HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ဒလ-ကျောက်တန်း ကြိုးတံတားကို သီလဝါ စက်မှုဇုန်ဖြတ်ပြီး တည်ဆောက်နိုင်ရန် စီမံထားဟု ဆောက်လုပ်ရေး ဒုဝန်ကြီး ဆို

ဒလ-ကျောက်တန်း ကြိုးတံတားကို သီလဝါ စက်မှုဇုန်ဖြတ်ပြီး တည်ဆောက်နိုင်ရန် စီမံထားဟု ဆောက်လုပ်ရေး ဒုဝန်ကြီး ဆို

ရန်ကုန်၊ မေ ၁၅

သီလဝါစက်မှုဇုန်ကိုဖြတ်သန်း၍ ဒလမြို့နယ်ဘက်ကမ်းသို့ ဆက်သွယ်နိုင်ရန်အတွက် ဒလ-ကျောက်တန်း ကြိုးတံတားတစ်စင်း တည်ဆောက်နိုင်ရေး စီမံကိန်းရေးဆွဲထား ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။ မေ ၁၅ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ကျောက်တန်းမြို့နယ်နှင့် ဒလမြို့ နယ်ဆက်သွယ်မည့်တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအပေါ် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင်ပူးပေါင်း၍ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ သွားလာမှုလွယ်ကူစေရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်နှင့် ယာဉ် ကြောပိတ်ဆို့မှုအား လျှော့ချစေနိုင်ရန်အတွက် ရန်ကုန်အပြင်ပတ်လမ်းကို ဂျပန်နိုင်ငံ ဂျိုက်ကာ အေဂျင်စီအကူအညီဖြင့် အကြို လေ့လာမှုများ ပြုလုပ်လျက်ရှိ ကြောင်း ဒုဝန်ကြီးကပြောသည်။ ''ရန်ကုန်အပြင်ပတ်လမ်းအတွက် ရေးဆွဲလျက်ရှိတဲ့ facility study တွင် ရန်ကုန်တောင်ပိုင်းခရိုင်ရှိ သန်လျင်-ကျောက်တန်းအနီး သီလဝါစက်မှုဇုန်အားဖြတ်၍ ဒလမြို့နယ်ဘက်ကမ်းသို့ ဆက်သွယ်နိုင်ရန်အတွက် ဒလ-ကျောက်တန်း ကြိုးတံတားတစ်စင်း တည် ဆောက်နိုင်ရေး ထည့်သွင်းရေးဆွဲထားရှိပါတယ်''ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။


အဆိုပါတံတားကို တည် ဆောက်နိုင်ပါက ရန်ကုန်မြစ် တစ်ဖက်ကမ်းရှိ သန်လျင်-ကျောက်တန်းဒေသနှင့် ဒလ-ကွမ်းခြံကုန်း- ကော့မှူးဒေသများသို့ ဆက်သွယ်ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး အထူးသဖြင့် သီလဝါစက်မှုဇုန်နှင့် ဒလမြို့နယ်တို့ကိုဆက်စပ် ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါတံတားသည် ရန်ကုန် မြစ်ကို ဖြတ်သန်းတည်ဆောက်မည့်တံတားဖြစ်ပြီး ရန်ကုန်မြစ်မှာ ပင်လယ်ကူးသင်္ဘောများ အဓိက ဖြတ်သန်းသွားလာသောဒေသ ဖြစ်သဖြင့် အဆိုပါတံတားကို ဥမင်လိုဏ်ခေါင်းပုံစံတည်ဆောက်ရန် အထိလေ့လာခဲ့ကြောင်း ဒုဝန်ကြီးကဆိုသည်။ ဥမင်လိုဏ်ခေါင်းပုံစံဆောက်ပါက ရန်ကုန်မြို့အောက်ခံမြေသားအခြေအနေအရ ဥမင်လိုဏ် ခေါင်းဖောက်ရန် မသင့်တော်သဖြင့် ကြိုးတံတားပုံစံတည် ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတား၏ခန့်မှန်းအရှည်မှာ မီတာ ၂၆ဝဝ ခန့်ဖြစ်ပြီး ကုန်ကျစရိတ်များပြားမည်ဖြစ်၍ လတ်တလောဆောင်ရွက်နိုင်ခြင်းမရှိ သေးသော်လည်း နောင်တွင်တည် ဆောက်ရန် ထည့်သွင်းထား ကြောင်း ဒုတိယဝန်ကြီးက ထပ် လောင်းပြောသည်။ 

YM

#democracytoday

Rate this item
(0 votes)
back to top