HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အီရန်ရေနံတင်သွင်းမှု ပိတ်ဆို့မှု သက်သာခွင့်ကို အမေရိကန် ရပ်ဆိုင်းလိုက်၍ ရေနံဈေးနှုန်း နှစ်ရာခိုင်နှုန်း ခုန်တက်

အီရန်ရေနံတင်သွင်းမှု ပိတ်ဆို့မှု သက်သာခွင့်ကို အမေရိကန် ရပ်ဆိုင်းလိုက်၍ ရေနံဈေးနှုန်း နှစ်ရာခိုင်နှုန်း ခုန်တက်

စင်ကာပူ၊ ဧပြီ ၂၂

၂ဝ၁၈ နိုဝင်ဘာလမှစ၍ ရေနံဈေးနှုန်းမှာ မကြုံစဖူး နှစ်ရာ ခိုင်နှုန်းခုန်တက်ခဲ့ကြောင်း ရိုက်တာသတင်းက တနင်္လာနေ့၌ ဖော် ပြလိုက်သည်။ အမေရိကန်ပြည် ထောင်စုက အီရန်ရေနံတင်သွင်းမှုများကို အားလုံးရပ်ဆိုင်းကြရန်နှင့် မရပ်ဆိုင်းပါက အရေးယူခြင်းခံရမည်ဟု ကြေညာခဲ့၍ဖြစ်သည်။ ဘရင့်ရေနံ ၂ဝ၁၈ နိုဝင်ဘာလ ကြိုတင်အရောင်းမှာ တနင်္လာ နေ့က တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၇၃ ဒသမ ၇၇ ပေါက်ခဲ့ပြီး၊ နောက်ဆုံးဈေးပိတ်ချိန်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်းဈေးတက်ခဲ့သည်။

အနောက်တက္ကဆက်အလယ် အလတ်ရေနံ ၂ဝ၁၈ နိုဝင်ဘာကြို တင်ရောင်းဈေးမှာ နောက်ဆုံးဈေး ပိတ်ချိန်ကထက် ၂ ဒသမ ၂ ရာ ခိုင်နှုန်း ဈေးတက်ကာ တစ်စည်လျှင် ၆၅ ဒသမ ၃၉ ဒေါ်လာဈေး ပေါက်ခဲ့သည်။ အမေရိကန်က အီရန်ထံမှ ရေနံဝယ်ယူထားသူများအား မကြာမီရပ်တန့်ကြရန် သတိပေးကြေ ညာချက်ကို ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်မည်ဟု သတင်းထွက်နေခဲ့သည်။ မရပ်တန့်ပါက အမေရိ ကန်၏ ပိတ်ဆို့အရေးယူခြင်းကို ခံရမည်ဟုဆိုသည်။ ဤသတင်းအား တနင်္ဂနွေနေ့ထုတ် ဝါရှင်တန်ပို့စ် သတင်းစာတွင် ပေါ်လစီနှင့် အမျိုးသားလုံခြုံရေးရာကော်လံစား ရေးသားသူ ဂျွန်ရော်ဂင်ကရေးသားလိုက်သည်။


ဤအစီရင်ခံစာမှာ မှန်ကန် ကြောင်း၊ ဤကိစ္စနှင့်ဆက်စပ်သည့် ပုဂ္ဂိုလ်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ သမ္မတဒေါ်နယ်ထရန့်က ၂ဝ၁၅ အီရန်နျူကလီးယား စာချုပ်မှနုတ်ထွက်ပြီးနောက်၊ အမေရိကန်က နိုဝင်ဘာလတွင် အီရန် ရေနံတင်ပို့မှုကို ပိတ်ဆို့အရေးယူခဲ့သည်။ အီရန်နျူကလီးယားစာချုပ်ကို ၂ဝ၁၅ ခုနှစ်က ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ အမေရိကန်က အီရန်ထံမှ ရေနံဝယ်ယူသော ရှစ်နိုင်ငံအများစု အာရှနိုင်ငံများအား ပိတ်ဆို့အ ရေးယူမှုမပြုဘဲ အီရန်ထံမှ ရေနံ ကို အကန့်အသတ်ဖြင့် တစ်နှစ်ခွဲ ဝယ်ယူရန် ခွင့်ပြုထားခဲ့သည်။


ကန့်သတ်ခွင့်ပြုမှု ကုန်ဆုံးသွားခဲ့ရာ အာရှဝယ်လက်များကို များစွာထိခိုက်စေရသည်ဟုဆိုသည်။ အီရန်၏အဓိကရေနံဝယ်ယူ သော နိုင်ငံများမှာ တရုတ်နှင့် အိန္ဒိယတို့ဖြစ်ကြသည်။ ယင်းနှစ် နိုင်ငံက အရေးယူမှုရပ်ဆိုင်းထားရန် ကြိုးစားလျက်ရှိကြသည်။

Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top