Tuesday, 13 February 2018 11:14

အောင်လံမြို့ အမှတ်(၂)ဈေး ဆိုင်ခန်းသစ်များ ဖွင့်လှစ်၊ ပျံကျဈေးသည်များကို ခြောက်လ ရောင်းချခွန် ကင်းလွတ်ခွင့်ပြု

Written by HT(AL)
Rate this item
(0 votes)

အောင်လံ၊ ဖေဖော်ဝါရီ ၁၂

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ပြည်လမ်းရွာထောင် ရပ်ကွက်ရှိ အမှတ် (၂) ဈေးဆိုင်ခန်းသစ်များကို ဖေဖော်ဝါရီ၁၂ရက် (ပြည် ထောင်စု) နေ့ နံနက် ၈ နာရီခွဲတွင် အဆိုပါဈေးကြီးအတွင်း၌ သံဃာ တော်များဖြင့် ပရိတ်တရားနာယူကာဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အမှတ် (၂) ဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းသစ်များတွင်ဆိုင် ၈၇ ခန်းပိုင်ရှင်များမှ ဈေးစတင်ရောင်းချကာ ပျံကျဈေးသည်များနှင့်စက်ဘီးဆိုင်ကယ်မော်တော်ယာဉ်များအား ခြောက်လတာ ရောင်းချခွန် ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်သည်။


''ဒီနေ့အမှတ် (၂) ဈေးကြီးအတွင်းက ဆိုင်ခန်းအသစ်တွေမှာ ဆိုင် ၈၇ ခန်းပိုင်ရှင်တွေက ဈေးစတင် ရောင်းချပါတယ်။ ကျန်ဆိုင် ၄၂ ခန်းပိုင်ရှင်တွေက ဆိုင်ခန်းတွေဖွင့်လှစ် ရောင်းချဖို့ ပြင်ဆင်နေကြပါပြီ။ ပျံကျဈေးသည်တွေအတွက်ကို ခြောက်လတာ မီနီဘတ်ဂျက်အတွင်းမှာအခွန်ကင်းလွတ်ခွင့်ပြုပေးမှာပါ။နောက်ပြီး စက်ဘီးဆိုင်ကယ်နဲ့ မော် တော်ယာဉ်တွေကိုလည်း ခြောက်လတာ အခွန်ကင်းလွတ်ခွင့်ပြုပေးမှာ ဖြစ်ပါတယ်''ဟု အောင်လံမြို့ နယ် စည်ပင်သာယာရေးအဖွဲ့အမှု ဆောင် အရာရှိဦးမောင်မောင်အေးက ပြောသည်။


အဆိုပါ ဈေးကြီးအတွင်းဆိုင် ခန်းသစ် ၁၂၉ ခန်းရှိပြီး ဈေးကြီးဆိုင်ခန်းသစ်များ တည်ဆောက်နိုင်ရန် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက လျှောက်လွှာများခေါ်ယူကာ ဆိုင်ခန်းများအားမဲစနစ် ဖြင့် ရောင်းချပေးခဲ့ပြီး ဆိုင်ခန်းတန်ဖိုးများကို သုံးကြိမ်ခွဲပေးသွင်းစနစ်ဖြင့် ဆိုင်ခန်းသစ်များတည် ဆောက်ပေးထားသော်လည်း ပိုင်ရှင်များမှ ဖွင့်လှစ်ရောင်းချခြင်းမရှိဘဲ ယခုမှ ဖွင့်လှစ်ရောင်းချခြင်း ဖြစ်ကြောင်းသိရသည်။ အမှတ် (၂) ဈေးကြီးတွင် ယခင် ပြည်လမ်းမနှင့်ဘူတာလမ်းမဘက်သို့လှည့်ကာ ဆိုင်ခန်း ၄၂ ခန်းရှိပြီး ယခုအသစ်တည်ဆောက်ပေးသော ဈေးကြီးအတွင်း ဆိုင်ခန်းသစ် ၁၂၉ ခန်းအပါအဝင် စုစုပေါင်းဈေးဆိုင်ခန်း ၁၇၁ ခန်းရှိသည်။ 

 

HT(AL)

#democracytoday

Read 125 times
Login to post comments