HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အစိုးရ ခွင့်ပြုချက်မရဘဲ ဖရဲစိုက်ခင်းများ နိုင်ငံခြား လုပ်ငန်းရှင်များ ငှားရမ်းမှု မရှိစေရေး ကြပ်မတ်သွားမည်

အစိုးရ ခွင့်ပြုချက်မရဘဲ ဖရဲစိုက်ခင်းများ နိုင်ငံခြား လုပ်ငန်းရှင်များ ငှားရမ်းမှု မရှိစေရေး ကြပ်မတ်သွားမည်

မုံရွာ၊ မေ ၁၃

စစ်ကိုင်းတိုင်းဒေ သကြီးအတွင်း ဖရဲသီးစိုက်ခင်းများ အား လယ်ယာမြေ လုပ်ပိုင်ခွင့်ရသူများမှ နိုင်ငံတော်အစိုးရ၏ ခွင့် ပြုချက်မရှိဘဲ မည်သည့်နိုင်ငံခြားသားပါဝင်သည့်အဖွဲ့အစည်းကိုမျှ ငှားရမ်းခြင်းမပြုစေရေး လာမည့် စိုက်ပျိုးရေးရာသီမှစ၍ ကြပ်မတ် သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။ မြို့နယ်အများစုတွင် မြေနု ကျွန်းဥပဒေနှင့်အညီ လုပ်ကိုင်ခြင်း မပြုဘဲ တရုတ်စီးပွားရေးလုပ်ငန်း ရှင်များအား တစ်ဖက်လှည့်ဖြင့် ငှား ရမ်းဆောင်ရွက်နေသည့် ကိစ္စများကို ကာကွယ်ရန် မည်သို့ဆောင် ရွက်မည်ကိုသိလိုကြောင်း မေ ၁၃ ရက်က ကျင်းပသော (၁၈ )ကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသ ကြီးလွှတ်တော် ၁၂ ရက်မြောက်တွင် ကန့်ဘလူ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်သူဟန် ထွန်းက မေးမြန်းစဉ် ဝန်ကြီးက ယင်းကဲ့သို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

''ဖရဲစိုက်ခင်းတွေက လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို တင်ပြ ပြီးငှားတာမဟုတ်ဘဲ တောင်သူတွေ က မိမိသဘောနဲ့ ငှားနေကြတာပါ။ မြေနုကျွန်းတွေကို တရားမဝင် ငှားရမ်းတာ မပြုရေးကြပ်မတ်သွားမယ်''ဟု ဦးကမ်ဇာမုံက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖရဲသီးနှင့် သခွားသီးကို မြို့နယ် ၁၇ မြို့နယ်တွင် စိုက်ပျိုးကြပြီး အများစုမှာ တရုတ်လုပ်ငန်းရှင်များ မှ မြေငှား၍ လာရောက်စိုက်ပျိုး ကြခြင်းဖြစ်သည်။ ''တရုတ်ကိုငှားရင် မြေငှားခ ရပေမယ့် ဘယ်နည်းပညာ၊ ဓာတု ဆေးဝါးကို သုံးတာမသိရလို့ မြေ ဆီလွှာဆုံးရှုံးပြီး ဘေးထွက်ဆိုးကျိုး တွေကြီးမားတယ်။ ဒေသခံအတွက် အလုပ်အကိုင်မရဘူး။ ရတဲ့သူတွေက လည်း ခေါင်းပုံဖြတ် အမြတ်ထုတ် ခံရတဲ့ ပြဿနာတွေဖြစ်နေတာ''ဟု ဒေါက်တာကျော်သူဟန်ထွန်း က ထောက်ပြပြောကြားသည်။


တရုတ်လုပ်ငန်းရှင်များမှ မြေ ငှားရာတွင် ၎င်းတို့အမည်ဖြင့်မငှားဘဲ မြန်မာလုပ်ငန်းရှင်များအမည် ခံကာ နောက်ကွယ်မှ စိုက်ပျိုးရေး ပညာရှင်အဖြစ် လာရောက်နေထိုင်ကာ လုပ်ကိုင်နေခြင်းမျာလည်း ရှိ ကြောင်း၊ ဖရဲစိုက်ခင်းများမှ နိုင်ငံ ခြားသားပညာရှင်များကို ဝင်ငွေ ခွန်ကောက်ခံမည်ကို စစ်ကိုင်းတိုင်း ဒေသကြီးအခွန်ဦးစီးဌာနမှ ယမန် နှစ်ရာသီက ပြောကြားထားကြောင်း သိရသည်။

KTS

#democracytoday

Rate this item
(0 votes)
back to top