ်။ မြန်မာ နိုင်ငံရှိလူငယ်လူရွယ်တွေဟာ သူ တို့ရဲ့ အနာဂတ်အလားအလာတွေ လွတ်လပ်စွာ ပုံဖော်ရှင်သန်ဖွံ့ဖြိုး စေနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ကျောင်း တွေ၊ သင်တန်းကျောင်းတွေနဲ့ ထိုက် တန်ကြောင်းလည်း ဥရောပသမဂ္ဂ အနေနဲ့ယုံကြည်ပါတယ်''ဟု မတ် ၂၁ရက်က ပြောကြားသည်။


ပညာရေးကဏ္ဍအတွက် ဥရော ပသမဂ္ဂသည် ယူရိုငွေ ၂၂၁သန်း ပံ့ပိုးမှုအပြင် တိုင်းရင်းသားနယ်မြေ ဒေသများတွင် အထူးသဖြင့်အရည် အသွေးမီ ပညာသင်ကြားမှုအခွင့် အလမ်းရရှိမှု ပိုမိုတိုးတက်လာစေရန် ယူရိုငွေသန်း၂ဝ(မြန်မာငွေကျပ် ၃၅ဘီလီယံ)ကိုလည်း ထပ်မံရင်းနှီး မြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက ''မြန်မာနိုင်ငံရဲ့ပညာရေး ကဏ္ဍ အရှိန်အဟုန်ကောင်းစွာ တိုးတက်မြင့်မားစေရန်ဟူသော နိုင်ငံ တော်အစိုးရရည်ရွယ်ချက်မှာ ဥရော ပသမဂ္ဂနဲ့တူညီပါတယ်။ ပညာရေး သည် တိုင်းပြည်ရဲ့ဒီမိုကရေစီအနာ ဂတ်အရေးအတွက် အကောင်းဆုံးနဲ့ အလားအလာရှိသော ရင်းနှီးမြှုပ်နှံ မှုဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အစိုးရသည် ပညာရေးကဏ္ဍအတွက် အသုံးစရိတ်ကို တစ်နှစ်ထက် တစ် နှစ်တိုး၍ ထောက်ပံ့ပံ့ပိုးလျက်ရှိပါ တယ်။ ဥရောပသမဂ္ဂရဲ့အထောက် အပံ့မှာ နိုင်ငံတော်အစိုးရရဲ့ပညာ ရေး ရင်းနှီးမြှုပ်နှံမှုအတွက် ထပ် လောင်း အကူအညီတစ်ရပ်ဖြစ်ပါတယ်''ဟုပြောသည်။


ယင်းထောက်ပံ့မှုသည် မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂ၏ပထမဦး ဆုံးသော Budget support programme  ဖြစ်ပြီး ဥရောပသမဂ္ဂ၏ နိုင်ငံအတွင်း ဆောင်ရွက်မှုအတွက် အခြေခံကျသော ပြောင်းလဲမှုတစ်ခုကိုလည်း ကိုယ်စားပြုကြောင်း သိရသည်။

DT

#democracytoday

Rate this item
(0 votes)
back to top