HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အစိုးရက စီမံကိန်းများဖြင့် ပြည်သူ့ကိုယ်စား စီးပွားရှာရာတွင် စေ့စပ်သေချာသော Business Model ရှိရန် လိုအပ်ဟုဆို

အစိုးရက စီမံကိန်းများဖြင့် ပြည်သူ့ကိုယ်စား စီးပွားရှာရာတွင် စေ့စပ်သေချာသော Business Model ရှိရန် လိုအပ်ဟုဆို

ရန်ကုန်၊ မေ ၁၄

စီမံကိန်းများကို ဆောင်ရွက်ခြင်းသည် အစိုးရအနေ ဖြင့်ပြည်သူ့ကိုယ်စားစီးပွားရှာခြင်း ဖြစ်သည့်အတွက် စေ့စပ်သေချာ သော Business Model တစ်ခုရှိ ရန်လိုအပ်ကြောင်း စီမံကိန်းဆောင်ရွက်မှုမှရရှိမည့် အကျိုးအမြတ်၊ အရင်းအနှီးတို့ကို စနစ်တကျတွက် ချက်ထားမှုများကို လွှတ်တော်သို့ တင်ပြရန်လိုအပ်မည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှလွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှပေးပို့သောရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့်မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစီမံကိန်းအစီရင်ခံစာ (၂ဝ၁၈-၂ဝ၂၁)ကို မေ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်ဆွေးနွေးခဲ့ရာ ဒေါ်ကြည်ပြာက အထက်ပါအတိုင်းဆွေးနွေးခဲ့ ခြင်းဖြစ်သည်။ ''စီမံကိန်းတစ်ခုချင်းစီအလိုက် သေချာတွက်ချက်ပြင်ဆင်ထားပြီး ဖြစ်ရင်လည်းဖြစ်မှာပါ။ လွှတ်တော်ကိုတင်တဲ့အခါမှာ ဒါတွေမပါတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ တာဝန်ယူတာဝန်ခံဆွေး နွေးအတည်ပြုပေးရတာဖြစ်ပါတယ်။ ဒါကြောင့်သိသင့်သိထိုက်တဲ့ Business Model ကိုသိလိုပါ တယ်''ဟု ၎င်းကပြောသည်။


ယင်းအစီရင်ခံစာတွင်ပါရှိ သော စီမံကိန်းများတွင်အခြေခံအ ဆောက်အအုံဖွံ့ဖြိုးမှုစီမံကိန်းနှစ်ခုသာပါဝင်ပြီး Real Estate Development  စီမံကိန်းသာအများဆုံး ဖြစ်နေသည်ကိုတွေ့ရကြောင်း သိရသည်။ နိုင်ငံစီးပွားရေးကျဆင်းနေချိန်တွင် Real Estate Development များကို Urban Development အဖြစ် လုပ်သယောင်ယောင်ပုံစံဖြင့် Real Estate Development ကိုလုပ်နေခြင်းသည်မူဝါဒ မှားနေပြီး Real Estate ဖွံ့ဖြိုးရေး ကိုလုပ်ဆောင်ခြင်းဖြင့် သွင်းကုန်များလာနိုင်မည်ဖြစ်သော်လည်း ယင်းစီမံကိန်းများသည်ကာလတို စီးပွားရေးတက်သယောင်လုပ် ဆောင်နိုင်မည့် စီမံကိန်းများဖြစ် ကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌကဒေါ် စန္ဒာမင်းကပြောသည်။


''အမှန်တကယ်တိုင်းဒေသ ကြီးအဆင့်အနေနဲ့ လုပ်ပေးရမှာက အခြေခံအဆောက်အအုံတွေကို တိုးတက်အောင်လုပ်ပေးရမှာဖြစ် ပါတယ်''ဟု ၎င်းကပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီမံကိန်းများ၏ Project Plan၊ Returm of Invesment များမပါဘဲ လွှတ်တော်တွင်စီမံကိန်းများကို ဆွေးနွေးအတည်ပြုခိုင်းနေခြင်းသည် စီးပွားရေးလုပ်ငန်းရှင်များ၏ Vision များကို လိုက်လံအကောင် အထည်ဖော်နေသည်ဟုထင်မြင် ကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌဒေါ် စန္ဒာမင်းကပြောသည်။ စက်မှုဇုန်ဟောင်းများတွင် မြေဈေးကစားသဖြင့် ရင်းနှီးမြှုပ်နှံသူများမလာခြင်းကြောင့် စက်မှုဇုန်သစ်များကိုဖော်ဆောင်ပေးလိုခြင်းသည်မူအားဖြင့်မှန်သည်ဟုယူဆ သော်လည်း လက်တွေ့မကျကြောင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းစက်မှုဇုန်အဟောင်းများ ကိုအဆင့်မြှင့်တင်ရန် လွှတ်တော်တွင် အတည်ပြုထားသောအဆိုပြုချက်များကိုဦးစားပေးလုပ်ဆောင် သင့်ကြောင်း ၎င်းကပြောသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှန်တကယ်လိုအပ်နေသည့် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းကျောင်းစီမံကိန်း၊ အဝေးပြေးကားရပ်နားဝင်း စီမံကိန်းများကို ဦးစားပေးလုပ် ဆောင်ရန်သဘောတူကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီမံကိန်းများဆောင်ရွက်ရန် လိုအပ်သည့်မြေသိမ်းဆည်းမှုများ ဆောင်ရွက်ရာတွင်မှန်ကန်သော မြေသိမ်းမှုဖြစ်အောင်ဆောင်ရွက်ရန် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွား ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေးခဲ့သည်။ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီအနေဖြင့် အဆိုပါအစီရင်ခံစာအားမူအားဖြင့် သဘောတူသော်လည်းမှတ်တမ်းအဖြစ်သာထားရှိသင့်ကြောင်း လွှတ် တော်သို့အစီရင်ခံစာပါစီမံကိန်းများ၏တစ်ခုချင်းစီကိုအသေးစိတ် ပြန်လည်တင်ပြပေးရန်ဆွေးနွေးခဲ့သည်။ ယင်းအစီရင်ခံစာနှင့် ပတ်သက်ပြီး မေ ၇ ရက်ကလွှတ်တော်ကိုယ်စားလှယ်ခြောက်ဦး၊ မေ ၁၄ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်ခုနစ်ဦးတို့ကဆွေးနွေးခဲ့ရာတွင် အစီရင်ခံစာပါစီမံကိန်းများ၏အသေးစိတ်အချက်အလက်များကိုတိတိကျကျတင်ပြချက်များမပါရှိကြောင်း ထောက် ပြဆွေးနွေးခဲ့ကြသည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top