HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေး လာမည့်ဘဏ္ဍာနှစ်တွင် စတင်ဖော်ဆောင်မည်

ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေး လာမည့်ဘဏ္ဍာနှစ်တွင် စတင်ဖော်ဆောင်မည်

ရန်ကုန်၊ မေ ၁၃

ကိုယ်ပိုင် ဂြိုဟ်တုလွှတ်တင်နိုင်ရေးကို လာမည့်ဘဏ္ဍာနှစ်တွင် စတင်ဖော်ဆောင်မည်ဟု သိရသည်။ မေ ၁၂ ရက်၊ပြန်ကြားရေးဝန် ကြီးဌာနတွင်ပြုလုပ်သည့် နိုင်ငံ တော်အစိုးရ၏ ပြည်သူ့အတွက်တ တိယနှစ်တာကာလအတွင်း ဆောင် ရွက်ခဲ့မှုများနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် အမြဲ တမ်းအတွင်းဝန်က အထက်ပါအ တိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဂြိုဟ်တုစနစ်၏တတိယအဆင့်ဖြစ်သော ကိုယ်ပိုင် ဂြိုဟ်တု (EOS) လွှတ်တင်နိုင်ရေး အတွက် ဂျပန်နိုင်ငံ ဟော်ကိုင်းဒိုး တက္ကသိုလ်၊ မြန်မာ့လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တို့ပူး ပေါင်းဆွေးနွေးခဲ့ပြီး၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် စတင်အကောင်အ ထည်ဖော်နိုင်ရန် စီစဉ်နေခြင်းဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်ဦးဝင်းခန့်က ပြောသည်။  ''လာမယ့် ၂ဝ၁၉-၂ဝ၂ဝ လောက်ဆိုရင် အကောင်အထည် ဖော်နိုင်မယ်လို့ယူဆပါတယ်''ဟု ၎င်းကပြောသည်။


မြန်မာဂြိုဟ်တုစနစ် တည်ထောင်ရေး ပထမအဆင့် Cond-osate စနစ်အတွက် Myanmar Sat 1 Condosate  ဂြိုဟ်တုကို Intelsat satellite Operator  ထံမှ ဂြိုဟ်တုချန်နယ် ၃၆ဝ မဂ္ဂါဟတ်ဇ်အား ၂ဝ၁၆ ခုနှစ် မေ ၂၇ ရက်ကစ၍ ငါးနှစ်စာချုပ်ချုပ်ဆို ငှားရမ်း ခဲ့ကြောင်း သိရသည်။


ဒုတိယအဆင့် အချိုးကျပိုင်ဆိုင်မှုစနစ်ဆောင်ရွက်ရန်အတွက် Intelsat satellite Operator မှ ၂ဝ၁၉ ခုနှစ် သြဂုတ်တွင်လွှတ်တင် မည့်ဂြိုဟ်တု၌ IRU (Indefeasible Right of Use) ရင်းနှီးမြှုပ် နှံမှုထည့်ဝင်၍ Myanmar Sat 2 Condo-sate အဖြစ်ပါဝင်ကာ ဂြိုဟ်တုချန်နယ် ၈၆၄ မဂ္ဂါဟတ်ဇ်ကို ယခုနှစ် နိုဝင်ဘာလမှ ဂြိုဟ်တု သက်တမ်းကုန်သည်အထိ ၁၅နှစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


၂ဝ၁၆ခုနှစ် လူဦးရေ ၅၁ဒသမ ၄၈သန်းတွင် တယ်လီဖုန်းသိပ် သည်းဆ ၈၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ လူဦးရေ ၅၄ ဒသမ ဝ၇၄သန်းတွင် တယ်လီဖုန်းသိပ်သည်းဆ ၉၉ ဒသမ ၅၇ ရာခိုင်နှုန်းအထိ တိုးတက်လာပြီဖြစ်ကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ဆက်သွယ်ရေးတာဝါတိုင် တစ်သောင်းခန့်ရှိခဲ့သော်လည်း ယခုအခါ နှစ်ဆကျော်အထိ တိုးချဲ့ တည်ဆောက်နိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၏စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူမှာ ၂ဝ၁၆ခုနှစ်က လူဦးရေ ၅၅ ဒသမ ၄၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ ၈၂ ဒသမ ၅၆ ရာခိုင်နှုန်းထိတိုးလာကြောင်း သိရသည်။

MO(NPT)

#democracytoday

Rate this item
(0 votes)
back to top