HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဘဏ်အတိုးနှုန်းများကို ပြန်လည် သုံးသပ်ပေးရန် ဒုတိယသမ္မတထံ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တင်ပြမည်

ဘဏ်အတိုးနှုန်းများကို ပြန်လည် သုံးသပ်ပေးရန် ဒုတိယသမ္မတထံ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တင်ပြမည်

ရန်ကုန်၊ မေ ၁၄

ရေလုပ်ငန်းဖွံ့ ဖြိုးတိုးတက်မှုအား အဟန့်အတား ဖြစ်စေသည့် ဘဏ်အတိုးနှုန်းများကို ပြန်လည်သုံးသပ်ပေးရန်နိုင်ငံတော် ဒုတိယသမ္မတအား တင်ပြတောင်းဆို မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ လစဉ်ရန်ကုန်မြို့ရှိ ကုန်သည် စက်မှုအသင်းချုပ်၌ ကျင်းပပြုလုပ် သည့်နိုင်ငံတော်ဒုတိယသမ္မတဦး ဆောင်သော မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန် မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တင်ပြမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌဒေါက်တာတိုး နန္ဒာတင်က' SME ချေးငွေဆိုပြီး ဘဏ်တွေကချေးတဲ့အခါမှာ သိန်း ၁ဝဝဝ ချေးရင် သိန်း ၈ဝဝပဲ ထုတ် ပေးပါတယ်။ သိန်း၂ဝဝကို ဘဏ် တွေမှာပြန်ထားရတဲ့ သဘောမျိုး ဖြစ်နေတယ်။ သိန်း၈ဝဝအပေါ်မှာ သူတို့က အတိုး ၁၉ ရာခိုင်နှုန်းယူ ပြီးသိန်း ၂ဝဝ အပေါ်မှာ ၆ ရာခိုင် နှုန်းပဲပြန်ပေးတယ်။ သိန်း ၂ဝဝ အပေါ်မှာ ရှုံးမယ့်အတိုး ပြန်တွက် ရင်၂ဝ ရာခိုင်နှုန်းကျော်သွား တယ်။ ဗဟိုဘဏ်ရဲ့ ဥပဒေညွှန် ကြားချက်အရဆိုရင် အပေါင်မပါ ရင် ၁၆ ရာခိုင်နှုန်းထက်ပိုမယူရပါ ဘူး။ အခုသိန်း ၈ဝဝ အပေါ်မှာ ၁၉ ရာခိုင်နှုန်းယူပြီး သိန်း၂ဝဝ ထုတ်မ ပေးဘဲ ၆ ရာခိုင်နှုန်းအတိုးပေး တယ်ဆိုရင် အဲဒီအပေါ်မှာလည်း လုပ်ငန်းရှင်တွေက နစ်နာတယ်။ ဒါသည် SME ကိုဖွံ့ဖြိုးတိုးတက် အောင်လုပ်တဲ့နေရာမှာ ဘဏ်တွေ ကအဟန့်အတားဖြစ်တယ်လို့ သုံး သပ်ပါတယ်။ ငါးလုပ်ငန်းဖွံ့ဖြိုးမှု မှာ အဟန့်အတားတစ်ခုဖြစ်တယ် လို့ယူဆပါတယ်။ ဘဏ်တွေဘာ ကြောင့် ဒီလိုယူတယ်ဆိုတာကိုပြန် စိစစ်ပေးဖို့ တင်ပြသွားမှာ ဖြစ်ပါ တယ်''ဟု မေ ၁၄ရက်က မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပ ပြုလုပ်သည့် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေး နွေးပွဲတွင် ပြောသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် ပြည်တွင်းစီးပွားရေးလုပ်ငန်း များ ဘဏ္ဍာငွေရရှိနိုင်သည့်အခွင့် အရေး ပိုမိုရရှိစေရန်ရည်ရွယ်၍ နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနည်းတူ ပြည် တွင်းစီးပွားရေးလုပ်ငန်းများသို့ မည်သည့်ချေးငွေဖြည့်ဆည်းမှု ကိုမဆို ဆောင်ရွက်ခြင်းနှင့် အခြား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းတို့ကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်က လုပ်ကိုင်ခွင့် ပြုခဲ့သည့်အပေါ် ရေလုပ်ငန်းရှင် များအနေဖြင့် နိုင်ငံခြားဘဏ်များ မှ သက်သာသောအတိုးနှုန်းဖြင့်ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုရရှိ ရန် မျှော်လင့်ထားကြောင်း သိရသည်။


ဒေါက်တာတိုးနန္ဒာတင်က ''နိုင်ငံခြားဘဏ်တွေလည်း ဝင်လာ ချင်တယ်။ ဒါပေမဲ့ ဒါတွေက အ ဟန့်အတားတွေဖြစ်နေတာပေါ့။ နိုင်ငံခြားဘဏ်တွေ အေးအေး ဆေးဆေးနဲ့ ရင်းနှီးမြှုပ်နှံမှုအနေ နဲ့ ဝင်လာနိုင်အောင်လို့ဗဟိုဘဏ် က ဘယ်လိုစီစဉ်ပေးမလဲဆိုတာကို စောင်ကြည့်ရမှာပါ။ ဒီအတိုးနှုန်း က ငါးလုပ်ငန်းအတွက်တကယ် စိုးရိမ်ရတဲ့ ကိစ္စတွေဖြစ်တဲ့အတွက် ကြောင့် သက်ဆိုင်ရာအမြင့်ဆုံး အစိုးရပိုင်းကိုတင်မယ်။ ဒုတိယ သမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာလည်း တင် ပြမှာပါ''ဟု ပြောသည်။ လက်ရှိငါးမွေးမြူရေးလုပ် ငန်းရှင်များအနေဖြင့် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရင်းနှီးငွေလိုအပ် ချက်များကို ပြင်ပမှအတိုးနှုန်းမြင့် မားစွာဖြင့် ချေးယူလုပ်ကိုင်နေရပြီး အစိုးရမှသက်သာသော အတိုးနှုန်း ဖြင့် ချေးငွေများထုတ်ချေးပေးရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။


Orchard Co.,Ltd ၏ မန်း နေးဂျင်းဒါရိုက်တာ ငါးမွေးမြူရေး လုပ်ငန်းရှင် ဒေါက်တာမြင့်စိန်က ''ဝန်ကြီးဌာနက ငွေချေးဖို့ငွေကျ အောင် လုပ်ပေးပါဆိုတာက မရှိ တာကိုတောင်းနေသလို ဖြစ်နေတယ်။ ငါးကန်ကိုရောင်း၊ ပေါင်၊ ငှားရမ်း ပေးစာကြောင်းတစ်ကြောင်း ထည့် ပေးဖို့ပါ။ ဒီအချက်ရနိုင်ရင် နိုင်ငံအ တွက်က တိုးတက်မယ့် အနေအထား ရှိပါတယ်''ဟု ပြောသည်။

TEEP

#democracytoday

Rate this item
(0 votes)
back to top