HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တရုတ် ဝယ်လက်များက အသားကောင်း ကျောက်အပွင့်များကို ဈေးကောင်းပေး ဝယ်ယူလျက်ရှိ

တရုတ် ဝယ်လက်များက အသားကောင်း ကျောက်အပွင့်များကို ဈေးကောင်းပေး ဝယ်ယူလျက်ရှိ

 

မန္တလေး၊ မေ ၂၂

မန္တလေးကျောက်စိမ်းဈေးကွက်အတွင်း တရုတ်ဝယ်လက်များက အသားကောင်း (ဘော်ဒီ) ကျောက်အပွင့်များကို ဈေးကောင်း ပေးဝယ်ယူလျက်ရှိပြီး ကျောက်စိမ်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းများတွင် နေ့စဉ်အပ်ထည်များ ပုံမှန် ရရှိနေကြောင်း ကုန်သည်များနှင့် ပွဲစားများထံမှ သိရသည်။ ''တရုတ်ဝယ်လက်တွေက အရည်မပါပေမယ့် အသားကောင်းတဲ့ သူတို့စိတ်ကြိုက်ကျောက်စိမ်း အပွင့်တွေဆိုရင်တော့ ကျပ်သိန်းရာဂဏန်းအထိ ဈေးကောင်းပေး ဝယ်ယူကြတာပါ။ အပွင့်ဝိုင်းမှာက မှော်ကြီးကျောက်တွေ ရှားပါးလာတာရယ်၊ ဖားကန့်မှော်ကျောက် စိမ်းတွေ အဝင်မရှိသလောက်ဖြစ် နေတာကြောင့် ခန္တီးကျောက်တွေကိုသာ ရွေးချယ်ဝယ်ယူနေကြပြီး အလယ်အလတ်တန်းစားခါးပိုင်း ကျောက်တွေကလည်း တစ်နိုင်တစ်ပိုင်ဝယ် ရောင်းသမားတွေကြောင့် သူ့ဈေးကွက်နဲ့သူရှိနေသလို အရည်အသွေးနိမ့် အောက်ပိုင်းလက်ကောက် ကွင်းတွေကတော့ တစ်ကွင်းကို ငွေ ကျပ်သောင်းဂဏန်းလောက်ပဲ ဈေး ရပါတယ်'' ဟု မန္တလေးကျောက်ဝိုင်းမှ ကျောက်စိမ်းကုန်သည် ဦးသန်း ဇော်က မေ ၂၂ ရက်တွင် ပြောကြားသည်။

ပျံကျမီးထိုးဝိုင်းတွင် ဂွင်ကျောက် နှင့်လွှာချပ်များမှာ ပစ္စည်းပေါများ နေ၍ ကျောက်စိမ်းနှင့်ဆက်စပ်နေ သည့် ဖြတ်ခုံ၊ ဖောက်ခုံနှင့်သွေးခုံများတွင် အပ်ထည်များစုပုံနေကာ အလုပ်သမားများအတွက် နေ့စဉ် ဝင်ငွေပုံမှန်ရရှိလျက်ရှိကြောင်း၊ စခန်းအတွင်းရှိ လက်ကောက်ဝိုင်း၊ အပွင့်ဝိုင်း၊ လွှာချပ်ဝိုင်း၊ မီးထိုးပျံ ကျဝိုင်း၊ မိုးကုတ်နီပြာဝိုင်းအားလုံး၌ ရောင်းသူဝယ်သူများဖြင့် စည်ကားမှုရှိနေရာ ဈေးကွက်အနေအထားမှာ ကျောက်စိမ်းပြပွဲများမကျင်း ပခင်အထိ ဆက်လက်ကောင်းမွန် နေမည်ဖြစ်ပြီး နိုင်ငံခြားသားခရီး သည်ဝင်ရောက်မှုနည်းပါးချိန်ဖြစ် သဖြင့် ဖန်စီလိုင်း ကျောက်စိမ်းပစ္စည်းများမှာမူ အရောင်းပါးလျက်ရှိ ကြောင်းသိရသည်။ 

KSA

#democracytoday

Rate this item
(0 votes)
back to top