HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြောက်ကိုရီးယားကို ဒေါ်လာရှစ်သန်းဖိုး အကူအညီပေးရန် တောင်ကိုရီးယားဆုံးဖြတ်၊ ကေဆောင်းစက်မှုဇုန်သို့ စီးပွားရေးလုပ်ငန်းရှင်များကို လည်ပတ်ခွင့်ပြုမည်  

မြောက်ကိုရီးယားကို ဒေါ်လာရှစ်သန်းဖိုး အကူအညီပေးရန် တောင်ကိုရီးယားဆုံးဖြတ်၊  ကေဆောင်းစက်မှုဇုန်သို့ စီးပွားရေးလုပ်ငန်းရှင်များကို လည်ပတ်ခွင့်ပြုမည်   

ဆိုးလ်၊ မေ ၁၈

တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံတွင် အကူအညီပေးရေး ပရောဂျက်များအတွက် နိုင်ငံတကာအေ ဂျင်စီများသို့ ဒေါ်လာရှစ်သန်းလှူဒါန်းရန်နှင့် နှစ်နိုင်ငံဖက်စပ် စက်မှုဇုန်သို့ စီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် အဖွဲ့တစ်ခု ကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း မေ ၁၇ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ယင်းဆုံးဖြတ်ချက်သည် မြောက်ကိုရီးယားဘက်မှ ယခုလ အစောပိုင်းအတွင်း ဒုံးကျည်များနှင့် ဒုံးလက်နက်များ ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့သော်လည်း မြောက်ကိုရီးယားနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ရှင်သန်နေစေရန် ကြိုး စားနေခြင်းလည်းဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသည့် မြောက်ကိုရီးယားနိုင်ငံသို့ အစားအစာအကူအညီပေးပို့ရန် အစီ အစဉ်ကိုလည်း ဆိုးလ်အစိုးရက အကောင်အထည်ဖော်မည်ဖြစ် သည်။


ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက''အစိုးရဟာ ပိုင် ဆိုင်ပစ္စည်းတွေကို ကာကွယ်ဖို့ကြိုးပမ်းချက် တစ်စိတ်တစ်ပိုင်း အနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို စီးပွားရေးလုပ်ငန်းရှင်တွေ ရဲ့ ခရီးစဉ်ခွင့် ပြုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြဿနာ တစ်စုံတစ်ရာမရှိဘဲ ကေဆောင်းစက်မှုဇုန်ကို သွားရောက်မယ့်ခရီး စဉ်အတွက် လိုအပ်တဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကို လုပ် ဆောင်သွားမှာပါ။ ကျွန်တော်တို့ဟာလည်း ကလေးတွေ၊ ကိုယ် ဝန်ဆောင်တွေရဲ့ အစာအာဟာရနဲ့ သူတို့ရဲ့ကျန်းမာရေးကို ထောက်ပံ့ပေးဖို့စီမံကိန်းတွေအတွက်WFP (ကမ္ဘာ့စားနပ်ရိ က္ခာအစီအစဉ်)နဲ့ ယူနီဆက်ဖ်တို့လိုမျိုး နိုင်ငံတကာ အေဂျင်စီ ကနေတစ်ဆင့် ဒေါ်လာရှစ်သန်းထောက်ပံ့ပေးဖို့ စီစဉ်ထား ပါတယ်''ဟု ကြေညာချက်ထဲတွင် ဖော်ပြထားသည်။


ပြီးခဲ့သည့် ဧပြီ ၃ဝ ရက်တွင် မြောက်ကိုရီးယားနယ်စပ်မြို့ ကေဆောင်းတွင် စက်ရုံများလည်ပတ်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင် ၁၉၃ ဦးက ယင်းစက်မှုဇုန်ကို ပိတ်ထားခဲ့ ချိန်က ချန်ရစ်ခဲ့သော စက်ပစ္စည်းကိရိယာများ၏ အခြေအ နေကို စစ်ဆေးရန် ကိုးကြိမ်မြောက်အဖြစ် သွားရောက်မည့် ခရီးစဉ်အတွက် အစီအစဉ်များကို အတည်ပြုပေးရေးတောင်း ဆိုခဲ့သည်။


မြောက်ကိုရီးယားနိုင်ငံအပေါ် နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက်ဖိအားပေးရန် အမေရိကန်၏ကြိုးပမ်းမှု ရှိနေသော်လည်း ကိုရီးယားနှစ်နိုင်ငံက ယင်းစက်မှုဇုန်ကို ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေကြောင်း အရိပ်လက္ခဏာဖြစ်သွားမည်ကို တောင်ကိုရီးယားအစိုးရက စိုးရိမ်သည့်အတွက် ယင်းတောင်းဆိုချက်များကို ပယ်ချခဲ့သည်။

Ref ; Yonhap

#DEMOCRACYTODAY

Rate this item
(0 votes)
back to top