HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့ရန် ကားခဈေးကြီးခြင်းကြောင့် ဖရဲစိုက်တောင်သူများ အခက်အခဲဖြစ်နေ

တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့ရန် ကားခဈေးကြီးခြင်းကြောင့် ဖရဲစိုက်တောင်သူများ အခက်အခဲဖြစ်နေ

ဗန်းမော်၊ ဧပြီ ၉

တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့ရန် ကားရှားပါးပြီး ကားခ ဈေးတက်လာသောကြောင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှ ဖရဲသီးစိုက်တောင်သူများ အခက်အခဲတွေ့နေရကြောင်းသိရသည်။ ဗန်းမော်မြို့မှ မြန်မာ-တရုတ် နယ်စပ် လွယ်ဂျယ်မြို့သို့ ဖရဲသီးတင်ပို့ရာတွင် ပုံမှန်အချိန်က ကားတစ်စီးငှားရမ်းခ ကျပ် ၆၅ဝဝဝဝ သာရှိပြီး ယခုရက်ပိုင်းတွင်ကားငှား ရမ်းခ ကျပ်၂၅ သိန်းပေါက်ဈေး နှုန်းရှိနေခြင်းနှင့် စိုက်ထားသော ဖရဲသီးများ ရင့်မှည့်လာခြင်းတို့ ကြောင့် တောင်သူများအခက်အခဲ ကြုံတွေ့နေရသည်။

''ကားအခက်အခဲက အဓိက ဖြစ်နေတယ်။ ပုံမှန်အချိန်မှာတော့ ကားလုံလောက်ပြီး ဖရဲသီးထွက်ချိန်ဆို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့ နေရတဲ့အခက်အခဲပါ။ ခုဟာက ဖရဲသီးပေါ်နေကြပြီဆိုတော့ သူ့ထက်ငါ အလုအယက်ခေါ်နေကြတဲ့အတွက်ကားခတွေ ဈေးမြောက်သွား တာပါ။ လွန်ခဲ့တဲ့ငါးရက်တစ်ပတ် လောက်က ကားခကကျပ် ၁ဝ သိန်း လောက်အထိပဲပေါက်ပြီး ခုက ကျပ်၂၅ သိန်းလောက်အထိပေါက် နေတယ်။ အခုဆိုရင် တောင်သူ တွေက ကားမရတဲ့အတွက် ကြောင့် ဖရဲတစ်ခင်း ပထမကျပ်သိန်း ၁ဝဝ လောက်ပေါက်နေပေ မယ့် အခင်းတွေမှာ ကျပ် သိန်း ၅ဝ၊ ၃ဝအထိ အရှုံးခံပြီး ရောင်းနေ ရတယ်''ဟု ညီညွတ်သောမြောက် ပိုင်းတောင်သူများ အများနှင့်ဆက် ဆံသော ကုမ္ပဏီလီမိတက်မှ မန် နေးဂျင်းဒါရိုက်တာ ဦးတေဇာ အုန်းက ပြောကြားသည်။


လက်ရှိတွင် တရုတ်ဈေးကွက်၌ ဖရဲသီးတင် ၁၂ ဘီးယာဉ် တစ်စီးလျှင် တရုတ်ယွမ်ငွေ ၃ဝဝဝဝ အထက် ရရှိကာ ဈေး ကောင်းမွန်နေသော်လည်း ကားရှာ မရသည့် အခက်အခဲဖြစ်နေရခြင်း ကြောင့် တောင်သူအချို့က ဖရဲခင်းရှိ ဖရဲသီးများအား ဓားဖြင့်ခုတ် ဖျက်ဆီးနေမှုများရှိနေသည်။ ဖရဲသီးတင်ကားရှားပါးရခြင်းမှာ ဗန်းမော်ခရိုင်အတွင်း စိုက်ပျိုးထားသော တစ်သျှူးငှက်ပျောသီးများမှာ နိုဝင်ဘာလမှ မေလအတွင်းထွက်ရှိသောကြောင့်အဆိုပါ တစ်သျှူးငှက်ပျောသီးများတင် ရန်အတွက် ကားငှားစာချုပ်များ ချုပ်ဆိုမှုများရှိနေခြင်းကြောင့် ဖရဲ သီးထွက်ချိန်တွင် ကားရှားပါးကာ ကားခ ဈေးတက်နေရခြင်းဖြစ် ကြောင်း သိရသည်။

MTH

#democracytoday

 

Rate this item
(0 votes)
back to top