Tuesday, 10 April 2018 13:52

စိုက်ပျိုးမြေများ ရေတိုက်စား ခံခဲ့ရသောကြောင့် မတ္တရာမှ တောင်သူများ တစ်ရွာလုံး နှီးခမောက် လုပ်ငန်းကိုသာ လုပ်နေရ

Written by DW
Rate this item
(0 votes)

မတ္တရာ၊ ဧပြီ ၉ 

ဧရာဝတီမြစ်ကမ်းဘေးရှိ မတ္တရာမြို့နယ်ဆင် ကျွန်းကျေးရွာတွင် နှစ်စဉ်မြစ်ရေတိုက်စားခံရသဖြင့် မကြာခဏရွာ ပြောင်းရွှေ့ရခြင်းနှင့်အတူ စိုက်ပျိုး မြေများပါ ရေထဲမျောပါဆုံးရှုံးခြင်း ဖြစ်ပေါ်ခဲ့သောကြောင့် ယခုအခါ ကျေးရွာအိမ်ထောင်စုများမှာ လုပ်စားမြေမရှိတော့ဘဲ နှီးခမောက်ရက်သည့်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေ ကြရကြောင်း သိရသည်။

''ရွာကမြစ်နဖူးမှာရှိတာ၊ အိမ် ခြေ ၂၅ဝ ရှိတယ်။ မြစ်ရေတိုးချိန် မှာ ကမ်းပါးတွေရေဦးတိုက်ပြိုကျ တာ နှစ်ပေါင်း ၃ဝ ကျော်ရှိပြီ။ မြစ် အထက်ပိုင်း မြောက်ဘက်ဆုံးမှာရှိ တဲ့အိမ်တွေက ကမ်းပါးပြိုတော့ မြစ် အောက်ပိုင်းတောင်ဘက်ကို ရွှေ့ ပြောင်းဆောက်ဆောက်လာကြတာ အခုဆိုရင် ဆင်ကျွန်တစ်ရွာလုံးရွှေ့လာ တာ အရင်ရွာဟောင်းနေရာအောက် ဘက်ပေငါးထောင်ကျော်ရောက် နေပြီ။ ရွာကတောင်သူတွေစိုက်ပျိုး မြေလည်း ရေတိုက်စားခံရပြီးပါလို့ မရှိကြတော့ဘူး။ ကျန်ကောင်းကျန် ရာရှိတဲ့သူတွေကတော့ ပဲစိုက်လုပ် ငန်းလုပ်ကြပါသေးတယ်။ စားဝတ် နေရေးအတွက်ကတော့ တစ်ရွာလုံးနှီးခမောက်ရက်လုပ်တဲ့လုပ်ငန်း ကိုပဲ လုပ်ကြပါတယ်''ဟု ဆင်ကျွန်းရွာ မှမနီမက ပြောသည်။


လက်ရှိဆင်ကျွန်းကျေးရွာတွင် လွန်ခဲ့သည့် ၂ဝ၁၅ ခုနှစ်က ပြောင်း ရွှေ့လာခြင်းဖြစ်ပြီး ရွာမှမန္တလေးနှင့် မတ္တရာမြို့များသို့ ပွင့်လင်းရာသီချိန်တွင် မော်တော်ဆိုင်ကယ် ဖြင့်သွားလာကြကာ မြစ်ရေဝင်ချိန် ဖြစ်သည့် ဝါဆိုလမှစ၍ သီတင်း ကျွတ်လအထိ ရွာဝန်းကျင်ရေဝင် ဒေသအားလုံးမြစ်ရေငါးပေနှင့်အ ထက် နှစ်စဉ်နစ်မြုပ်ခံရသဖြင့် စက်လှေနှင့်လှေများဖြင့်သာ သွား လာကြရသည်။ မြစ်ရေတိုက်စားခံရသဖြင့် စိုက် ပျိုးမြေဆုံးရှုံးချိန်မှစတင်ကာ တစ်ရွာလုံးဝါးနှီးခမောက်အကြမ်းနှင့် အချောနှစ်မျိုးရက်လုပ်၍ မန္တလေး၊ စစ်ကိုင်း၊ မတ္တရာကျောက်တံတား မြို့များသို့တင်ပို့ရောင်းချနေကြရ ကြောင်း သိရသည်။


DW

#democracytoday

Read 187 times
Login to post comments