HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ရခိုင် ဆားလုပ်ငန်း ကျဆင်းနေခြင်းမှာ နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက် အားနည်းချက်ကြောင့် ဟုဆို

ရခိုင် ဆားလုပ်ငန်း ကျဆင်းနေခြင်းမှာ  နည်းပညာ၊ အရင်းအနှီးနှင့်  ဈေးကွက် အားနည်းချက်ကြောင့် ဟုဆို

စစ်တွေ၊ မေ ၁၉

ရခိုင်ပြည်နယ်မှ ဆားလုပ်ငန်းကျဆင်းနေခြင်းမှာ နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက် အားနည်းချက်ကြောင့်ဖြစ်ကြောင်း ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ရခိုင်ပြည်နယ်ကထုတ်သည့် ဆားများကို ၁၉၉၅ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ရန်ကုန်အပါအဝင် အိမ် နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ထံ တင်ပို့ရောင်းချခဲ့သော်လည်း ၂ဝဝ၄ ခု နှစ်နောက်ပိုင်းမှစတင်ကာ ရခိုင်မှ ဆားထုတ်လုပ်သူများတွင် စက်ကိရိယာများခေတ်မမီခြင်းနှင့် အရင်းအနှီးများမရှိဖြစ်လာသကဲ့သို့ ဈေးကွက်လည်း ပျောက်လာသည့် အတွက် ရခိုင်မှဆားလုပ်ငန်းသည် ကျဆင်းခဲ့ရခြင်းဖြစ်သည်။

''ဆားတင်ပို့တဲ့နိုင်ငံက ဆား ပြန်လည်ဝယ်ယူစားသုံးရတဲ့နိုင်ငံ ဖြစ်သွားရတယ်ဆိုရင် ကျွန်တော်တို့ ဘယ်လောက်ညံ့သွားလဲ။ ကျွန် တော်တို့ကနေပြီးတော့ ဂုဏ်သိက္ခာအတွက်၊ နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက်၊ နိုင်ငံရဲ့ အခွန်ငွေအတွက်၊ ပြည်သူလူထုရဲ့ အလုပ်အကိုင်အတွက် အတူတကွလက်တွဲလို့ ယုံယုံကြည်ကြည်လုပ်ပြီးမှရမယ်လို့ ကျွန်တော်ကနေပြီးတော့ အစိုးရကို မေတ္တာရပ်ခံပါတယ်''ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးသန်းဝင်းက ပြောသည်။


ရခိုင်ဆားလုပ်ငန်း ပြန်လည် ဦးမော့လာစေရန် ခေတ်မီစက်ကိ ရိယာများဖြင့် အစားထိုးရန်လိုသလို ဆားတောင်သူများတွင်ရှိသည့် မြေယာများကို အာမခံချက်ရှိသည့် မြေယာဖြစ်အောင် အစိုးရကလုပ် ပေးရန်လိုကြောင်းလည်း ထောက် ပြမှုများရှိနေသည်။ ''အဲလို အာမခံချက်ရှိတဲ့မြေ ဖြစ်လာမှ ဆားတောင်သူတွေအနေနဲ့ သူတို့ရဲ့မြေတွေကို ဘဏ်တွေမှာ ပေါင်နှံပြီးတော့ ဆားထုတ်လုပ်မှု တိုးတက်အောင် ဆားလုပ်ငန်း တွေမှာ အရင်းအနှီးတွေပိုပြီးသုံးလာနိုင်မယ်''ဟု ဆားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ ရခိုင်ပြည်နယ်တွင် ၁၉၉၉ခု နှစ်အထိ ဧက သောင်းဂဏန်းအထိ ဆားထုတ်လုပ်နိုင်ခဲ့သော်လည်း လက်ရှိမှာ ဧကတစ်ထောင်ကျော် လောက်သာထုတ်လုပ်နိုင်တော့ ကြောင်း သိရသည်။

GC

#democracytoday

Rate this item
(0 votes)
back to top