HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဂွမ်ဒေါင်ပြည်နယ် အခြေစိုက် တရုတ်ကုမ္ပဏီတစ်ခုတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့သည့် မြန်မာနိုင်ငံသား ၄ဝဝဝ ကျော် ကျပ်သန်း ၂၇ဝဝဝ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ဟုဆို

ဂွမ်ဒေါင်ပြည်နယ် အခြေစိုက် တရုတ်ကုမ္ပဏီတစ်ခုတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့သည့် မြန်မာနိုင်ငံသား ၄ဝဝဝ ကျော် ကျပ်သန်း ၂၇ဝဝဝ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ဟုဆို

ရန်ကုန်၊ ဧပြီ ၁ဝ

တရုတ်နိုင်ငံ ဂွမ်ဒေါင်ပြည်နယ် နန်ဂျိမြို့အခြေ စိုက် တရုတ်ကုမ္ပဏီတစ်ခုတွင် ဝင် ရောက်ရင်းနှီးမြှုပ်နှံခဲ့သည့် မြန်မာ နိုင်ငံသား ၄ဝဝဝ ကျော်မှာ ကျပ်သန်း ၂၇ဝဝဝ (ကန်ဒေါ်လာ ၁၈ ဒသမ ၂ သန်းခန့်)ဆုံးရှုံးနစ်နာမှု များဖြစ်ပေါ်နေကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ MCI Company Limited (တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂွမ် ဒေါင်ပြည်နယ်အခြေစိုက်)နှင့် မြန်မာ ရင်းနှီးမြှုပ်နှံသူတို့အကြား ဖြစ်ပွား နေသည့်ပြဿနာဆိုင်ရာကိစ္စများ နှင့်ပတ်သက်ပြီး မီဒီယာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ အိုလံပစ်တာဝါတွင် ဧပြီ ၁ဝ ရက်က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအခြေစိုက် Michaelangelo International Capital Group(MCI) အမည်ရှိ အိမ်သော့ကို ဖုန်းဖြင့်ဖွင့်သော BluetoothKey) လုပ်ငန်းကုမ္ပဏီ တွင်ဝင်ရောက်ရင်းနှီးမြှုပ်နှံလျှင် အကျိုးအမြတ်များစွာ ရရှိမည်ဟုဆိုကာ (MCI) ၏ မြန်မာပြည်ကိုယ်စားလှယ်ဆိုသူ မြန်မာနိုင်ငံသား အက်စ်ဒွဲလာ(S-Dol Lar)က ရင်း နှီးမြှုပ်နှံရန် လိုက်လံစည်းရုံးခဲ့ခြင်း ဖြစ်သည်ဟု နစ်နာသူများက ပြောသည်။ ယင်း MCI ကုမ္ပဏီသည် ၂ဝ၁၇ခုနှစ် မတ်လတွင် ရန်ကုန်သို့ စတင်ရောက်ရှိလာပြီး ကချင်နှင့် ဗမာလူမျိုးတချို့နှင့် တွေ့ဆုံကာ လုပ်ငန်းများအကြောင်း၊ ရင်းနှီးမြှုပ်နှံပါက ဘယ်၍၊ ဘယ်မျှ ဘယ်အချိန်ကာလတွင် ဘယ်နှစ်ဆ၊ အကျိုးအမြတ်ရှိမည် စသဖြင့် ဆွဲ ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကျပ်သိန်း ၁၅ဝ ရင်းနှီးမြှုပ် နှံလျှင် အကျိုးအမြတ်မှာ ငါးဆ ရရှိမည်ဟု ပြောဆိုစည်းရုံးမှုနှင့် အတူ တရုတ်နိုင်ငံရှိ MCI ကုမ္ပဏီ သို့ပါ လိုက်ပါပြသခဲ့မှုရှိခြင်းကြောင့် ယုံကြည်ပြီး ကျပ်သိန်း ၁၅ဝဝ ထည့်ဝင်ရင်းနှီးမြှုပ်နှံခဲ့ပြီး အခြား သူများကိုလည်း ထပ်မံရင်းနှီးမြှုပ် နှံပေးခဲ့ကြောင်း အခြားသောရင်း နှီးမြှုပ်နှံလိုသူများ၏ ထည့်ဝင်ငွေ များကို အက်စ်ဒွဲလာ (S-Dol Lar)  ပေးသောဘဏ်အကောင့်သို့ မြန်မာ နိုင်ငံဘဏ်များမှတစ်ဆင့် လွှဲပေးခဲ့ရကြောင်း ကျပ်သိန်း ၁၅ဝဝ ရင်း နှီးမြှုပ်နှံမှုထည့်ဝင်ခဲ့သူ မြစ်ကြီးနား မှဒေါ်ခေါန်စောမ်းက ပြောသည်။
''အက်စ်ဒွဲလာ (S-Dol Lar) က ၂ဝ၁၇ မတ်လလောက်မှာ ကျွန်မအိမ်ကိုရောက်လာပြီး ဒီစီးပွားရေးကို သုံးရက်တိတိ လာရှင်း ပြတယ်။ ဒီစီးပွားရေးက ဘယ်လိုခိုင်မာတယ်။ ဘာလုပ်တယ်ဆိုတာ ယုံလောက်တဲ့ အထောက်အထား တွေပြောတယ်။ သိန်း ၁၅ဝ ရင်းနှီး ရင် ငါးဆပေးမယ်လို့ ပြောတယ်။

 

