HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အမေရိကန်သို့ တင်ပို့မည့် တရုတ် ထုတ်ကုန်များကို ဗီယက်နမ် ထိရောက်စွာ နှိမ်နင်းမည်  

အမေရိကန်သို့ တင်ပို့မည့် တရုတ် ထုတ်ကုန်များကို ဗီယက်နမ် ထိရောက်စွာ နှိမ်နင်းမည်   

ဟနွိုင်း၊ ဇွန် ၁၁

ဗီယက်နမ်က တရုတ်ထုတ်ကုန်ပစ္စည်းများအား ဗီယက်နမ် သို့တင်သွင်းလာပါက ကြီးလေးသောဒဏ်ခတ်မည်ဖြစ်ကြောင်း၊ တရုတ်သည် အမေရိကန်နိုင်ငံသို့ပို့မည့်ကုန်ပစ္စည်းများအား ဗီ ယက်နမ်သို့ယူဆောင်ကာ ဗီယက်နမ်တွင်ပြုလုပ်သည် (Made in vietnam) ဟု တရားမဝင်တံဆိပ်များတပ်ကာ အမေရိကန်သို့ တင်ပို့ရာတွင် အခွန်သက်သာအောင် လုပ်ဆောင်လျက်ရှိသည်ဟု ဘန် ကောက်ပို့စ် Onlines news က ဇွန် ၁၁ ရက်တွင်ဖော်ပြလိုက်သည်။

ဗီယက်နမ်အကောက်ခွန်ဌာန က တရားမဝင်စာရွက်စာတမ်းအတု များဖြင့် တရုတ်ကုန်ပစ္စည်းဒါဇင် ပေါင်းများစွာကို ထောက်လှမ်းတွေ့ ရှိခဲ့ကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ် သည့် မူရင်းနိုင်ငံအမည်ကို ပြောင်း လဲထားကြောင်း၊ အဆိုပါပစ္စည်းများ တွင် လယ်ယာထွက်ပစ္စည်းမှသည် အထည်အလိပ်၊ စတီးနှင့် အ လူမီနီယံများပါဝင်ကြောင်း ဗီယက်နမ်အစိုးရ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။  ဗီယက်နမ်၏ ကုန်ပစ္စည်းများကို ယခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ပို၍တင်ပို့နေရပြီး တရုတ်၏ ပစ္စည်းများမှာ အ မေရိကန်နှင့်ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားပြီးနောက်တင်ပို့ရမှုကျ ဆင်းလာနေသည်။ ဗီယက်နမ်သို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပိုမိုရောက်ရှိလာပြီး ကုန်ထုတ်လုပ်မှုတိုးတက်လာရာ ကုန်စည်ဖြန့်ဖြူးရေးကွင်းဆက်ကို ပြန်လည်ထိန်းညှိလျက်ရှိသည်။


တရုတ်၏ကုန်ပစ္စည်းများကို အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့ကာ ထိုမှတစ်ဆင့် အမေရိ ကန်ပြည်ထောင်စုသို့ အခွန်ရှောင် ကာပေးပို့လာမည်ကိုလည်း စိုးရိမ် လျက်ရှိကြသည်ဟုဆိုသည်။ လွှတ်တော်စီးပွားရေးကော် မတီအမြဲတမ်းအဖွဲ့ဝင် ဒိုဗန်ဆီနာ က ပြောကြားရာတွင် တရုတ်၏  Made in vietnam  ဟု တံဆိပ် အတုပြောင်းတပ်ခြင်းကို ခွင့်ပြုသ ဖြင့် အမေရိကန်က အရေးယူမည် ကိုလည်း စိုးရိမ်မိကြောင်း အစိုးရ ၏ အင်တာနက်ကြေညာချက်တွင် ဖော်ပြလိုက်သည်။ တရုတ်ကုန်ပစ္စည်းအထုပ် များကို မူရင်းနိုင်ငံလက်မှတ်မထုတ် ယူမီ''ဗီယက်နမ်တွင် ပြုလုပ်သည်'' ဆိုသည့် တံဆိပ်များဖြင့် ပြောင်း လဲကပ်ထားသည်ကိုတွေ့ရှိရသည် ဟု ဆိုသည်။ အမေရိကန်အကောက်ခွန် ဌာနက တရုတ်၏သုံးထပ်သားများကို ဗီယက်နမ်ကုမ္ပဏီမှတစ်ဆင့် အမေရိကန်သို့ တင်ပို့သည်ကိုတွေ့ ရှိခဲ့သည်ဟုဆိုသည်။


ဗီယက်နမ်အကောက်ခွန်ဌာန က ဤသို့တရားမဝင်လုပ်ရပ်ကို နှိမ်နင်းရန် အားဖြည့်လုပ်ဆောင် လျက်ရှိကြောင်း အစိုးရကပြော ကြားလိုက်သည်။  ဗီယက်နမ်သည် ငွေကြေး လက်ဝါးကြီးအုပ်စနစ်ကို ကျင့်သုံး နေသည်ဟု အမေရိကန်ဘဏ္ဍာ ရေးဌာနက ပြောကြားခဲ့ပြီးနောက် ဗီယက်နမ်ကို အမေရိကန်က လုံ ခြုံရေးစောင့်ကြည့်လျက်ရှိသည်။ သို့ရာတွင် အစိုးရက ဗီယက်နမ် သည် ကုန်သွယ်ရေးအသာစီးရ အောင် ငွေကြေးမကစားပါဟု ပြောကြားလိုက်သည်။ ဗီယက်နမ် က အမေရိကန် တရုတ်ကုန်သွယ် ရေးတင်းမာမှုကြောင့် မိမိ၏စီးပွား ရေးတိုးတက်မှုအား ထိခိုက်မည်ကို စိုးရိမ်လျက်ရှိသည်။ ကုန်သွယ် ရေးစစ်ပွဲကြောင့် နောက်ငါးနှစ်တွင် ဗီယက်နမ်ဂျီဒီပီမှာ ဒေါင် ၆ ထရီ လီယံ(ဘတ် ၈ ဘီလီယံ)သို့ ထိုး ကျသွားနိုင်ကြောင်း ပြောကြား လိုက်သည်။

Ref:Onilne news

#democracytoday

Rate this item
(1 Vote)
back to top