HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွင် ဘာသာရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများရှိဟုဆို

အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွင် ဘာသာရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများရှိဟုဆို

ရန်ကုန်၊ ဧပြီ ၁ဝ

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးတွင် ဘာသာရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များ ကူးလူးဆက်ဆံကူညီ ခြင်းများရှိပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ပုဂံအာနန္ဒာဘုရား ပြုပြင်မွမ်းမံရေးတွင်လည်း အိန္ဒိယမှဆောင်ရွက်ပေးခဲ့ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းကပြောသည်။ အဆိုပါပြောကြားချက်ကို ဧပြီ ၉ ရက်တွင် ဆူးလေရှန်ဂရီ လာဟိုတယ်၌ အိန္ဒိယသံရုံးမှ ပြုလုပ်သော အိန္ဒိယနိုင်ငံအစိုးရ၏ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေး ကောင်စီ (ICCR) တည်ထောင်သည့်နေ့အခမ်းအနားတွင် မီဒီယာများအား ပြောကြားခဲ့သည်။

''အိန္ဒိယ-မြန်မာချစ်ကြည်ရင်းနှီးမှုကို ဘာသာရေးမှာရော၊ စီးပွားရေးမှာရော ဒီလိုပဲဆက် သွယ်ပြီးတော့ဆောင်ရွက်နေတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာအနီးစပ်ဆုံးအိန္ဒိယနိုင်ငံက ဘာသာရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေလည်းပဲကူးလူးဆက်ဆံကူညီနေတာရှိပါတယ်။ ကျွန်တော်တို့ ပုဂံမှာဆိုရင် ကြားတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ ဖြစ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ ဘုရားတွေ အာနန္ဒာဘုရားလိုမျိုးမှာလည်းပဲ အိန္ဒိယနိုင်ငံကလည်း ပြန်လည်ပြုပြင်မွမ်းမံမှုတွေ တွေ့ ရမှာဖြစ်ပါတယ်။ ဒါကိုကြည့်လို့ ရှိရင်ဘာသာရေးမှာလည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရှိတယ်လို့ တွေ့ ရမှာဖြစ်ပါတယ်''ဟု ဒုတိယဝန် ကြီးဦးကြည်မင်းကပြောသည်။


ပုဂံအာနန္ဒာစေတီတော်ကြီး အားပြန်လည်ထိန်းသိမ်းပြုပြင် ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် စေတီတော်ကြီး၏အ ဆောက်အအုံပိုင်းဆိုင်ရာကို ရေရှည်တည်တံ့ရန် ထိန်းသိမ်းခြင်းနှင့်ဓာတုဗေဒနည်းဖြင့် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာများကိုပါ ဝင်ဆောင်ရွက်ခဲ့ကြောင်း ဧပြီ ၈ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ထုတ်ပြန်ထား ကြောင်းသိရသည်။ ယင်းအပြင် ကမ္ဘာအေးစေ တီတော်ကြီးသည် အိန္ဒိယ- မြန်မာ ချစ်ကြည်ရေးအတွက် အရေးပါ သောသမိုင်းဝင်စေတီတော်တစ် ဆူဖြစ်ကြောင်း သိရသည်။


''ကမ္ဘာအေးစေတီတော်ကြီးက အိန္ဒိယ- မြန်မာချစ်ကြည်ရေးအတွက် အရေးပါတဲ့သမိုင်းဝင် စေတီတော်ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E Shri Saurabh Kumar  က အခမ်းအနားတွင်ပြောသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ်ဦးနုလက်ထက်တွင် ကမ္ဘာအေးစေတီတော်ကြီးအတွက် အိန္ဒိယနိုင်ငံမှ ဓာတ်တော်၊ မွေ တော်များကိုဌာပနာနိုင်ရန် ဝန်ကြီးချုပ်ဦးနုအား လှူဒါန်းခဲ့ဖူးကြောင်း သိရသည်။

သူသူထက်လွင်၊ အင်ကြင်းဖြိုး

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top