HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ထိုင်းနိုင်ငံမှ အချမ်းသာဆုံး သူဌေးကြီးနှင့် အခြားကုမ္ပဏီ ၁၂ ခုတို့က လေဆိပ်သုံးခုကို ချိတ်ဆက်မည့် မြန်နှုန်းမြင့် ရထားလမ်းကို တည်ဆောက်မည်

ထိုင်းနိုင်ငံမှ အချမ်းသာဆုံး သူဌေးကြီးနှင့် အခြားကုမ္ပဏီ ၁၂ ခုတို့က လေဆိပ်သုံးခုကို ချိတ်ဆက်မည့် မြန်နှုန်းမြင့် ရထားလမ်းကို တည်ဆောက်မည်

ဘန်ကောက်၊ မေ ၁၄

ထိုင်းနိုင်ငံ၏ စီးပွားရေး လုပ်ငန်းစုကြီး ချာရိုအန်ပိုဟန်ဂရု (CP Group) နှင့် အခြားကုမ္ပဏီ ၁၂ ခုတို့ကို နိုင်ငံအတွင်းရှိ အဓိက လေဆိပ်ကြီး သုံးခုကိုချိတ်ဆက်မည့် ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံတန် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းတစ်ခုကို တည်ဆောက်ရန် ရွေးချယ်လိုက်သည်ဟု အစိုးရက မေ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ယင်းကော်မတီသည် အစိုးရထံမှ အနိမ့်ဆုံးရင်းနှီးမြှုပ်နှံငွေပမာဏသာ လိုအပ်သော ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် ပူးပေါင်းဆောင်ရွက်မှုများအတွက် ပူးတွဲရင်းနှီး မြှပ်နှံမှုတစ်ခုကို ရွေးချယ်ခဲ့ကြောင်း အရှေ့စီးပွားရေးစင်္ကြံမူဝါဒအဖွဲ့က ကြေညာချက်တစ်ခုတွင် ပြောဆိုခဲ့သည်။

ယမန်နှစ်က ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံတန် လေလံကို CP Group  နှင့် အခြားကုမ္ပဏီ ၁၂ ခု တို့က တင်သွင်းခဲ့ပြီးနောက် လအနည်းငယ်အကြာ ဆွေးနွေးညှိနှိုင်း မှုများပြုလုပ်ခဲ့ပြီး အစိုးရ၏ ယင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းရထားလမ်းသည် ထိုင်းနိုင်ငံ၏ အဓိကနိုင်ငံတကာ လေဆိပ် သုဝဏ္ဏဘူမိမှတန်ဖိုးနည်း လေကြောင်းလိုင်းများရှိရာ ဒွန် မောင်းလေဆိပ်နှင့် နိုင်ငံအရှေ့ ပိုင်းရှိ အူတာပါအိုလေဆိပ်တို့ကို ချိတ်ဆက်ပေးမည်ဖြစ်သည်။ ယင်းအဆိုပြုချက်ကို မေ ၂၈ ရက်တွင် ကက်ဘိနက်အဖွဲ့ဝင်များ အတည် ပြုရန် ပေးပို့သွားမည်ဖြစ်သည် ဟုဆိုသည်။


ယင်းမြန်နှုန်းမြင့်ရထားလမ်း ဆောက်လုပ်မှုမှာ အချိန်ငါးနှစ် ကြာမြင့်မည်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုအောက်တွင် ၄၅ နှစ်ကြာ လုပ်ငန်းလည်ပတ်မည် ဖြစ်သည်။ ယင်းစီမံကိန်းသည် ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိမည် ဖြစ်ပြီး အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ မှုများကိုမြှင့်တင်မည့် အစိုးရ၏ မူဝါဒထဲမှ အဓိကကျသောအပိုင်း ဖြစ်သည်။ CP Group ကို ဦး ဆောင်နေသူမှာ ပိုင်ဆိုင်မှုဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံပိုင်ဆိုင်ထား သော ထိုင်းနိုင်ငံ၏အချမ်းသာဆုံး သူဌေးကြီး ဒါနင်ချာရာပတ်နော့ ဖြစ်သည်။

Ref:Reuters

#democracytoday

 

 

Rate this item
(0 votes)
back to top