ဒီလောက်များတဲ့ငွေကို ဘယ်လို ပေးလဲဆိုတော့။ BluetoothKey) လုပ်ငန်းက တရုတ်ပြည်မှာ ခုမှ စလို့ ငွေတွေအများကြီး ရနိုင်တယ်။ BluetoothKey) သုံးတဲ့အိမ်တိုင်းမှာ တစ်အိမ်မှာလူ ၁ဝ ယောက်ရှိ တယ်ဆိုရင် တစ်ယောက်ရဲ့ သုံး အားခက နှစ်ယွမ်လောက်ရမယ် ဆိုအများကြီးရနိုင်တယ်။ ခုမှ စတော့ တရုတ်မှာ ဈေးကွက်အများ ကြီးရနိုင်တယ်။ ဖြစ်နိုင်တယ်လို့ ယုံကြည်မိတယ်။ တရုတ်အစိုးရ ရော မြန်မာအစိုးရပါ အသိအမှတ် ပြုတယ်ပြောတော့ ငါးဆရတယ် ဆိုတော့ လောဘတက်တာပေါ့ နော်။ ရင်းနှီးမြှုပ်နှံပြီးတော့ ကွမ်ကျိုးကိုခေါ်တယ်။ ရုံးက မြို့လယ် ခေါင်မှာ အရမ်းခမ်းနားတယ်။ ရဲမင်းကြီး၊ မြို့တော်ဝန်၊ ရေတပ်ဗိုလ်ဆိုတဲ့သူတွေနဲ့ တွေ့ပေးတယ်။ MCI တံဆိပ်တွေကပ်ထားတဲ့အိမ် တွေ အများကြီးပဲ လိုက်တောင် မကြည့်နိုင်ဘူး။တအားယုံသွားခဲ့ တယ်။ ဘယ်အချိန်မှာ အရင်းကျေမယ်။ ဘယ်အချိန်မှာ အကျိုးအမြတ် ရမယ်ဆိုပြီး တွက်ပြီး ရင်းနှီးမြှုပ်နှံ ကြတာ''ဟု ၎င်းက ပြောသည်။


ယင်းနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဒီ MCI ကုမ္ပဏီနှင့်ပတ်သက်ပြီး ကျွန်တော်သိသလောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပေး ထားတာမရှိပါဘူး''ဟုပြောသည်။ ဆင့်ပွားရင်းနှီးမြှုပ်နှံသူရှာဖွေ ပေးသူများက ရရှိလာသည့်ရင်းနှီး မြှုပ်နှံသူများ၏ငွေများကို အက်စ် ဒွဲလာ(S-Dol Lar)ပေးသော ဘဏ် အကောင့်များထဲသို့ မြန်မာနိုင်ငံ အခြေစိုက်ဘဏ်များမှတစ်ဆင့် လွှဲ ပြောင်းပေးရကြောင်း သိရသည်။


အဆိုပါကုမ္ပဏီတွင် ကျပ်သိန်း ၁၅ဝ ရင်းနှီးမြှုပ်နှံသူ မန္တလေးမြို့မှ ပွဲရုံပိုင်ရှင် ဒေါ်သီတာငြိမ်းက ''ကျွန်မ ရင်းနှီးငွေ ၁၅ဝ ထည့်ဝင်ပြီးတဲ့အချိန်မှာ ကျွန်မကို တရုတ်ပြည်တစ်ခေါက် ခေါ်သွားတယ်။ သိန်း ၁၅ဝ တစ် ကောင့်ထည့်တဲ့သူဆိုရင် တစ် ယောက်လိုက်ခွင့်ရမယ်။ ရုံးဖွင့်တဲ့ နေရာခမ်းနားတယ်။ အဲဒီကတရုတ် တွေနဲ့ မိတ်ဆက်ပေးတယ်။ ခုနစ်လရှစ်လလောက်ရောက်တဲ့အချိန်မှာ ပိုက်ဆံကမလည်ဘူး။ ဘာကြောင့် မလည်တာလဲ။ ပိုက်ဆံက အရင်းရတော့မှာမလားမေးတော့။သူက ဒီလုပ်နေတဲ့စီးပွားရေးပုံစံက (ကကြီး)လုပ်တဲ့အချိန်မှာ အခက်အခဲရှိလို့ ဘီလုပ်မှာ။ ဘီလုပ်ရင် ပိုက်ဆံကို နေ့စဉ်ပေးမယ်လို့ပြောတယ်။သိန်း ၁၅ဝ ပေးရင်တစ်ရက်ကို တစ်သိန်း ရမယ်။ တစ်လကို သိန်း ၃ဝ ရမယ် ဆိုတော့ ကျွန်မတို့ ပေးလိုက်တယ်''ဟု ပြောသည်။


ရင်းနှီးမြှုပ်နှံမှုဝင်သူအားလုံးကို ဟန်းဆက်တွင် ထည့်ထားသည့် အကောင့်ထဲသို့ နေ့စဉ် ဒီဂျစ်တယ်ကုဒ်ဖြင့် အကျိုးအမြတ်ငွေများသာ ပေးပို့နေပြီး ပိုက်ဆံမှာ အမှန်တကယ်မရရှိကြောင်း နစ်နာသူများက ပြောသည်။ ယခုအခါ ကိုယ်တိုင်ရင်းနှီး မြှုပ်နှံငွေများထည့်ဝင်သလို ဆင့် ပွားရင်းနှီးမြှုပ်နှံသူရှာဖွေပေးရ အချို့က သက်ဆိုင်ရာမြို့နယ်များတွင် အက်စ်ဒွဲလာ (S-Dol Lar) ကို ပုဒ်မ-၄၂ဝ လိမ်လည်မှုဖြင့် အမှုဖွင့်ထားပြီး တရားလိုများကို စစ် ဆေး မှုများစတင်နေပြီဖြစ်ကြောင်း သိရသည်။ 

TTMT

#democracytoday

Rate this item
(0 votes)
back to top