HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ရာသီဥတုပြောင်းလဲခြင်းနှင့် ဓာတ်မြေသြဇာ ဈေးကြီးခြင်းတို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၌ ဆီထွက်သီးနှံ ထွက်နှုန်းလျော့ကျ  

ရာသီဥတုပြောင်းလဲခြင်းနှင့် ဓာတ်မြေသြဇာ ဈေးကြီးခြင်းတို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၌ ဆီထွက်သီးနှံ ထွက်နှုန်းလျော့ကျ   

စစ်ကိုင်း ၊ ဇွန် ၁၁

သဘာဝ ဘေးအန္တရာယ်များကျရောက် ခြင်း၊ ရာသီဥတုပြောင်းလဲပြီး အထွက်နှုန်းတိုးရန် ဓာတ်မြေသြဇာများ ထည့်ရန်အတွက်လည်း ဈေးနှုန်းကြီးမြင့်မှုကြောင့် စစ်ကိုင်း တိုင်းဒေသကြီးတွင် ဆီထွက်သီး နှံများအထွက်နှုန်း လျော့ကျနေ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြော ကြားသည်။ စစ်ကိုင်းတိုင်းဒေသကြီး တွင် ၂ဝ၁၇- ၂ဝ၁၈ ခုနှစ်က ဆီ ထွက်သီးနှံအနေဖြင့် မြေပဲစိုက်ဧက ရှစ်သိန်းကျော်၊ နေကြာစိုက်ဧက သုံးသိန်းကျော်နှင့် နှမ်းစိုက်ဧက ၁ဝ သိန်းကျော် စုစုပေါင်း ၂၁ သိန်းကျော် စိုက်ပျိုးခဲ့သည်။

''သီးနှံစိုက်တဲ့နေရာမှာ စိုက် ချိန်မမှန်တာ အချိန်အခါမဟုတ် မိုးရွာတာ၊ မိုးပြတ်ပြီး အစိုဓာတ်မ လုံလောက်တာ၊ အပူချိန်မြင့်တာ စတဲ့ အခြေအနေတွေကြုံတွေ့နေ ရတယ်။ စိုက်ပျိုးရေးလုပ်ငန်းမှာ သုံးနေတဲ့ ဓာတ်မြေသြဇာဈေးမြင့် တာကြောင့် လိုအပ်တဲ့ပမာဏအ ပြည့်အဝမထည့်နိုင်တာတွေဟာ ဆီထွက်သီးနှံအထွက်လျော့ရတာ ရဲ့ အဓိကအကြောင်းရင်းတွေ ဖြစ် တယ်''ဟု တိုင်းဒေသကြီးဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် စုစုပေါင်း မြေဧက ၂၃၁ သိန်း ကျော်ရှိသည့်အနက် အသားတင် စိုက်ပျိုးမြေ ၄၅ သိန်းကျော်ရှိသော ကြောင့် မြေ ၂ဝ ရာခိုင်နှုန်းမှာ စိုက် ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် နေသောမြေများဖြစ်သည်။


''စိုက်ပျိုးမယ့်ရာသီရောက် ရင် မျိုးကိုလယ်ကွင်းထဲကို သွားပက်လိုက်တယ်။ ထွက်လာတဲ့ဟာ အမြတ်ဆိုတဲ့ စနစ်နဲ့သွားနေတာ။ စိုက်ပျိုးရေးနည်းပညာတွေမရှိဘူး'' ဟု တိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦး ထွန်းထွန်းဦးက ပြောသည်။  စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံများမှာ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီသပြေနှင့် သစ်ဆိမ့် တို့ဖြစ်ပြီး ယခုနှစ်တွင် စိုက်ပျိုးရန် လျာထားစိုက်ဧကမှာ ယမန်နှစ် ထက်လျော့နည်းသွားပြီး ယင်းမာ ပင်ခရိုင်မှ ဧကနှစ်သိန်းခွဲကျော်၊ မုံရွာခရိုင်မှ ဧကနှစ်သိန်းခန့်၊ ရွှေဘိုခရိုင်မှ ဧကတစ်သိန်းခွဲကျော် နှင့် စစ်ကိုင်းခရိုင်မှ ဧက တစ်သိန်း ကျော်တို့ဖြစ်ကြောင်း တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။ 

KTS

#democracytoday

Rate this item
(0 votes)
back to top