HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ယခုနှစ် ရန်ကုန် သင်္ကြန် လည်ပတ်ရန် ကားကြိုတင်ငှားရမ်းသူ ယမန်နှစ်ထက် များ

ယခုနှစ် ရန်ကုန် သင်္ကြန် လည်ပတ်ရန် ကားကြိုတင်ငှားရမ်းသူ ယမန်နှစ်ထက် များ

ရန်ကုန် ဧပြီ ၉

ယခုနှစ် ရန်ကုန်သင်္ကြန်လည်ပတ်ရန် ကားကြိုတင် ငှားရမ်းသူ ယမန်နှစ်ထက်များ ကြောင်း သင်္ကြန်ကားအငှားဝန် ဆောင်မှုဈေးကွက်မှသိရသည်။ ရန်ကုန်တွင် ရေကစားမဏ္ဍပ်မှာ ယခင်နှစ်ထက် ပိုများလာနိုင် ခြင်းကြောင့် ကားငှားရမ်းမှုမှာလည်း ယင်းကဲ့သို့ ပိုများခြင်းဖြစ်နိုင်ကြောင်း ဝါရင့်သင်္ကြန်ကား အငှားဝန်ဆောင်မှုလုပ်ငန်း လုပ် ကိုင်သူ ဦးရဲထွန်းက ဧပြီ ၉ ရက်တွင် ဒီမိုကရေစီတူဒေးသို့ပြော သည်။ ''သင်္ကြန်ရောက်ရင် ကားအငှား လုပ်ငန်းကောင်းလေ့ရှိပါတယ်။ ဒီ နှစ်ကတော့ မနှစ်ကနဲ့ယှဉ်ရင် ကား ငှားရတာ ပိုများလာတယ်။ ကြိုတင် မှာယူမှုတွေများတယ်။ အခုဆိုရင် ကားအစီး ၅ဝ လောက်ကို ငှားထား ပြီးပြီ။ ကားတွေမလောက်လို့တောင် အချို့ကားပိုင်ရှင်တွေဆီက ယူပေး ပြီး ငှားပေးနေရတယ်'' ဟု ၎င်းက ပြောသည်။


ရန်ကုန်သင်္ကြန်ကို ကားဖြင့် လည်ရန်စီစဉ်နေသည့် ကုမ္ပဏီဝန် ထမ်းများလည်း ယခင်နှစ်များထက် ပိုလာကြောင်း ကားအငှားဝန်ဆောင် မှုလုပ်ငန်းဈေးကွက်မှ သိရသည်။ ယခုနှစ်တွင် သင်္ကြန်ကား အငှားဈေးကွက်တွင် ဆီဈေးနှုန်း များနှင့် ကုန်ဈေးနှုန်းအခြေအနေ များကြောင့် ဈေးအနည်းငယ်တက် ကြောင်း တစ်ဆင့်ခံ ကားအငှား လုပ်ငန်းဆောင်ရွက်သူတစ်ဦးဖြစ်သည့် ဦးကျော်ကျော်က ပြောသည်။  ''ဒီနှစ်သင်္ကြန် ကားနဲ့လည် တဲ့သူများတယ်။ ကားဈေးကနည်း နည်းတက်နေတယ်။ ဈေးကတော့ တစ်ဦးနဲ့တစ်ဦး မတူကြဘူး။ ဈေး နှုန်းကို အတိအကျပြောဖို့ခက်တယ်'' ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့်နှစ်က ရန်ကုန်တိုင်း ဒေသကြီးတွင် သင်္ကြန်မဏ္ဍပ် နည်းခဲ့ခြင်းကြောင့် ကားအငှားနည်း ခဲ့သော်လည်း ယခုနှစ်တွင် အငှား ပြန်တက်လာခဲ့ကြောင်း ကားအငှား ဝန်ဆောင်မှုဈေးကွက်မှ သိရသည်။ ''ဒီနှစ်မဏ္ဍပ်ကလည်း များ မယ်ထင်တယ်။ မိသားစုတွေနဲ့တစ် ရက်။ သူငယ်ချင်းတွေနဲ့ တစ်ရက် တော့ ကားနဲ့လည်မယ်'' ဟု ကုမ္ပဏီ ဝန်ထမ်း ဒေါ်ဇင်ဇင်ကပြောသည်။


သင်္ကြန်လည်ရန် ဟိုက်ဂျက်၊ ပုစဉ်းခေါင်း၊ လိုက်ထရက်နှင့် ၁ဝ ပေကားအများဆုံး အငှားသွက်နေပြီး ဟိုက်ဂျက်တစ်စီးလျှင် တစ် ရက်အတွက် ငွေကျပ် ၁၂ဝဝဝဝ၊ ပုစဉ်းခေါင်းတစ်စီးလျှင် ငွေကျပ် ၁၆ဝဝဝဝ၊ လိုက်ထရက်တစ်စီးလျှင် ငွေကျပ် ၁၅ဝဝဝဝ နှင့် ၁ဝ ပေကား တစ်စီးလျှင် ငွေကျပ် ၁၈ဝဝဝဝ စသည့်အခြေခံဈေးနှုန်းများဖြင့် အငှားဖြစ်နေကြောင်း သိရသည်။ ၁၉၉၅ ခုနှစ်ဝန်းကျင်က သင်္ကြန်ကားအငှားဈေးကွက်အရ ဂျစ်ကားများကို အများဆုံးငှားရမ်း ကြကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လမ်းလျှောက်သင်္ကြန် အပါအဝင် မဏ္ဍပ် ၇ဝ ခန့်ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဆောက် လုပ်ခွင့်ပြုထားကြောင်း သိရသည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top