HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ပြည်သူ့ လိုအပ်ချက်နှင့် ကိုက်ညီသည့် အာမခံ အမျိုးအစားသစ်များ တီထွင်ဖန်တီးနေ၊ ယခုနှစ်အတွင်း အာမခံအမျိုးအစားသစ် ထပ်မံရောင်းချမည် ဟုဆို

ပြည်သူ့ လိုအပ်ချက်နှင့် ကိုက်ညီသည့် အာမခံ အမျိုးအစားသစ်များ တီထွင်ဖန်တီးနေ၊  ယခုနှစ်အတွင်း အာမခံအမျိုးအစားသစ် ထပ်မံရောင်းချမည် ဟုဆို

ရန်ကုန်၊ ဧပြီ ၉

ပြည်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် အာမခံအမျိုးအစားသစ်များကို တီထွင်ဖန်တီးလျက်ရှိပြီး ယခုနှစ်အတွင်း အာမခံအမျိုးအစားသစ်တစ်ခု သို့မဟုတ် နှစ်ခုထပ်မံရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအာမခံအသင်းမှသိရသည်။ လက်ရှိ မြန်မာနိုင်ငံအာမခံ အသင်းအနေဖြင့် ပြည်တွင်းအာမခံကုမ္ပဏီများ၊ ပြည်တွင်း၊ ပြည်ပမှပညာရှင်များနှင့် ပူးပေါင်း၍ အာမခံအမျိုးအစားများစွာကို တီထွင်ဖန်တီးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအာမခံအသင်း ဥက္ကဋ္ဌဒေါက်တာစန္ဒာဦးက''အခုအာမခံပရောတက်နဲ့ပတ်သက်ပြီး အာမခံအသင်းအနေနဲ့ အာမခံကုမ္ပဏီတွေအားလုံး ပူးပေါင်းပြီး JICA လို အသက်အာမခံပညာရှင် တွေပါတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြည်သူလူထုလိုအပ်တဲ့အသက် အာမခံ၊ အထွေထွေအာမခံအမျိုး မျိုးကို ပရောတက်အမျိုးမျိုးနဲ့ တီထွင်ထုတ်လုပ်လျက်ရှိပါတယ်။ ပ ရောတက်အသစ်တွေထပ်ထုတ်ဖို့ ပြင်ဆင်နေတာတွေကတော့ အများကြီးပါ။ ဘယ်ဟာအရင်စဖြစ်မယ် တော့မသိသေးဘူး။ အသက်အာမခံရောအထွေထွေအာမခံတွေရော ပါ အကုန်လုပ်နေပါတယ်။ လုပ် နေတဲ့အမျိုးအစားတွေမှာ ဥပမာ နှစ်ချင်းအသက်အာမခံ အခုဆိုရင် ကာလရှည်ကြီးစုရတဲ့သဘော ဖြစ်နေတော့ ကာလတိုနဲ့ပဲတစ်နှစ်စုမယ် ပြန်ထုတ်အဲဒီလိုမျိုးလေးလုပ်ပါမယ်။နောက်ထပ်ပြည်သူလူထုလိုအပ်ချက်နဲ့ကိုက်တဲ့အမျိုးအ စားတွေ အများကြီးရှိပါသေးတယ်။ ဒီ၂ဝ၁၉ ခုနှစ်အတွင်းမှာတော့ နောက်ထပ်တစ်ခု သို့မဟုတ် နှစ်ခု လောက်ထပ်လာနိုင်ပါတယ်။ တစ်ခုထုတ်ဖို့ဆိုတာကလည်း အ ချိန်တော်တော်ယူရပါတယ်''ဟု ဧပြီ ၉ရက်က ပြောသည်။


အာမခံအမျိုးအစားသစ်များ ထပ်မံထုတ်လုပ်သည်နှင့်အမျှ အာမခံဈေးကွက်အား ပြည်သူများ၏ စိတ်ဝင်စားမှုမှာလည်း မြင့်တက်မှုရှိလာပြီး ယမန်၂ဝ၁၈ ခုနှစ်တွင် အာမခံထားရှိမှုနှင့် ပတ်သက်၍ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ငွေ ကျပ် ၇ဝ ဘီလီယံခန့်ရရှိခဲ့သော် လည်း ယခု ၂ဝ၁၉ခုနှစ်တွင်ငွေ ကျပ်ဘီလီယံ ၁ဝဝကျော်အထိ ရရှိ ရန်မျှော်မှန်းထားရှိကြောင်း သိရသည်။


ဒေါက်တာစန္ဒာဦးက''အသက်အာမခံဈေးကွက်ကနိုင်ငံခြား အာမခံတွေဝင်လာရင် ဒီထက်ပိုတိုး တက်သွားမှာပါ။ အခုလူဦးရေ ၅၄ သန်းမှာ အသက်အာမခံထားတာက နှစ်သန်းပဲရှိပါသေးတယ်။ ၅၂ သန်းကအသက်အာမခံမဝယ်ရသေးပါဘူး။ နိုင်ငံခြားအာမခံ တွေလာရင်တော့ ဒီထက်ကျယ် ကျယ်ပြန့်ပြန့်နဲ့ အာမခံအမျိုးအစားသစ်တွေနဲ့ လူတိုင်းလူတိုင်း အသက်အာမခံတွေ ရရှိသွားကြ လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အထွေထွေအာမခံနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်မှာ ငွေကျပ်၇ဝဘီလီ ယံလောက်ရောင်းချခဲ့ရတယ်။ ၂ဝ၁၉ ခုနှစ်အတွက်က ချုပ်နေဆဲဖြစ် တော့မသိသေးဘူး။ ဒီနှစ်မှာအများ ကြီးတက်လာမှာပါ။ ကုမ္ပဏီတစ် ခုချင်းအနေနဲ့တက်ဖို့ အများကြီး ရှိပါတယ်။ ငွေကျပ်ဘီလီယံ၁ဝဝ ကျော်သွားမှာပါ''ဟု ပြောသည်။


ယခုနှစ်အတွင်းအာမခံဈေး ကွက်တွင် ပြည်သူများ၏စိတ်ဝင်စားမှုအများဆုံးနှင့် အာမခံထားရှိမှု အများဆုံးအာမခံအမျိုးအစားမှာ အလုံးစုံမော်တော်ယာဉ်အာမ ခံဖြစ်ပြီး မီးအာမခံကိုလည်းထားရှိသူ တိုးတက်လာကြောင်းသိရသည်။

TEEP

#democracytoday

Rate this item
(0 votes)
back to top