HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ ဖမ်းဆီးနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ သတင်းပေးတိုင်ကြားပေးရန် ဒုတိယသမ္မတ ဖိတ်ခေါ်

တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ ဖမ်းဆီးနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ သတင်းပေးတိုင်ကြားပေးရန် ဒုတိယသမ္မတ ဖိတ်ခေါ်

ရန်ကုန်၊ မေ ၂၂

တရားမဝင် ကုန်သွယ်မှုများ ထိရောက်စွာဖမ်း ဆီးနှိမ်နင်းနိုင်ရေးအတွက် တရား မဝင်ကုန်သွယ်မှုများကို စီးပွား ရေးလုပ်ငန်းရှင်များ သတင်းပေး တိုင်ကြားပေးရန် ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေက မေ ၂၂ ရက်တွင် ဖိတ်ခေါ်ပြောကြားခဲ့သည်။ မေ ၂၂ ရက်က ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်း ပပြုလုပ်သည့် ဒုတိယသမ္မတ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင် များ၏(၂၇)ကြိမ်မြောက် ပုံမှန်တွေ့ ဆုံဆွေးနွေးပွဲတွင်ပြောခြင်းဖြစ်သည်။

နိုင်ငံတော်ဒုတိယသမ္မတ (၁)ဦးမြင့်ဆွေက''အထူးသဖြင့် တိုင်း ဒေသကြီး ပြည်နယ်တွေမှာ ဆောင် ရွက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်အသိဆုံး။ ဘယ်ဒေသက တရားမ ဝင်ကုန်စည်တွေဝင်ရောက်နေ တယ်ဆိုတာကို သတင်းပေးတိုင် ကြားပါ။ တကယ်လို့သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေ မ တိုင်ချင်ဘူးဆိုရင် ကျွန်တော်တို့ စီတိုင်ကြားပါ။ ကျွန်တော်တို့က သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည် နယ်တွေကိုညှိနှိုင်းပြီး ဖမ်းဆီးနှိမ် နင်းရေးလုပ်ရင် ပိုပြီးထိရောက်ပါ တယ်။ တချို့က အမုန်းမခံချင်ဘူး။ ဒါပေမဲ့ သက်ဆိုင်ရာ တိုင်းဒေသ ကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့ အဖွဲ့ တွေက သတင်းရရင်ရသလို ကျွန် တော်တို့ကိုပေးပို့မှသာ ကျွန်တော် တို့ကလည်းသက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရကိုညှိပြီး ဖမ်းဆီးနှိမ်နင်းမှ ဒါတွေအောင် မြင်မှာဖြစ်ပါတယ်''ဟု ယင်းတွေ့ ဆုံဆွေးနွေးပွဲတွင် ပြောသည်။


နယ်စပ်မှ တရားမဝင် ဝင် ရောက်လာသော ကုန်ပစ္စည်းများ ကြောင့် ပြည်တွင်းအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များရပ်တည်ရန် ခက်ခဲလာသည့် အတွက် တရားမဝင်ကုန်သွယ်မှု များကိုနှိမ်နင်းရန် တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး များဦးဆောင်သော အထူးအဖွဲ့ များကို တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုးခုတွင် ဖွဲ့စည်းထားရှိရာ ယင်း အဖွဲ့များမှ ၂ဝ၁၉ ခုနှစ် ဧပြီလ အထိ တရားမဝင်ကုန်စည်များကို အမှုတွဲပေါင်း ၅၂၁ မှုဖြင့်ခန့်မှန်း တန်ဖိုးငွေကျပ် ၉ ဒသမ ၁၁၃ ဘီလီယံအထိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင် စု ဝန်ကြီးဒေါက်တာသန်းမြင့်က ''တရားမဝင်ကုန်သွယ်မှုကို တက် နိုင်သမျှ ဝန်ထမ်းတွေဒေသဆိုင် ရာအစိုးရအဖွဲ့အစည်းတွေနဲ့ကြိုးစားပမ်းစားဆောင်ရွက်နေတာ ရှိပါတယ်။ ဒါကလည်းပြည့်ဝစွာ မဆောင်ရွက်နိုင်ပါဘူး။ နယ်ခြား ဒေသမှာ ထိန်းသိမ်းနိုင်မှုက အား နည်းနေသေးတယ်။ ဘာကြောင့် လဲဆိုရင် အထူးသဖြင့် နယ်စပ် ဒေသမှာဆိုရင် တိုင်းပြည်ရဲ့ငြိမ်း ချမ်းမှုကလည်း လိုအပ်နေပါတယ်။ နောက်ပြီးတော့ အင်အားစုအဖွဲ့ အစည်း အမျိုးမျိုးရှိပါတယ်။ တရား ဥပဒေစိုးမိုးမှုကလည်း သူတို့ပိုင်း တွေမှာ နည်းပါးနေတာရှိပါတယ်။ သူတို့ရဲ့အကျိုးစီးပွားလည်း ပတ် သက်နေပါတယ်''ဟု ပြောသည်။


စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများ၏သတင်းပေးတိုင် ကြားမှုတို့ကြောင့် တရားမဝင်ကုန် ပစ္စည်း၊ အကောက်ခွန်မဲ့ကုန်ပစ္စည်း များကိုဖမ်းဆီးရမိပါက ဖမ်းဆီးရ မိပစ္စည်း၏ ၁ဝ ရာခိုင်နှုန်းကို တ ရားဝင်သတင်းပေးသူအားဆုငွေ အဖြစ် ပြန်လည်ချီးမြှင့်ပေးလျက်ရှိသော်လည်း လုံခြုံရေးဆိုင်ရာစိုး ရိမ်မှုများကြောင့် လက်ရှိအချိန်အ ထိတရားဝင်သတင်းပေးသူနည်း ပါးနေသေးကြောင်း သိရသည်။

TEEP

#democracytoday

Rate this item
(0 votes)
back to top