HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အမျိုးသမီး လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန် လုပ်ငန်းများကို ပံ့ပိုးပေးမည့် စီးပွားရေး ပတ်ဝန်းကျင် ဖန်တီးပေးရန် လိုအပ်ဟုဆို

အမျိုးသမီး လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန် လုပ်ငန်းများကို ပံ့ပိုးပေးမည့် စီးပွားရေး ပတ်ဝန်းကျင် ဖန်တီးပေးရန် လိုအပ်ဟုဆို

ရန်ကုန်၊ မေ ၁၃

အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၊ အမျိုးသမီး အသေးစား၊ အလတ်စားလုပ်ငန်း ရှင်များပေါ်ထွန်းလာစေရန် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးရန်နှင့် အမျိုးသမီးများကို လုပ်ငန်းစတင် လုပ်နိုင်အောင် ပံ့ပိုးကူညီပေးသော စီးပွားရေးပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးရန်လိုအပ်ကြောင်း သိရသည်။ မေ၁၃ရက်တွင် ဆီဒိုးနားဟိုတယ်၌ကျင်းပသော မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏ (၂၄)ကြိမ်မြောက်နှစ်ပတ် လည်အထွေထွေအစည်းအဝေးပွဲမှ သိရခြင်းဖြစ်သည်။

''ဥပမာ- ကိုယ်ပိုင်စီးပွားရေး လုပ်နေတဲ့အမျိုးသမီးတွေ နည်းနေ တယ်ပေါ့။ ဝန်ထမ်းအမျိုးသမီးတွေ က များနေတယ်လို့ဆိုကြပါစို့။ သူ ကိုယ်တိုင်ဦးဆောင်လုပ်နိုင်ဖို့ အမျိုး သမီးတွေကိုစတင်ပြီး လုပ်ငန်းလုပ် ဆောင်နိုင်အောင် ပံ့ပိုးကူညီပေးတဲ့ စီးပွားရေးပတ်ဝန်းကျင်ဖြစ်အောင် လုပ်ပေးဖို့လိုပါတယ်။ အခုကျွန်မ တို့ အသေးစားချေးငွေတွေထုတ်ပေး နေသလိုမျိုးပဲပေါ့။ အသေးစားချေး ငွေမှာပဲ အမျိုးသမီးတိုးတက်ရေး၊ လူငယ်တိုးတက်ရေးဆိုတဲ့ အခန်း ကဏ္ဍတစ်ခုကိုထားပြီးတော့ အမျိုး သမီး လုပ်ငန်းစလုပ်ချင်တဲ့သူတွေ ကို ပိုပြီးတော့ သူတို့လမ်းကြောင်း မှန်မြန်မြန်ရောက်နိုင်အောင် ပံ့ပိုး ကူညီမှုတွေကို အခန်းကဏ္ဍမျိုးစုံတွေ ကို ပါဝင်ကူညီပြီးလုပ်ပေးမယ်ဆို ရင် နောင်တစ်ချိန်မှာလည်း အမျိုး သမီး အသေးစားလုပ်ငန်းရှင်တွေ ကို ပေါ်ပေါ်လာမှာဖြစ်ပါတယ်''ဟု မြန်မာအမျိုးသမီးစီးပွားရေး စွမ်း ဆောင်ရှင်များအသင်း (MWEA) ၏ဒုဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဒေါ်နှင်းဝေက ဒီမိုကရေစီတူဒေးသို့ ပြောသည်။


လက်ရှိအချိန်တွင် MWEA အသင်းအနေဖြင့် ကျေးလက်အမျိုး သမီးများကို နှစ်စဉ်အသေးစားချေး ငွေများထုတ်ပေးလျက်ရှိပြီး ကျေး လက်အမျိုးသမီး၃ဝဝအား လုပ်ငန်း ဝင်ငွေတိုးရန် ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။ အမျိုးသမီးများ ဝန်ထမ်းဘဝ မှ ကိုယ်ပိုင်စီးပွားရေးလုပ်တော့မည် ဆိုလျှင် မိမိလုပ်မည့်လုပ်ငန်းနှင့်သက် ဆိုင်သော လုပ်ငန်းအတွေ့အကြုံ များရှိထားရန်နှင့် ဈေးကွက်လိုအပ် ချက်များကို သိရန်လိုအပ်ကြောင်း သိရသည်။


