HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အစိုးရ၏ တတိယ တစ်နှစ်တာအတွင်း ကျပ်သန်း တစ်သောင်းကျော် လူမှုဖူလုံရေး အာမခံ လုပ်သားများသို့ ပေးအပ်ခဲ့

အစိုးရ၏ တတိယ တစ်နှစ်တာအတွင်း  ကျပ်သန်း တစ်သောင်းကျော် လူမှုဖူလုံရေး  အာမခံ လုပ်သားများသို့ ပေးအပ်ခဲ့

ရန်ကုန်၊ ဧပြီ ၂၂

အစိုးရ၏တတိယတစ်နှစ်တာအတွင်း လူမှုဖူလုံရေးအဖွဲ့မှ အမှုတွဲပေါင်း နှစ်သိန်းကျော်အတွက် ငွေကြေးအကျိုးခံစားခွင့်အဖြစ် ကျပ် ၁ဝ၇ဝ၉ ဒသမ ၁ဝ၅ သန်းကို အာမခံလုပ်သားများထံသို့ ထုတ်ပေးခဲ့ကြောင်းသိရသည်။  ယင်းအပြင် တတိယတစ်နှစ်တာအတွင်း၌ပင် အကျုံးဝင် အလုပ်ဌာန ၃၂၁၁၉ ဌာနရှိ အကျုံးဝင် အာမခံလုပ်သား ၁၂၃၉၂၂၉ ဦးအတွက် ငွေကျပ် ၄၉၁ ဒသမ ၂၄၅ သန်းကို ဆေးကုသမှုကုန် ကျစရိတ် ပြန်လည်ထုတ်ပေးနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဧပြီ ၂၂ ရက်က သိရသည်။

''ဒီအကျိုးခံစားခွင့် ငွေကြေးတွေကို ဥပဒေနဲ့အညီထုတ်ပေး နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လူမှုဖူလုံရေးအာမခံရယူထားတဲ့ အကျုံးဝင်အလုပ်သမားတိုင်း အခွင့်အရေးတွေ ပြည့်ပြည့်ဝဝရရှိဖို့အတွက် လူမှုဖူလုံရေးရဲ့ ကျင့်သုံးနေတဲ့အဆင့်တွေ လုပ်ငန်းတွေကို ပိုပြီးပြည့်စုံအောင်ဆောင်ရွက်နိုင်ဖို့ IT Reform လို့ခေါ်တဲ့ IT နည်းပညာစနစ်ကို ပြုပြင်ပြောင်းလဲကျင့်သုံးနေပါတယ်'' ဟု အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။


လူမှုဖူလုံရေးအဖွဲ့သို့ အာမခံထားရှိသည့် လုပ်သားများသည် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှပင် အာမခံထားသူဦးရေသည် လစဉ်နှစ်သောင်းခွဲကျော်တိုး လျက်ရှိသည်။  ''အလုပ်သမားတွေအတွက် အကျိုးခံစားခွင့်ငွေကို ဝန်ကြီး ပြောသလိုထုတ်ပေးပါတယ်။ ဒါပေမဲ့ ရဖို့အချိန်တော့ အတော် လေးကြာတယ်။ အဲ့ဒီလိုပဲ ဖူလုံရေးဆေးခန်းတွေမှာ ဆရာဝန် လုံလုံ လောက်လောက် မတွေ့ရသေးဘူး။ လိုအပ်ချက်တွေအများကြီး ရှိနေတုန်းပဲ''ဟု လူမှုဖူလုံရေးအာမခံလုပ်သား မလွင်လွင်ဦးက ပြောသည်။

ZCH

#democracytoday

Rate this item
(0 votes)
back to top