HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တရုတ်ဈေးကွက် ပိတ်ပင်ထားမှုကြောင့် မကြာမီ ရိတ်သိမ်းတော့မည့် နွေစပါးများ ဈေးကျမည်ကို ဒေသခံတောင်သူများ စိုးရိမ်  

တရုတ်ဈေးကွက် ပိတ်ပင်ထားမှုကြောင့် မကြာမီ ရိတ်သိမ်းတော့မည့်  နွေစပါးများ ဈေးကျမည်ကို ဒေသခံတောင်သူများ စိုးရိမ်   

ရွှေဘို၊ ဇွန် ၁ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင်အတွင်း ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်၌ နွေစပါး စိုက်ဧက (၂၆၆ဝ၈၈) စိုက်ပျိုးထား ရာ မကြာမီရင့်မှည့်၍ ရိတ်သိမ်း တော့မည်ဖြစ်သော်လည်း တရုတ် ဈေးကွက်ပိတ်ပင်ထားမှုကြောင့် အရောင်းအဝယ်များ ရပ်တန့်ကာ ဈေးနှုန်းကျဆင်းမည်ကို ဒေသခံ လယ်သမားများ စိုးရိမ်နေကြကြောင်း ဒေသခံလယ်သမားများထံမှ သိရ သည်။

အဆိုပါရွှေဘိုခရိုင်အတွင်း နွေစပါးစိုက်ရာသီ၌ ရွှေဘိုမြို့နယ် တွင် ၆၄၉၄၁ ဧက၊ ဝက်လက်မြို့ နယ်တွင် ဧက ၃၁၇ဝဝ၊ ခင်ဦးမြို့ နယ်တွင် ၃၉၁၈၅ ဧက၊ ရေဦးမြို့ နယ်တွင် ၄ဝ၁၆၄ ဧက၊ တန့်ဆည် မြို့နယ်တွင် ၃၂၉၆၈ ဧကနှင့် ဒီပဲ ယင်းမြို့နယ်တွင် ဧက ၅၇၁၃ဝ စုစုပေါင်း ၂၆၆ဝ၈၈ ဧက စိုက် ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။


''ကျွန်တော်တို့ ရွှေဘိုဒေသက နွေစပါးတွေ မကြာမီရိတ်သိမ်းကြ တော့မှာဖြစ်ပါတယ်။ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီစတဲ့ တိုင်းဒေသကြီး တွေမှာလည်း နွေစပါးများရိတ်သိမ်း နေချိန်မှာ တရုတ်ဈေးကွက်ပိတ် ပင်ထားမှုကြောင့် အရောင်းအဝယ် များ ရပ်တန့်ကာ ဈေးနှုန်းကျဆင်း နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဈေးနှုန်းကျဆင်းမည်ကို ဒေသခံ လယ်သမားများစိုးရိမ်ပူပန်နေကြ ပါတယ်''ဟု ခင်ဦးမြို့နယ် သာဂရ ကျေးရွာမှ လယ်သမားဦးဘိုလေး က ပြောကြားသည်။


ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးတို့တွင်လည်း နွေစပါးများ ရိတ်သိမ်းနေချိန်တွင် တရုတ်ဈေးကွက်ပိတ်ပင်ထားမှု ကြောင့် အရောင်းအဝယ်များ ရပ် တန့်ကာ ဈေးနှုန်းကျဆင်းနေခဲ့ သည်။

YNTW

#democracytoday

Rate this item
(0 votes)
back to top