HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အမေရိကန် ကုန်ပစ္စည်းများကို တရုတ်က အခွန်တိုးမြှင့်ကောက်ခံမည်ဟု ကြေညာပြီးနောက် နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံကြမည်

အမေရိကန် ကုန်ပစ္စည်းများကို တရုတ်က အခွန်တိုးမြှင့်ကောက်ခံမည်ဟု ကြေညာပြီးနောက် နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံကြမည်

ဝါရှင်တန်၊ မေ ၁၄

ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံနှစ်ခုကြား ကုန် သွယ်ရေးစစ်ပွဲ တစ်ကျော့ပြန် ဖြစ်ပွားလာချိန်တွင် လာမည့် လ၌ တရုတ်သမ္မတ ရှီကျင့် ဖျင်နှင့်တွေ့ဆုံမည်ဖြစ် ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရန့်က မေ ၁၃ ရက်တွင် ပြောဆိုလိုက်သည်။ တရုတ်ကုန်ပစ္စည်းများအပေါ် အမေ ရိကန်ဒေါ်လာ ဘီလီယံ ၂ဝဝ ဖိုး အခွန် ထပ်တိုးကောက်ခံမည်ဟု ဝါရှင်တန်က ပြီးခဲ့သည့်သီတင်းပတ်တွင် ကြေညာခဲ့မှု ကိုတုံ့ပြန်သည့်အနေဖြင့် ကနဦးတွင် တရုတ်နိုင်ငံက အေးခဲထားသော ဟင်းသီး ဟင်းရွက်များနှင့် ဓာတ်ငွေ့ရည်အပါ အဝင် အမေရိကန် ကုန်ပစ္စည်းအချို့ကို အ ခွန်ထပ်တိုးကောက်မည်ဟု ကြေညာခဲ့သည်။

ယင်းနောက် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက ¤င်းတို့အနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ဒေါ်လာဘီ လီယံ ၃ဝဝ ဖိုးရှိ ပစ္စည်းများအ ပေါ်တွင် ၂၅ ရာခိုင်နှုန်း အခွန်တိုး ကောက်နိုင်ခြေရှိမှုနှင့် ပတ်သက်၍ လာမည့်လတွင် အများပြည်သူ ကြားနာပွဲတစ်ခုကို ပြုလုပ်ရန် စီ စဉ်ထားသည်။ ယင်းအခွန်တိုးမြှင့် ကောက်ခံမည့် စာရင်းတွင်မိုဘိုင်း ဖုန်းနှင့် လက်ပ်တော့များ ပါဝင် သော်လည်း ဆေးဝါးပစ္စည်းများကို ချန်လှပ်ထားကြောင်း အမေရိကန် ကုန်သွယ်ရေးရုံးက ဆိုသည်။


အမေရိကန်နှင့် တရုတ်နိုင်ငံ တို့၏ ချိုချင်းယှဉ်ခတ်သည့် တစ် ကျော့ပြန် စီးပွားရေးတိုက်ပွဲ ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွား ရေး ဈေးကွက်ကို လှုပ်လှုပ်ခတ် ခတ်ဖြစ်ခဲ့ရသည်။ ပြီးခဲ့သည့် မေ ၁၃ ရက် တွင် ကမ္ဘာ့အစုရှယ်ယာ ဈေးနှုန်း မှာ ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ငါးလကျော် ကာလအတွင်း တစ်ရက်တည်းအ ကြီးမားဆုံး ကျဆင်းမှုဖြစ်ခဲ့သည်။ တရုတ်ယွမ်ဈေးသည်လည်း ဒီ ဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ အမေရိကသည်သာပထမ အစီအ စဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးကို လက်ကိုင်ထားသည့် မစ္စတာထ ရန့်က ဇွန်လနှောင်းပိုင်းတွင်ပြု လုပ်မည့် ဂျီ-၂ဝ ထိပ်သီးအစည်း အဝေးတွင် သမ္မတရှီနှင့်တွေ့ဆုံ မည်ဟု ပြောဆိုထားသည်။

Ref:Reuters

#democracytoday

Rate this item
(0 votes)
back to top