HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

စားအုန်းဆီ ထုတ်ကုန်များကို ပယ်ဖျက်သဖြင့် အီးယူအဖွဲ့အား အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ကန့်ကွက်စာပေးပို့

စားအုန်းဆီ ထုတ်ကုန်များကို ပယ်ဖျက်သဖြင့် အီးယူအဖွဲ့အား အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ကန့်ကွက်စာပေးပို့

ဂျကာတာ၊ ဧပြီ ၉

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုနှင့် မလေးရှားဝန်ကြီးချုပ်မဟာ သီယာမိုဟာမက်တို့က ပူးတွဲလက်မှတ်ရေးထိုးကာ ဥရောပသမဂ္ဂအဖွဲ့(အီးယူ)သို့ ကန့်ကွက်စာပေးပို့ ခဲ့ကြသည်။ အကြောင်းမှာ အီးယူအဖွဲ့က စားအုန်းဆီမှ ထုတ်လုပ်သည့်အစားထိုးလောင်စာကို အသုံးပြုခြင်းမှ ဖယ်ရှားပစ်မည်ဟု ဆုံးဖြတ်ခဲ့၍ဖြစ်ကြောင်း၊ အင်ဒိုနီးရှားအရာရှိတစ်ဦး၏ ပြောကြားချက်ကို ဘန်ကောက်ပို့စ်အွန်လိုင်းသတင်းက ဧပြီ ၉ ရက်တွင် ဖော် ပြခဲ့သည်။

အဆိုပါစာအား အီးယူအဖွဲ့သို့ စနေနေ့က ပေးပို့ခဲ့ကြောင်း ရေကြောင်းသွားလာရေးဆိုင်ရာ ညှိနှိုင်းရေးရာဝန်ကြီးလူဟတ်ပင်းဂျိုင်တန်က ပြောကြားလိုက်သည်။ ၎င်းမှာ သဘာဝအရင်းအမြစ်ဆိုင်ရာပြဿနာများကို ကြီးကြပ်ရသူ ဖြစ်သည်။ စာထဲတွင်လည်း အ ကြောင်းအရာများ ရေးသားထား သည်ကိုမူ ၎င်းကပြောကြားခဲ့ခြင်း မရှိပေ။ အင်ဒိုနီးရှားနှင့်မလေးရှားတို့မှာ ကမ္ဘာပေါ်တွင် စားအုန်းဆီ အများဆုံးထုတ်လုပ်သောနိုင်ငံဖြစ်သည်။ ဤနှစ်နိုင်ငံက စားအုန်းဆီ ပြဿနာအား ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) မှတစ်ဆင့် အီးယူနှင့် ပြောကြားသွားမည်ဟု ခြိမ်း ခြောက်ထားသည်ဟုဆိုသည်။ အီးယူအဖွဲ့က ၂ဝ၃ဝ တွင် ဆီအုန်းမှ ထုတ်လုပ်သည့်အစားထိုး လောင်စာကို အသုံးမပြုတော့ဟု ပြောကြားခဲ့၍ဖြစ်သည်။


အင်ဒိုနီးရှားက ယခုအပတ်တွင် ဘရပ်ဆဲလ်မြို့သို့ တရားဝင် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့သည်။ အီးယူ၏ခွဲခြားသတ်မှတ်သည့်ပေါ်လစီကို ဆွေးနွေးသွားရန်ဖြစ်ကြောင်း အင်ဒိုနီးရှားစီးပွား ရေးပူးပေါင်းညှိနှိုင်းရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။အင်ဒိုနီးရှားကိုယ်စားလှယ် အဖွဲ့မှာ စားအုန်းဆီထုတ်လုပ် သည့်နိုင်ငံများကောင်စီ၏အစိတ် အပိုင်းတစ်ခုဖြစ်သည်ဟုဆိုသည်။ ထိုအဖွဲ့တွင် အင်ဒိုနီးရှား၊ မလေး ရှားနှင့်ကမ္ဘောဒီးယားတို့ ပါဝင်ကြသည်။

 

ဤကိုယ်စားလှယ်အဖွဲ့သည် ခွဲခြားသတ်မှတ်မှုကို တိုက်ဖျက်ရန်နှင့် ဥရောပသမဂ္ဂ၏လုပ်ရပ်ကိုလည်း တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ကြေညာချက်က ဖော်ပြ ခဲ့သည်။ လွန်ခဲ့သောလတွင် အီးယူအဖွဲ့က စားအုန်းဆီမှာ တောပြုန်းတီးမှုကို ဖြစ်ပွားစေသဖြင့် ၎င်းကို အသုံးပြုခြင်းမှ ဖယ်ရှားပစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။

Ref: Online news

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top