HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

နယူးယောက် လေလံပွဲတွင် မိုနေး၏ ပန်းချီကားကို ဒေါ်လာ ၁၅၁ သန်းဖြင့် စံချိန်တင်ရောင်းချနိုင်ခဲ့

နယူးယောက် လေလံပွဲတွင် မိုနေး၏ ပန်းချီကားကို  ဒေါ်လာ ၁၅၁ သန်းဖြင့် စံချိန်တင်ရောင်းချနိုင်ခဲ့

နယူးယောက်၊ မေ ၁၅

ကမ္ဘာကျော်ပန်းချီဆရာကြီး ကလော့ဒီမိုနေး၏ ''ကောက်ရိုး ပုံ''အမည်ရှိ ပန်းချီကားကို မေ ၁၄ ရက် နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည့် လေလံပွဲတစ်ခု၏ စံချိန်တင်ဈေးနှုန်းဒေါ်လာ ၁၁ဝ ဒသမ ၇ သန်းဖြင့် ရောင်းချနိုင် ခဲ့သည်ဟုဆိုသည်။ အနုပညာပစ္စည်းရောင်း ဝယ်ရေးကုမ္ပဏီ Sotheby's ၏ ရောင်းချရမှုသည် ၁၉၈၆ ခုနှစ် နောက်ပိုင်း ယင်းပစ္စည်းအတွက် ပထမဆုံးလေလံပစ်ခဲ့ခြင်းဖြစ်ပြီး လေလံသမိုင်းတွင် ဈေးနှုန်း အမြင့်ဆုံးပစ္စည်းတစ်ခုအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

အခကြေးငွေနှင့် ကော်မ ရှင်ခအပါအဝင် စုစုပေါင်းရရှိ သည့်ငွေကြေးနှုန်းမှာ ယခင်စံ ချိန်တင်ရောင်းချရမှုထက် ၄၄ ဆမြင့်မားသည်ဟုဆိုသည်။ ပန်း ချီဆရာကြီးမိုနေးသည် ပြင်သစ် နိုင်ငံ၊ နော်မန်ဒီဒေသရှိ ကီဗာနီ မြို့မှ ၎င်း၏နေအိမ်တွင် ၁၈၉ဝ ပြည့်နှစ်မှ ၁၈၉၁ ခုနှစ်အထိ ဆောင်းရာသီကာလ များအတွင်း ''ကောက်ရိုးပုံ'' ပန်းချီ ၂၅ ကား ကိုရေးဆွဲခဲ့သည်။


ယင်းပန်းချီကားတစ်ခုစီတွင် မိုနေးသည်ပြောင်းလဲသွားသော ရာသီ၊ များပြားသောရာသီဥတု အမျိုးအစားများအတွင်း နေ့တစ် နေ့၏မတူသော အချိန်များအ တွင်းပြောင်း လဲသွားသောတူညီ သည့် မြင်ကွင်း၏ အလင်းရောင် နှင့် ပတ်ဝန်းကျင်အခြေအနေများ ကိုဖော်ပြထားသည်။ ယင်းပန်းချီကားချပ်တွဲများ ထဲမှ ပန်းချီကားတစ်ချပ်ကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင် နယူးယောက်ရှိ Christie's  လေလံကုမ္ပဏီမှ ဒေါ်လာ ၈၁ ဒသမ ၄ သန်းဖြင့် ရောင်းချနိုင်ခဲ့ သည်။ Sotheby's ကုမ္ပဏီမှ တစ်ဆင့် ရောင်းချနိုင်ခဲ့သည့်ယင်း ပန်းချီကားသည် မိုနေး၏ပန်းချီ ကားများထဲ၌ မှတ်မိအလွယ်ဆုံး ဖြစ်သည်ဟုသိရသည်။


၁၉၈၆ ခုနှစ်တွင် Christie's ကုမ္ပဏီမှတစ်ဆင့် ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ယင်းပန်းချီ ကားကို အမည်မသိစုဆောင်း သူတစ်ဦးကဝယ်ယူခဲ့သည်။ မို နေး၏ ပန်းချီကားနောက်ဆုံး ရောင်းချရမှုမှာ ၂ဝ၁၈ ခုနှစ် မေလတွင်ဖြစ်သည်။  ''ပွင့်လန်းနေသောရေကြာ'' အမည်ရှိ ပန်းချီကားကို ဒေါ်လာ ၈၄ ဒသမ ၆ သန်းဖြင့် Christie's  မှတစ်ဆင့် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။ 

Ref: AFP

#democracytoday

Rate this item
(0 votes)
back to top