HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ကရင်ပြည်နယ်တွင် စီးပွားရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ယခင်ကထက် လေးဆခန့် တိုးတက်လာဟု ပြည်နယ် ဝန်ကြီးချုပ်ပြောကြား

ကရင်ပြည်နယ်တွင် စီးပွားရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ယခင်ကထက်  လေးဆခန့် တိုးတက်လာဟု ပြည်နယ် ဝန်ကြီးချုပ်ပြောကြား

ဘားအံ၊ မေ ၂၄

ကရင်ပြည်နယ် အနေဖြင့် စီးပွားရေးတိုးတက်လာ သည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ စီး ပွားရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုအနေ ဖြင့် ယခင်ကထက် လေးဆခန့်တိုး တက်လာကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က မေ ၂၃ ရက် မွန်းလွဲ ၁နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ကရင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအ ဝေးခန်းမတွင် ကျင်းပခဲ့သည့် ကရင် ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ် သက်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောခဲ့ကြောင်းသိရသည်။

''ကရင်ပြည်နယ်အနေနဲ့ စီး ပွားရေးတိုးတက်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ယခင်ကထက် လေးဆခန့်တိုးတက်လာပြီး တစ် ဦးချင်းဝင်ငွေအနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်က ငွေကျပ် ရှစ်သိန်းသုံး သောင်းခန့်သာရှိခဲ့ရာမှ ယခုအခါ ငွေကျပ် ဆယ့်တစ်သိန်းရှစ်သောင်း (၁၁၈ဝဝဝဝ)ခန့် တိုးတက်လာခဲ့ပြီ ပေါ့။ ဒေသရဲ့ ဆည်မြောင်းတာ တမံကိစ္စ၊ လက်လုပ်လက်စားဆင်း ရဲသားတွေအတွက် ချေးငွေကိစ္စ၊ သဘာဝတောတောင် သယံဇာတ ကိုမှီခိုပြီး ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ 5 MW လျှပ်စစ်ဓာတ်အားရရှိမယ့်ဆိုလာ လျှပ်စစ်ဓာတ် အားပေးစက်ရုံ တစ်ရုံကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနဲ့ ထုတ်လုပ်နိုင်ရေးကိစ္စ၊ ဘားအံမြို့ ကမ်းနားလမ်းစီမံကိန်း ဆောင်ရွက် ပြီးစီးမှုကိစ္စ၊ ရိုးရာဂျပ်ခုတ် လက်မှု ပညာသင်ဆရာ၊ ဆရာမ ၃ဝ ခန့် ထားပေးရေးကိစ္စ၊ အားကစား ကိစ္စနဲ့ နွေရာသီသောက်သုံးရေ ရှားပါးမှု ပြဿနာကို ရေတွင်းရေ ကန်တွေ တူးဖော်ပေးခြင်း၊ မြစ် ရေတင်လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းတို့နဲ့ ဖြေရှင်းကူညီပေး နိုင်ခဲ့တဲ့ကိစ္စ၊ မြစ်ရေတင်ကိစ္စ၊ မြေ ယာကိစ္စ၊ အမှုတွဲများ ဖြေရှင်းပေး ခဲ့မှုကိစ္စနဲ့ မူးယစ်ဆေးဝါး ကာကွယ် ရေးကိစ္စတွေကို ဆောင်ရွက်ခဲ့ရာ မှာ ရာခိုင်နှုန်းပြည့် မဟုတ်တောင် အတိုင်းအတာတစ်ခုအထိ အောင် မြင်မှုတွေရှိလာခဲ့ပါတယ်''ဟု ကရင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်က ပြောကြားခဲ့သည်။

 

အဆိုပါ သတင်းစာရှင်းလင်း ပွဲတွင် သတင်းမီဒီယာများက မြို့ သစ်စီမံကိန်း၊ လျှပ်စစ်မီး၊ မြေယာ ပြဿနာ၊ စိုက်ပျိုးမြေရရှိရေး၊ မူး ယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ငြိမ်းချမ်း ရေးတို့နှင့်ပတ်သက်၍ မိမိတို့သိရှိ လိုသည်များကို မေးမြန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည် နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေ ကြားခဲ့ကြောင်း သိရသည်။

ZMT, KKTM

#democracytoday

Rate this item
(0 votes)
back to top