HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

၁၅ နှစ် အရစ်ကျဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၅ဝဝဝ ကျော် ရှိသော်လည်း ချေးငွေ ဘဏ်တိုးကြောင့် နှစ်ပြည့်လျှင် အိမ်တန်ဖိုးနှစ်ဆ ဖြစ်နေသဖြင့် စိတ်ဝင်စားမှု နည်း

၁၅ နှစ် အရစ်ကျဖြင့် ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၅ဝဝဝ ကျော် ရှိသော်လည်း  ချေးငွေ ဘဏ်တိုးကြောင့် နှစ်ပြည့်လျှင် အိမ်တန်ဖိုးနှစ်ဆ ဖြစ်နေသဖြင့် စိတ်ဝင်စားမှု နည်း

နေပြည်တော်၊ မေ ၁၅

၁၅ နှစ် အရစ်ကျဖြင့်ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၅ဝဝဝ ကျော်ရှိသော်လည်း ချေး ငွေဘဏ်တိုးကြောင့် နှစ်ပြည့်လျှင် အိမ်တန်ဖိုးနှစ်ဆဖြစ်နေသဖြင့် စိတ်ဝင်စားမှုနည်းနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

မေ ၁၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူအတွက် ဒုတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဒုတိယတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းပြော ကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

တန်ဖိုးနည်းအိမ်ရာရောင်းချမှု များနှင့်ပတ်သက်၍လည်း ဒုတိယဝန်ကြီးမှ ရှင်းလင်းပြောကြားရာတွင် ''တန်ဖိုးနည်းအိမ်ရာတွေကို ရောင်းပေးမယ့်အနေအထား။ ကျွန်တော်တို့မှာ အဆင်သင့်ရောင်း ပေးဖို့ရှိတာ အခန်းပေါင်း ၅ဝဝဝ ကျော်ရှိပါတယ်။ ရှိတဲ့အနေအထားမှာ နမူနာအ နေနဲ့ တစ်ခန်းကို ကျပ်သိန်း ၁၂ဝ နဲ့ ၁၅ နှစ် အရစ်ကျရောင်းမယ်ဆိုရင် ဘာဖြစ်လဲဆိုတော့ ပြည်သူတွေစိတ်ဝင်စားမှုအား နည်းပါတယ်။ ကျပ်သိန်း ၁၂ဝ အခန်းသည် ၁၃ ကျပ်တိုးနဲ့တွက်တော့ ၁၅ နှစ် ပြည့်တဲအခါ ကျပ်သိန်း ၁၂ဝ တန်အခန်းသည် သူ့ရဲ့နှစ်ဆကျပ်သိန်း ၂၄ဝ ကျော် ဖြစ်သွားတယ်။ ကျပ်သိန်း ၁၂ဝ တန်အခန်းက ကျပ်သိန်း ၂၇ဝ ဖြစ်သွားတယ်။ မတန်ဘူးဆိုပြီး စိတ်ဝင်စားမှုအားနည်းပါတယ်။ ဘာကြောင့်လဲဆိုတာကို ဆန်းစစ်တဲ့အခါ အတိုးကြောင့်ဖြစ်တာပါ။ အတိုးက CHD ဘဏ်ကရမယ်ဆိုရင် ၁၂ ကျပ် တိုးတင်ရတယ်။ ကျန်တဲ့ဘဏ်သည် ၁၃ ကျပ်တိုးဖြစ်ပါတယ်။ ၁၂ ကျပ်တိုး၊ ၁၃ ကျပ်တိုးဆိုတဲ့အခါ ၁၅ နှစ်ပြည့်တဲ့အခါ တန်ဖိုးထက်နှစ်ဆမကဖြစ်ပြီး စိတ်ဝင်စား မှုအားနည်းတော့ ဒါကို ကျွန်တော်တို့နည်း လမ်းရှာနေပါတယ်။ ဥပမာ-တင်ပြထားတာက အစိုးရဝန်ထမ်းတွေကို ၁၅ နှစ်ဆိုင်း နဲ့ရောင်းပေးမယ်။ အတိုးကို ဘယ်သူကကျခံမလဲ၊ နိုင်ငံတော်ကစိုက်မလား၊ ထောက်ပံ့ရေးအဖွဲ့တွေကစိုက်မလား စသည်ဖြင့် နည်းလမ်းရှာနေပါတယ်။ ကျပ်သိန်း ၁၂ဝ တန်အခန်းကို တစ်လကို ကျပ် လေးသောင်းလောက်သွင်းပြီးတော့ ၁၅ နှစ်ပြည့်ရင် အခန်းပိုင်သွားမယ်ဆိုရင်ဝယ်ကြမှာပဲ။ ဒါနဲ့ပတ်သက်ပြီး တန်ဖိုးနည်းအိမ်ရာကို တကယ်ကိုတန်ဖိုးနည်းဖြစ်အောင်လို့ နည်းလမ်းတွေရှာဖွေပြီးတော့ အဓိက တော့ ဝန်ထမ်းတွေ သက်သာချောင်ချိဖို့ နည်းလမ်းတွေအများကြီးရှာနေပါတယ်။ အစိုးရသစ်လက်ထက်မှာ နည်းလမ်းတွေ တင်ပြထားခိုင်းတဲ့အတွက် ဖြစ်နိုင်တဲ့နည်း လမ်းတွေကိုတင်ပြထားပါတယ်''ဟု ဒုတိ ယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းပြော ကြားခဲ့သည်။


''အိမ်ရာကဏ္ဍအနေနဲ့ ၂ဝ၃ဝ ပြည့်နှစ်အထိ အိမ်ရာပေါင်းတစ်သန်းဆောင်ရွက်ဖို့ရှိပြီးတော့ နှစ်နှစ်တာကာလအတွင်းမှာ စုစုပေါင်းအိမ်ရာကဏ္ဍမှာ ၁ဝ၉၂၄ ခန်းဆောင်ရွက်ပြီးတော့ ၁ဝဝ ရာခိုင်နှုန်းက အခန်းပေါင်း ၅၇၄၈ ခန်းကတော့ ၅၁၇၆ ခန်းကတော့ ၇ဝ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ပါတယ်။ လာမယ့်သုံးနှစ်တာကာလအတွင်းမှာ အခန်းပေါင်းရှစ်ထောင် ကျော် ဆက်လက်ဆောက်လုပ်သွားပါမယ်။ PPP စနစ်ဖြင့် ဌာနမှ အခန်းပေါင်းလေး ထောင်ကျော် ကုမ္ပဏီများဘက်က အခန်း ပေါင်းခြောက်ထောင်ကျော် စုစုပေါင်း တစ်သောင်းကျော်ထွက်လာဖို့ ဆောင်ရွက်လျက်ရှိပါတယ်''ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းခဲ့သည်။


MP

#democracytoday

Rate this item
(1 Vote)
back to top