Tuesday, 13 February 2018 11:58

ကလေးမြို့နယ် မြစိမ်းရောင် စီမံကိန်း အရင်းမတည်မှု အပေါ် စိစစ်သုံးသပ်မှုများ ဆောင်ရွက်လျက်ရှိ

Written by MOS
Rate this item
(0 votes)

ကလေး၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာများ၏ တတိယနှစ်စက်ဝန်း စတင်လည်ပတ်ဆောင်ရွက်မှုများကို ကျေးရွာလူထုများနှင့်ဆွေးနွေးစိ စစ်သုံးသပ်မှုများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


''စီမံကိန်းဝင်ကျေးရွာတွေရဲ့ လုပ်ငန်းမတည်ဆောင်ရွက်မှုအ ခြေအနေ၊ စီမံကိန်းကော်မတီဝင် တွေရဲ့ လက်ရှိငွေစာရင်း၊ အသုံးစရိတ်စတာတွေကိုစာရင်းစစ်မှု တွေဆောင်ရွက်ပါတယ်။ အခုမတည်ငွေနဲ့ကျေးလက်ဒေသမှာ ဆောင်ရွက်နေတဲ့လုပ်ငန်းအများစုက မွေးမြူရေးလုပ်ငန်းနဲ့စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါတယ်''ဟု မြို့နယ်ဦးစီးမှူးဦးအောင်ကျော်မျိုးက ဖေဖော်ဝါရီ ၇ ရက်တွင် ပြောသည်။ ကလေးမြို့နယ်မြစိမ်းရောင် စီမံကိန်းကို ၂ဝ၁၄-၂ဝ၁၅ ခုနှစ်ဘဏ္ဍာနှစ်ကျေးရွာတစ်ရွာမှစတင်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဘဏ္ဍာနှစ်တွင် ၂၅ ရွာ၊ ၂ဝ၁၆- ၂ဝ၁၇ ခုနှစ်ဘဏ္ဍာနှစ်တွင်သုံးရွာ၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်ကျေး ရွာပေါင်းခြောက်ရွာစုစုပေါင်း ကျေးရွာပေါင်း ၃၅ ရွာ၊ ၃၂ ယူနစ် ကျပ်သန်း ၉၆ဝ မတည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


''မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာ ၃ဝ ကျော်မှာ ပေါက်ခုံ ကျေးရွာဆိုရင်အတိုးရငွေလို့ခေါ် ရမယ့်(ကျေးရွာရန်ပုံငွေ)ကျပ် ၁၁၈၆၆၅ဝဝ ရရှိနေပြီဖြစ်တဲ့အတွက် ကျေးလက်မီးလင်းရေးဆောင်ရွက်ဖို့ စီစဉ်နေပါတယ်''ဟု ကျေး လက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  ကလေးမြို့နယ်မြစိမ်းရောင် စီမံကိန်းဝင်ကျေးရွာများမှ ပေါက်ခုံကျေးရွာမှာ တတိယစက်ဝန်းအ ဖြစ်လည်ပတ်နေသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ပထမနှစ်တွင်အခက်အခဲများကြုံတွေ့ခဲ့ရသော်လည်း ဒုတိယနှစ်မှစတင်၍အောင် မြင်မှုများရရှိခဲ့ပြီး၊ ကျေးလက်လူထု အားလုံးကလည်းစည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုရှိကြောင်း ပေါက်ခုံကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီဝင်ဦးလေးဘက ပြောသည်။

 

MOS

#democracytoday

Read 135 times
Login to post comments