HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်က MEB Two Step Loan ဖြင့် ယခုဘဏ္ဍာရေးနှစ်မှ စတင်၍ ငွေထုတ်ချေးမည်

မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်က MEB Two Step Loan ဖြင့်  ယခုဘဏ္ဍာရေးနှစ်မှ စတင်၍ ငွေထုတ်ချေးမည်

မန္တလေး၊ ဖေဖော်ဝါရီ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများအတွက် လိုအပ်သည့် လယ်ယာသုံး စက်ပစ္စည်းများနှင့်လိုအပ်သည့် အရင်းအနှီးများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ MEB Two Step Loan  ဖြင့် ချေးငွေထုတ်ချေး ခြင်းကို ယခုဘဏ္ဍာရေးနှစ်မှ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

 

ယင်းသို့ဆောင်ရွက်ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ရန် ရုံးချုပ်မှညွှန် ကြားစာထုတ်ပေးထားပြီးဖြစ်၍ တောင်သူလယ်သမားများနှင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်ဘဏ်များတွင် စုံစမ်းနိုင်ပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ) တိုင်းမန်နေဂျာ ဦးဝင်းမြင့်က ပြောသည်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရုံးချုပ်က ချေးငွေညွှန်ကြားစာ ထုတ်ပေးထားပြီးပါပြီ။ ဒီအတွက် လုပ်ငန်းဆောင်ရွက်ပုံ ဆောင်ရွက်နည်းတွေကိုလည်း သင်တန်းပို့ချထားပြီး ဖြစ်ပါတယ်။ ချေးငွေထုတ်ချေးချင်တဲ့ လုပ်ငန်းရှင်တောင်သူလယ် သမားများအနေနဲ့ မိမိသက်ဆိုင်ရာမြို့နယ်ကဘဏ်တွေနဲ့ ဆက်သွယ် မေးမြန်းဆောင်ရွက်နိုင်ပါတယ်''ဟု ၎င်းက ပြောသည်။


ချေးငွေအမျိုးအစားကို လုပ်ငန်းသုံးစက်ကိရိယာချေးငွေအမျိုးအစားနှင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း စိုက်ပျိုးရေးမွေး မြူရေးအခြေခံ စီးပွားရေးလုပ်ငန်းစသည်ဖြင့် အမျိုးအစားခွဲခြားထားပြီး လုပ်ငန်းအမျိုးအစား လုပ်ငန်းပမာဏနှင့် အာမခံပေးနိုင်မှု အ ခြေအနေပေါ်မူတည်၍ ချေးငွေများကို ပမာဏသတ်မှတ်ထုတ်ချေးမည်ဖြစ်ရာ နှစ်တိုချေးငွေအဖြစ် အများဆုံးထုတ်ချေးငွေပမာဏမှာကျပ်သိန်း ၅ဝဝ ဖြစ်ပြီးလုပ်ငန်း သုံးစက်ကိရိယာအတွက် အများဆုံးကျပ်သိန်း ၂ဝဝ သတ်မှတ်ထား ကြောင်း၊ နစ်တိုချေးငွေ၏ သက်တမ်းမှာ သုံးနှစ်ဖြစ်ရာ ကျသင့်အတိုးကို သုံးလတစ်ကြိမ် ကောက်ခံမည်ဖြစ်ကြောင်း၊ အရင်းပေးဆပ်မှုကို တစ်နှစ်ဆိုင်းငံ့ပြီ နှစ်နှစ်အတွင်း ခြောက်လတစ်ကြိမ် လေးရစ် ကောက်ခံမည်ဖြစ်ကြောင်း၊ နှစ်ရှည် ချေးငွေအများဆုံး ထုတ်ချေးမည့် ပမာဏမှာ ကျပ်သိန်း ၅ဝဝဝ ဖြစ်၍ နှစ်ရှည်ချေးငွေ၏ သက်တမ်းမှာ ငါးနှစ်ဖြစ်ရာ ကျသင့်အတိုးကို သုံးလတစ်ကြိမ်ဖြင့် ကောက်ခံမည် ဖြစ်ကြောင်း အရင်းပေးဆပ်မှုကို နှစ်နှစ်ဆိုင်းငံ့ထားပြီး သုံးနှစ်အတွင်း ခြောက်လတစ်ကြိမ်ဖြင့် ခြောက် ရစ်ကောက်ခံမည်ဖြစ်သည်။

 

DW

#democracytoday

Rate this item
(0 votes)
back to top