HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် သဘာဝဘေးဒဏ်ကြောင့် ကျပ်သိန်းပေါင်း ၁ဝဝဝ ကျော် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် သဘာဝဘေးဒဏ်ကြောင့် ကျပ်သိန်းပေါင်း ၁ဝဝဝ ကျော် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့

ရန်ကုန်၊ မေ ၁၄

တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ယခုနှစ်အတွင်း လေပြင်းတိုက်ခတ် ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းများကြောင့် ကျပ်သန်းပေါင်း ၁၇၄ ဒသမ ၃၁ ဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မေ ၁၄ ရက်က သိရသည်။

တိုင်ဒေသကြီးနှင့် ပြည်နယ်များအတွင်း ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှစတင်၍ လေပြင်းတိုက် ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေကျခြင်းများကြောင့် ပြိုကျပျက်စီးအိမ်ခြေ ၁၆၄၆ လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး ၁၄ ၁၃၂ လုံး၊ ဘေးသင့်အိမ်ထောင်စု ၁၆၁၄၉ စု၊ ဘေးသင့်လူဦးရေ ၅၁၇ဝ၆ ဦးတို့ရှိခဲ့ကြောင်း သိရသည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ''အခုစာရင်းက ဖေဖော်ဝါရီလ ၆ ရက်နေ့ကနေပြီး မေလ ၉ ရက်နေ့အထိ စာရင်းဖြစ်ပါတယ်။ စုစုပေါင်းဆုံးရှုံးမှုက ကျပ်သန်း ပေါင်း ၁၇၄ ဒသမ ၃၁ ဖြစ်ပါတယ်။ ဒီနောက်ပိုင်း ဖြစ်တာတွေလည်းရှိပါတယ်။ စာရင်းပြုစုနေဆဲဖြစ်ပါတယ်''ဟု ပြောသည်။

 

လေပြင်းတိုက်ခိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီြးေ<ွကခြင်းများကြောင့် ဘာသာရေး အဆောက်အအုံပြိုကျပျက်စီး ၉၈ ခု၊ တစ်စိတ်တစ်ပိုင်းပျက်စီး ၁၅၃ ခုရှိပြီး၊ သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရရှိသူ ၂၈ ဦးရှိခဲ့ကြောင်းသိရသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မေ ၉ ရက်အထိ ဘေးသင့်အိမ်ထောင်စုများကို စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်းကျော် (ကျပ် ၁ဝဝ၇ဝဝ၉ဝ၈၂) ထောက်ပံ့မှုများပေးခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် မတ်လ၊ ဧပြီလနှင့် မေလများတွင် မိုးတိမ်တောင်များဖြစ်ပေါ်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်း၊ အိမ်များပြိုကျ ပျက်စီးခြင်း၊ အမိုးလန်ခြင်းများကြောင့် နှစ်စဉ်ပျက်စီး ဆုံးရှုံးမှုများလည်းရှိခဲ့ကြောင်း သိရသည်။ 

AA

#democracytoday

Rate this item
(0 votes)
back to top