HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မူဆယ် လမ်းကြောင်းမှ တင်ပို့မည့် ဆန်တန်ချိန် တစ်သောင်းအတွက် နမူနာကို တရုတ်မှ တာဝန်ရှိသူများ လာကြည့်မည်  

မူဆယ် လမ်းကြောင်းမှ တင်ပို့မည့် ဆန်တန်ချိန် တစ်သောင်းအတွက် နမူနာကို တရုတ်မှ တာဝန်ရှိသူများ လာကြည့်မည်   

ရန်ကုန်၊ ဇွန် ၁ဝ

မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင် ပို့မည့် ဆန်တန်ချိန်တစ်သောင်းအတွက် နမူနာကို ဇွန် ၁၂ ရက် တွင် တရုတ်နိုင်ငံဘက်မှ လာကြည့်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဆန်တန်ချိန်တစ်သောင်းမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီးဖြစ်သဖြင့် ဆန်နမူနာကြည့်ပြီးပါက ရက်ပေါင်း ၃ဝ အတွင်းတင်ပို့ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေလင်း ဇင်က ဇွန် ၁ဝ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။

''ကနဦးဆန်တန်ချိန်တစ်သောင်းနယ်စပ်ကနေ ပို့မယ်။ ဒီ ၁၂ ရက်မှာ ဆန်နမူနာလာကြည့် မယ်။ ဘာမှထပ်ဆွေးနွေးစရာမရှိ ဘူး။ ရောင်းပြီးသား၊စာချုပ်ချုပ်ပြီးသားပါ''ဟု ၎င်းင်းကပြောသည်။ ဧပြီလအတွင်းက မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန် သွယ်မှုပူးပေါင်းဆောင်ရွက်ရေးအတွက် ယူနန်ပြည်နယ် ကူမင်း ပြည်သူ့အစိုးရနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနတို့အကြားကုန်ဖလှယ်မှုစနစ်(Barter system ) ဖြင့် ကုန် သွယ်မှုပြုရန် MoU လက်မှတ်ရေးထိုးခဲ့ကြသည်။  ထို့နောက် မေလကုန်ပိုင်းက ကူမင်းအစိုးရစီးပွားရေးဌာ နနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့သည် မူဆယ်နယ်စပ် မှ ဆန်တန်ချိန်တစ်သောင်းတရားဝင်တင်ပို့နိုင်ရန် စာချုပ်ချုပ် ဆိုခဲ့ကြသည်။


ကုန်ဖလှယ်မှုစနစ်ဖြင့် ကုန်သွယ်မှုပြုရန် MoU  ရေးထိုး ချက်အရ ဆန်နှင့်လယ်ယာသားငါးထွက်ကုန်များကို မူဆယ်နယ် စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည်ဖြစ်ပြီး ယင်းတန်ဖိုးနှင့်ညီမျှသည့် ယူနန်ပြည်နယ်ထုတ်ဓာတ်မြေသြဇာ၊ ဆောက်လုပ်ရေးပစ္စည်းနှင့် လယ်ယာသုံးစက်ပစ္စည်းများကို ပြန် လည်ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့နေရသည့် နယ်စပ်ကုန်သွယ်ရေးမှာ ရာခိုင်နှုန်း ၈ဝ ခန့်လျော့ကျသွားသဖြင့် ပြည်တွင်း၌ ဆန်လက်ကျန်တန်ချိန် သုံးသန်းခွဲခန့်ကျန်ရှိနေ ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။


ယင်းနှင့်ပတ်သက်ပြီး ဒေါက်တာစိုးထွန်းက''နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းကနေ တစ်နှစ်တစ်နှစ်ကို တန်ချိန်နှစ်သန်း လောက်သွားတာလေ။ နယ်စပ်က မသွားဘူး။ ပင်လယ်ရေ ကြောင်းကသွားမယ်ဆိုရင် ဒီမှာရှိတဲ့ဆိပ်ကမ်းတွေက တစ်နှစ်ကို တန်ချိန်နှစ်သန်းခွဲလောက် နှစ်သန်း လောက်ပဲတင်ပို့နိုင်တယ်။ တရုတ်နဲ့တရားဝင်ဆန်တင်ပို့နိုင်ဖို့က ဆွေးနွေးနေတာကြာပြီ''ဟု ပြောသည်။ လက်ရှိတရုတ်နိုင်ငံ၏ စီးပွားရေးပေါ်လစီသည် တရား မဝင်ကုန်သွယ်ရေးကို တင်းကျပ်စွာ ဆောင်ရွက်နေသောကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်လျက် ရှိနေသည်။


ပြည်တွင်း၌ပြည်ပပို့ဆန်ဈေးမှာကျဆင်းနေပြီး ၂၅ မတ် ဆန်တစ်အိတ်လျှင်ပုံမှန်ကျပ် ၁၉ဝဝဝ မှ ၂ဝဝဝဝ ကျော်ဈေး ရှိရာမှ ယခုအခါတစ်အိတ်လျှင် ကျပ် ၁၆ဝဝဝ မှကျပ် ၁၇ဝဝဝ ဈေးဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း ဘုရင့်နောင် ဆန်စပါး ကုန်စည်ဒိုင်မှ အမှုဆောင် ဦးမိုးသက်အောင်က ပြောသည်။ ''ပြည်ပပို့ဆန်ဈေးတွေပုံမှန်ပြန်ပြီးကောင်းလာဖို့ဆိုရင် နယ် စပ်ကုန်သွယ်ရေးရော ပင်လယ်ရေကြောင်းပါ အပြိုင်တင်ပို့ ရောင်းချနိုင်မှဖြစ်မယ်''ဟု ၎င်းင်းကပြောသည်။  နိုင်ငံတော်၏အတိုင်ပင်ခံ တရုတ်ပြည်ခရီးစဉ်တွင် ယခုနှစ်အတွင်း တရုတ်သို့ ဆန်တန်ချိန်တစ်သိန်း တရားဝင်တင်ပို့နိုင် ရေးအတွက် MoU ရေးထိုးရန် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top