HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အိုင်ဗရီကို့စ်တွင် မြန်မာဆန် ဖျက်ဆီးခံရခြင်းမှာ ငွေကြေး မရှုံးသော်လည်း ကုန်ပစ္စည်းနာမည်ပျက်ဟု ပြည်ထောင်စုဝန်ကြီး ဆို

အိုင်ဗရီကို့စ်တွင် မြန်မာဆန် ဖျက်ဆီးခံရခြင်းမှာ ငွေကြေး မရှုံးသော်လည်း ကုန်ပစ္စည်းနာမည်ပျက်ဟု ပြည်ထောင်စုဝန်ကြီး ဆို

နေပြည်တော်၊ ဧပြီ ၂၃

အိုင်ဗရီ ကို့စ်တွင် မြန်မာဆန် ဖျက်ဆီးခံရ ခြင်းမှာ ငွေကြေးဆုံးရှုံးမှုမဖြစ် ပေါ်သော်လည်း မိမိတို့ကုန်ပစ္စည်း နာမည်ပျက်ရကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။ ဧပြီ ၂၃ ရက် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအစည်းအဝေးတွင်ကျင်းပသည့် နိုင်ငံတကာဈေးကွက်များ၌ ခိုင်မာသည့်ဈေးကွက် တည် ဆောက်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသည့်ဆန်များ တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အားနည်းချက်များကို စိစစ်လေ့လာကာ နောင်မဖြစ်ပေါ်စေရေး အတွက် သင်ခန်းစာယူရမည်ဟုလည်း ၎င်းက ပြောသည်။ ''အားနည်းချက်တွေကို ရှာ ဖွေလို့ရတယ်။ အဲဒီလိုအားနည်း ချက်ကို နောင်မှာမဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ငွေကြေးဆုံးရှုံးမှုက မဖြစ်သော်လည်း ဒီပစ္စည်းက ကျွန် တော်တို့ပစ္စည်းဆိုတော့ ကျွန်တော်တို့က ကိုယ့်ပစ္စည်းအပေါ်မှာ ဒီလို ဖြစ်တာကတော့ အဆုံးစွန်ဆုံးပြော ရမယ်ဆိုရင် နာမည်ပျက်တဲ့သဘော ပေါ့လေ''ဟု ၎င်းက ပြောသည်။ ယင်းဖြစ်စဉ်ကို ဆန်တင်ပို့သည့် ကုမ္ပဏီနှင့် ဝယ်ယူသည့်ကုမ္ပဏီများ ပူးပေါင်းဖြေရှင်းကြရန် ပြည် ထောင်စုဝန်ကြီးက ပြောသည်။


တင်ပို့ခဲ့သော မြန်မာကုမ္ပဏီများသည် ပြည်ပသို့ ဆန်အများဆုံး တင်ပို့နေသောကုမ္ပဏီကြီးများဖြစ် ပြီး ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း အာဖရိကဈေးကွက်သို့ သင်္ဘော ၁၄ စင်း၊ အခြားနိုင်ငံများသို့ သုံးစင်း စုစုပေါင်း ၁၇ စင်း ဆက်တိုက်ဆန်တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။ ''စားသုံးရန်မသင့်ဆိုတဲ့စာ ကြောင်းလေးဟာ ဆန်စပါးလောက တစ်ခုလုံးကို ဂယက်ရိုက်စေပါတယ်။ တကယ်တော့ တင်ပို့လိုက်တဲ့ဆန် မနှစ်ကဆန်တန်ချိန်သုံးသန်း ကျော်၊ ဒီနှစ်တန်ချိန်နှစ်သန်းကျော် တင်ပို့လိုက်တဲ့အထဲမှာမှ ဒီဆန် လေးဟာ စားသုံးရန်မသင့်ဆိုတာ မြန်မာနိုင်ငံဆန်အကုန်လုံးကို ကိုယ်စားပြုသလားဆိုတာက စားသုံးသူ တွေအတွက်မှာ တွေဝေသွားစေပါတယ်။ အထူးသဖြင့် အာဖရိကတိုက်မှာရှိတဲ့ မြန်မာဆန်စားနေတဲ့ စားသုံးသူတွေနဲ့ မြန်မာနိုင်ငံအတွင်း စားသုံးနေသူတွေရဲ့ တွေဝေမှုတွေ ဖြစ်လာမယ်၊ နိုင်ငံခြားပို့တဲ့ဆန် တွေတောင် စားသုံးရန်မသင့်ဘူး ဆိုရင် ပြည်တွင်းမှာစားနေတဲ့ဆန် တွေရော စားလို့ရသလားဆိုတဲ့မေး ခွန်းတွေ ကြားလာရပါတယ်''ဟု ၎င်းက ပြောသည်။


နိုင်ငံခြားသို့ မကောင်းသည့် ဆန်များ တင်ပို့နေခြင်းမဟုတ်ဘဲ ဈေးနှုန်းနှင့်အညီသင့်တော်သည့် ဆန်ကိုသာ တင်ပို့နေခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ဆန် အရောင်းအဝယ်ဈေးကွက်ကို ထိခိုက်ခြင်းမရှိဘဲ သင်္ဘောတင်ပို့မှု နောက်ဆုတ်ရခြင်း၊ သင်္ဘောပယ် ဖျက်ခြင်းမျိုး မရှိသေးကြောင်း အောင်နိုင်သစ္စာ ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင် ဇော်ဦးက ပြောသည်။ ''အိုင်ဗရီကို့စ်နိုင်ငံကိုတင်ပို့တဲ့ မြန်မာ့ဆန်အားလုံး တန်ချိန်စုစု ပေါင်း ၂၂ဝဝဝ မှာ တန်ချိန် ၄ဝဝဝ က သဘောင်္ပေါ်က ချပြီးသွားပြီ။ ဖျက်ဆီးတယ်လို့သတ်မှတ်တဲ့ဆန် တန်ချိန်က ၁၈ဝဝဝ ဖြစ်ပါတယ်။ ဖြစ်စဉ်အဓိကအကြောင်းရင်းက ဘာလဲဆိုတာ စုံစမ်းဖော်ထုတ်နေ တယ်''ဟု ၎င်းက ပြောသည်။

MO

#democracytoday

Rate this item
(0 votes)
back to top