HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ် ကုန်သွယ်ရေးစခန်းမှ မြန်မာကွမ်းသီးကို အများဆုံး ဝယ်ယူလျက်ရှိ

မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ် ကုန်သွယ်ရေးစခန်းမှ မြန်မာကွမ်းသီးကို အများဆုံး ဝယ်ယူလျက်ရှိ

ကလေး၊ မေ ၁၅ 

မြန်မာနိုင်ငံ ၏ဒေသထွက်ကုန်တစ်ခုဖြစ်သည့် ကွမ်းသီးကို နွေရာသီချင်းတောင် လမ်းများကောင်းမွန်ချိန် မြန်မာ-အိန္ဒိယနယ်စပ်ရိဒ်ခေါဒါရ်ကုန် သွယ်ရေးစခန်းမှ အများဆုံးဝယ် ယူလျက်ရှိကြောင်း အဆိုပါကုန် သွယ်ရေးစခန်းမှသိရသည်။ ယင်းမြန်မာကွမ်းသီးကို မြန် မာနိုင်ငံအောက်ပိုင်းဒေသနှင့်တန င်္သာရီတိုင်းဘက်မှအများဆုံးတင်ပို့ရောင်းချခြင်းဖြစ်ပြီး၊ စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့မှတစ် ဆင့် ချင်းပြည်နယ်တီးတိန်မြို့ကို ဖြတ်ကာ ရိဒ်နယ်စပ်ကုန်သွယ်ရေး မှတစ်ဆင့် အိန္ဒိယဘက်သို့တင်ပို့ ရောင်းချခြင်းဖြစ်သည်။

''တစ်ဖက်နိုင်ငံကို ကုန်ပစ္စည်း တင်ပို့ရာမှာ နှစ်နိုင်ငံနယ်နိမိတ် ဖြစ်တဲ့ တီးအိုးချောင်းတစ်ဖက်ကမ်း အိန္ဒိယနိုင်ငံအပိုင် ဇိုခေါဒါရ်ရွာအ ထိ ပို့ဆောင်ရောင်းချကြရတာဖြစ် ပါတယ်။ ဇိုခေါဒါရ်ရွာမှာ အိန္ဒိယ နိုင်ငံအကောက်ခွန်နှင့် သက်ဆိုင် ရာတို့ရဲ့ စစ်ဆေးမှုကိုခံယူပြီးမှ ဇို ခေါဒါရ်ရွာကနေ ကျန်ဖိုင်းမြို့၊ ကျန် ဖိုင်းမြို့ကမှတစ်ဆင့် အိုက်ဇောမြို့ ကို တင်ပို့ရောင်းချရတာဖြစ်ပါတယ်'' ဟု ရိဒ်ခေါဒါရ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိတစ်ဦးက မေ ၁၄ ရက်က ပြောသည်။


မြန်မာနိုင်ငံမှကုန်စည်များကို တိုက်ရိုက်သယ်ပို့ရောင်းချခွင့်မရှိဘဲ မြန်မာ-အိန္ဒိယနယ်စပ်တီအို ချောင်းတစ်ဖက်ကမ်း ဇိုခေါဒါရ် ရွာမှ မယ်လ်ဘို့ကျေးရွာ၊ ယင်းကျေး ရွာမှကျန်ဖိုင်းမြို့၊ ထိုမှ မီဇိုရမ်ပြည် နယ် အိုက်ဇော်လ်မြို့တို့တွင် ဒေသန္တ ရအလုပ်သမားများက လုပ်သားခ တောင်းခံကြရာ ယင်းလုပ်သားခပေး ဆောင်ပြီးမှ ခရီးဆက်ကြရသည့် အပြင် နေရာဒေသအလိုက် ဒေသန္တရ အခွန်အတုတ်များကိုလည်း ပေး ဆောင်ရကြောင်း သိရသည်။


ယခုရက်ပိုင်း ကလေး-နယ် စပ်ရိဒ်သွားကုန်ကားအများစုမှာ ကွမ်းသီးတင်ကားအများစုဖြစ်ပြီး ဖိုလန်၊ စကတ်ကားတစ်စီးလျှင် ကွမ်းသီးအိတ် (၁၁ဝ)ဝန်းကျင်တင် ဆောင်ကြောင်း၊ ကွမ်းသီးအိတ် တစ်အိတ်လျှင် ပိဿာချိန် (၅ဝ)ပါ ဝင်ပြီး ကွမ်းသီးတစ်ပိဿာလျှင် ကလေး-ရိဒ်နယ်စပ်အထိ တန်ဆာခ ၇၅ ကျပ်ပေးရကြောင်း သိရသည်။

MOS

#democracytoday

Rate this item
(0 votes)
back to top