HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အမေရိကန်နှင့် စီးပွားရေး အငြင်းပွားမှုတွင် အမေရိကန်မှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ တိုက်တွန်း

အမေရိကန်နှင့် စီးပွားရေး အငြင်းပွားမှုတွင် အမေရိကန်မှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်  တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ တိုက်တွန်း

ရှန်ဟဲ၊ မေ ၁၉

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အမေရိကန်နိုင်ငံ၏ မကြာသေးမီက ကုန်သွယ်ရေးနှင့် ပတ်သက်၍ ပြောဆိုလုပ်ဆောင်ခဲ့ ခြင်းများသည် တရုတ်နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်ပျက်ပြား စေခဲ့၍ အမေရိကန်နိုင်ငံသည် တရုတ်-အမေရိကန်စီးပွားရေး ရွက်ဆောင်မှုများတွင် ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်သင့်သည် ဟု အမေရိကန်နိုင်ငံခြားရေးဝန် ကြီး မိုက်ပွန်ပီယိုနှင့် တယ်လီဖုန်း ပြောကြားရာတွင် ထည့်သွင်းပြော ကြားခဲ့သည်ဟု တရုတ်နိုင်ငံခြား ရေးဌာနက မေ ၁၉ ရက်တွင် သ တင်းထုတ်ပြန်ပြောဆိုလိုက်သည်။

''တရုတ်-အမေရိကန်ကုန် သွယ်ရေးတင်းမာနေမှုအား ဖြေရှင်းနိုင်ရန် တရုတ်အစိုးရက ကြိုး စားနေသောကြောင့် အမေရိကန်မှလည်း လိုက်လျောညီထွေရှိရန် လိုအပ်သည်''ဟုလည်း ဝမ်ယီက ပြောဆိုလိုက်သည်။ အီရန်အရေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ်ထိပ်တန်းသံတမန်တစ် ဦးဖြစ်သူ ဝမ်ယီက အီရန်အရေး ပါဝင်ပတ်သက်သူမှန်သမျှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။ သို့သော် အသေးစိတ်ပြော ကြားခဲ့ခြင်းမပြုခဲ့ချေ။ အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည် စီးပွားရေးအငြင်းပွား ပြောဆိုမှုများရှိနေပြီး နှစ်ဖက်စလုံး က အလျှော့မပေးကြသောကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေဆဲဖြစ်သည်။

Ref; Reuters

#democracytoday

Rate this item
(0 votes)
back to top