HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ စီမံကိန်းနှစ်ခုအတွက် ဂျပန်ယန်း ၃၂၇၂ သန်း ထောက်ပံ့မည်

ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ စီမံကိန်းနှစ်ခုအတွက် ဂျပန်ယန်း ၃၂၇၂ သန်း ထောက်ပံ့မည်

ရန်ကုန်၊ ဧပြီ ၁ဝ

ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ဂျပန်ယန်း ၃၂၇၂ သန်းပမာဏရှိသည့်အထောက် အပံ့စီမံကိန်းနှစ်ခုအတွက်စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ ကြောင်း Embassy of japan in Myanmar ၏ဧပြီ ၁ဝ ရက် သတင်း ထုတ်ပြန်ချက်အရသိရသည်။ ၂ဝ၁၉ ခုနှစ် ဧပြီ ၁ဝ ရက် (အဆိုပါနေ့၏ ဒေသစံတော်ချိန်) နေပြည်တော်တွင် ဂျပန်နိုင်ငံဖက်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် H.E. Mr. Ichiro MARUYAMA နှင့် မြန်မာနိုင်ငံဖက်မှ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဆက် အောင်တို့သည် စုစုပေါင်း ဂျပန်ယန်း ၃၂၇၂ သန်း ပမာဏအထိ ရှိသည့် အထောက်အပံ့စီမံကိန်း နှစ်ခုနှင့်ပတ်သက်သည့် စာချွန်လွှာ များကို လက်မှတ်ရေးထိုးလဲလှယ် ခဲ့ပါသည်။

အဆိုပါစီမံကိန်းများမှာ လေယာဉ်စောင့်ကြည့်ရေးစနစ်အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက်(ဂျပန်ယန်း ၂၈၂၈ သန်းအထိ)ဖြစ်ပြီး စီမံကိန်းသည် ရန်ကုန် လေဆိပ်၊ မန္တလေးလေဆိပ်နှင့် နေပြည်တော်လေဆိပ်တို့ရှိ လေကြောင်းထိန်းရေဒါကိုအဆင့်မြှင့်တင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လေယာဉ်ပျံသန်းမှု ဘေးကင်းလုံ ခြုံရေးကို အဆင့်မြင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။


ကျေးလက်ဒေသများအတွက် လယ်ယာလုပ်ငန်းသုံးစက်ပစ္စည်းများနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ပစ္စည်းများ ထောက်ပံ့ပေး အပ်ရေးစီမံကိန်းအတွက် (ဂျပန်ယန်း ၄၄၄ သန်းအထိ)ဖြစ်ပြီး စီမံကိန်းသည် ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ကျေးရွာများ၏အခြေခံအဆောက်အအုံမြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည့်စက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး လယ်ယာစိုက်ပျိုးရေးထုတ်လုပ်မှုနှုန်းနှင့် ကျေးလက်ဒေသနေပြည်သူများ ၏ လူနေမှုအဆင့်အတန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်းသိရသည်။ အဆိုပါစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲသို့ ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးသောင်းထွန်းလည်း တက် ရောက်ခဲ့ပါသည်။ 

AA

#democracytoday

Rate this item
(0 votes)
back to top