HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

Vietjet ​လေ​ကြောင်းလိုင်းမှ ဘာလီကျွန်းသို့ခရီးစဉ်အသစ် တိုးချဲ့​​ပြေးဆွဲသည့် အထိမ်းအမှတ်အနေဖြင့် လေယာဉ်လက်မှတ် အစောင်ရေ ၁သန်းအား “သုည”ကျပ်မှ စတင် ရောင်းချပေးမည်

Vietjet ​လေ​ကြောင်းလိုင်းမှ ဘာလီကျွန်းသို့ခရီးစဉ်အသစ် တိုးချဲ့​​ပြေးဆွဲသည့် အထိမ်းအမှတ်အနေဖြင့် လေယာဉ်လက်မှတ် အစောင်ရေ ၁သန်းအား “သုည”ကျပ်မှ စတင် ရောင်းချပေးမည်

Vietjet လေကြောင်းလိုင်းသည် ဟိုချီမင်းမြို့တော်မှ ဘာလီကျွန်း(အင်ဒိုနီးရှား)သို့ ပထမဆုံးလေကြောင်းလိုင်းအဖြစ် ပျံသန်းသော ခရီးစဉ်သစ်တစ်ခုအား စတင်မိတ်ဆက်လိုက်သည်။

လမ်းကြောင်းအသစ် အထိမ်းအမှတ်အနေဖြင့် Vietjet လေကြောင်းလိုင်းသည် လေယာဉ်လက်မှတ် အစောင်ရေပေါင်း ၁၄သိန်း၅သောင်းကို အထူးလျော့ဈေးနှုန်းဖြစ်သည့် သုည ကျပ်ဖြင့် (အခွန် နှင့် အခြားပေးဆောင်မည့်အခများ မပါဝင်ဘဲ) ရန်ကုန်-ဟနွိုင်းလမ်းကြောင်း အပါအဝင် ပြည်တွင်းပြည်ပ ခရီးစဉ်များအားလုံးအတွက် ဧပြီ ၁၇ ရက်မှ ၁၉ရက်ထိ ၃ ရက်ကြာ နေ့လည် ၁၁ နာရီခွဲမှ ၁ နာရီခွဲအတွင်း (မြန်မာစံတော်ချိန်)ရောင်းချပေးသွားမည် ဖြစ်ပါသည်။

အင်ဒိုနီးရှားနိုင်ငံနှင့် အာရှတွင် ခရီးသွားများ နှစ်သက်သော ဘာလီကျွန်းကို “နတ်ဘုရားများ၏ကျွန်း”၊ “အပူပိုင်း နတ်ဘုံနတ်နန်း”၊ “ကမ္ဘာ့အရုဏ်ဦး” ဟု နာမည် အမျိုးမျိုးဖြင့်တင်စားခေါ်ဆိုကြပါသည်။ ကမ္ဘာ့တစ်ဝှမ်းတွင် ခရီးသွားအများဆုံးကျွန်းအဖြစ် သတ်မှတ်ခံရသော ဘာလီကျွန်းသည် အံသြစရာကောင်းသော သဘာဝအလှတရားများကို ဒေသခံယဉ်ကျေးမှု၊ အနုပညာများ၊ ဘာသာရေးအနှစ်သာရများဖြင့် ပေါင်းစပ်ထားသော နေရာဖြစ်သည်။ ခရီးသွားဧည့်သည်များအနေဖြင့် ဦးပွတ်နန်းတော်အား သွားရောက်လည်ပတ်ပြီး ကြီးမားသော ပရာတန် (Bratan lake) ရေကန်ရှိသည့် နာမည်ကျော်ကြားသော ပီဒူကြော်မို့ (Bedugul) ကိုထပ်မံလေ့လာနိုင်ယုံသာမက ပင်လယ်ရေအောက်ရှိ အလှအပများကို ရေငုပ်ကြည့်ရှုခြင်း သို့မဟုတ် အဆုံးအစမဲ့ လှေကားထစ်စပါးခင်းများထံသို့လည်း သွားရောက်လည်ပတ်ခြင်းတို့ကို ပြုလုပ်နိုင်ကြပါသည်။

ယဉ်ကျေးမှု နှစ်ပေါင်းထောင်ချီတည်ရှိသော ဗိယက်နမ်နိုင်ငံသည် ကမ္ဘာ့ခရီးသွားများအတွက် အကြိုက်နှစ်သက်ဆုံသော လည်ပတ်စရာနေရာဖြစ်ပါသည်။ ဟနွိုင်းမြို့တော်သည် ရှေ့ဟောင်းယဉ်ကျေးမှုကို ကိုယ်စားပြုပြီး၊ ဟူး (Hue)က အိပ်မက်ကဲ့သို့လှပသော ရှေ့ဟောင်းမြို့ဖြစ်ပြီး၊ ဒါးနန်းနှင့် ကွာပင်တို့ကလည်း အံသြဖွယ်ရာကောင်းသောနေရာဖြစ်ပြီး၊ ဟိုချီမင်းမြို့ကလည်း ဗီယက်နမ်နိုင်ငံ၏ စီးပွားရေး နှင့် ဘဏ္ဍာရေးလုပ်ငန်းများအတွက် အဓိကအချက်အချာကျပြီး ခေတ်မီတိုးတက်သော ခရီးသွား နေရာလည်းဖြစ်ပါသည်။ ယဉ်ကျေးမှုအများဆုံး ပြောင်းလဲသောခေတ်နှင့်အတူ လက်ကျန်ရှိနေသော ထူးခြားလက္ခဏာများက အင်္ဂလိပ်အက္ခရာ အက်စ်ပုံသဏ္ဍာန်ရှိနိုင်ငံ၏ ပုံရိပ်နှင့်အလှအပကိုဖန်တီးထားပါသည်။

စုံစမ်းမေးမြန်းမှုများအတွက် call center ဖုန်းနံပါတ် 09 789 323 828 သို့လည်းကောင်း၊ ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီ ၊ စနေနေ့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ ကြား ရုံးချိန်အတွင်း အခန်း (၀၁-၀၆)၊ ပထမထပ်၊ Yuzana Business Tower ၊ အမှတ် (၂၅)၊ ဓမ္မစေတီလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်ရှိ ရုံးခန်းသို့လည်းကောင်း ဆက်သွယ်နိုင်ပါသည်။

Eureka Myanmar

Rate this item
(0 votes)
YMG

back to top