MWEA ၏အကြံပေး စီးပွား ရေးလုပ်ငန်းရှင် ဒေါက်တာသက် သက်ခိုင်က ''အဓိကကတော့ စီးပွား ရေးတစ်ခုကို အောင်မြင်အောင်လုပ် ဖို့ဆိုရင် အမျိုးသမီးမှ မဟုတ်ဘူး။အမျိုးသမီးတွေရော အမျိုးသားတွေ ရော အဆင့်အမျိုးမျိုးဖြတ်သန်းရပါ တယ်။ နံပါတ်တစ်ပညာတတ်သင့် တယ်။ နံပါတ်နှစ်လုပ်ငန်းအတွေ့ အကြုံရှိသင့်တယ်။ လုပ်ငန်းအတွေ့ အကြုံဆိုတာက ကိုယ့်ကိုယ်ပိုင်လုပ် ငန်းဖြစ်စရာမလိုဘူး။ အခြားဆီမှာ အလုပ်သွားလုပ်ရင်း လုပ်ငန်းအတွေ့ အကြုံရှိပြီးတော့မှ လုပ်တာမျိုး။အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ဖို့ဆိုရင် အရည်အချင်းနဲ့အများ ကြီးဆိုင်တယ်။ အတွေ့အကြုံနဲ့ဆိုင် တယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့ဆိုရင် ရင်းနှီးမြုပ်နှံဖို့ငွေရှိဖို့လိုတယ်။ ကိုယ့် ကိုယ်ပိုင်ရှိတဲ့ငွေနဲ့ မလုံလောက်ရင် လည်း ကျွန်မတို့ဆွေနီးမျိုးစပ်ကနေ ငွေချေးတာမျိုး၊ အခုဆိုရင် အသေး စားချေးငွေလုပ်ငန်း၊ အသေးစား အလတ်စားလုပ်ငန်းတွေအတွက် ချေးငွေတွေကို အားကိုးဖို့လိုတာပေါ့။ ဒါပေမဲ့ ငွေတစ်ခုတည်းအားကိုးနေ လို့မရဘူး။ အရည်အချင်းလည်းအ ရေးကြီးတယ်။ Bussiness idea  ပေါ့နော်။ ကိုယ်ဘာ တကယ်လုပ် ချင်တာလဲ။ ကိုယ့်အိုင်ဒီယာက ဈေး ကွက်ရဲ့လိုအပ်ချက်ဖြစ်ရမယ်။ ဈေး ကွက်မှာ လိုအပ်တာပေးနိုင်ရင် စီးပွားရေးအဆင်ပြေနိုင်ပါတယ်''ဟု ပြောသည်။


အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတကာတွင် အမျိုးသမီးများအတွက် သီးသန့် ဘတ်ဂျက် Gender Responsive ဘတ်ဂျက်များကိုထုတ်ပေးပြီး အမျိုး သမီးများ၏လိုအပ်ချက်များကို ဖြည့် ဆည်းပေးကြောင်း သိရသည်။ ''အမျိုးသမီးတွေအတွက် ဥပ ဒေပြုမှုလို့ပြောလို့ရှိရင်တော့ နိုင်ငံ တကာမှာလုပ်နေတာက Gender Responsive ဘတ်ဂျက်ပေါ့။ အမျိုး သမီးနဲ့ အမျိုးသားခွဲပြီးတော့ အမျိုး သမီး လုပ်ငန်းရှင်ဘယ်လောက်လဲ၊ အမျိုးသားလုပ်ငန်းရှင် ဘယ်လောက် လဲ။ အမျိုးသမီးတွေဝင်ငွေ၊ အမျိုး သားတွေဝင်ငွေ ခွဲခြားပြီးသိနိုင်မယ့် စာရင်းဇယားတွေလိုတယ်။ အဲဒီစာ ရင်းဇယားတွေ အတိအကျသိတဲ့အ ခါကျမှ အမျိုးသမီးတွေဘာလိုနေ တာလဲဆိုတာကိုလည်း သိပြီးတဲ့အ ခါကျရင် အမျိုးသမီးတွေအတွက် သီးသန့်ဘတ်ဂျက်လိုမျိုး၊ အမျိုးသမီး တွေလိုအပ်ချက်အတွက် ဘတ်ဂျက် လိုမျိုးပေါ့။ ဒါတွေက တဖြည်းဖြည်း ချင်းသွားရတာရှင့်။ ရုတ်တရတ်တော့ ပြောင်းလဲဖို့ခက်တာပေါ့''ဟု ဒေါက် တာသက်သက်ခိုင်က ဆက်လက် ပြောသည်။

TTHL

#democracytoday

Rate this item
(0 votes)
back to top