HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၄၃ဝဝ ကျော် ဖန်တီးပေးမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလေးခုကို မေလ ဒုတိယပတ်အတွင်း အတည်ပြုခွင့် ပြုပေး

အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၄၃ဝဝ ကျော် ဖန်တီးပေးမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလေးခုကို မေလ ဒုတိယပတ်အတွင်း အတည်ပြုခွင့် ပြုပေး

ရန်ကုန်၊ မေ ၁၅

ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၃ဝဝ ကျော်ဖန်တီးပေးမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခုကို မေလဒုတိယပတ်အတွင်း အတည်ပြုခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏အစည်းအဝေးအမှတ်စဉ် (၆/၂ဝ၁၈)တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အဆိုပြုလုပ်ငန်းတစ်ခု၊ အတည်ပြုလုပ်ငန်းနှစ်ခုနှင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှအတည်ပြုခဲ့သည့် လုပ်ငန်းတစ်ခုစုစုပေါင်းလုပ်ငန်းလေးခုမှရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန် ဒေါ်လာ ၅၄ ဒသမ ၅၃ သန်းကို အတည်ပြုခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီးယင်းလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၃ဝ၆ ခုကို ဖန်တီးပေးမည်ဖြစ်ကြောင်းသိရသည်။

 

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ''ခွင့်ပြုအတည်ပြုလုပ်ငန်း လေးခုမှာ စက်မှုကဏ္ဍလုပ်ငန်းတစ်ခု၊ အခြားဝန်ဆောင်မှုကဏ္ဍတစ်ခု၊ လယ်ယာကဏ္ဍတစ်ခုနဲ့ အိမ်ယာအဆောက်အအုံ တည်ဆောက် ဖွံ့ဖြိုးမှုကဏ္ဍတစ်ခုတို့ပါဝင်ပါတယ်''ဟု မေ ၁၅ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။  ယခုဘဏ္ဍာနှစ်မေလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခုနစ် ခုမှရင်းနှီးမြှုပ်နှံမှု ပမာဏအမေရိ ကန်ဒေါ်လာ ၆၃ ဒသမ ၈၃၇ သန်း ရှိပြီဖြစ်ကြောင်း သိရသည်။


ဦးသန့်စင်လွင်က ''ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင်ဆိုရင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၁ဝ၈ ဒသမ ၉၇၂ သန်းဖြစ်ပါတယ်'ဟုပြောသည်။  ယင်းအပြင် အထူးစီးပွားရေး ဇုန်ဥပဒေအရ သီလဝါအထူးစီးပွား ရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၈ သန်း ခွင့်ပြုခဲ့သဖြင့် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိ ကန်ဒေါ်လာ ၆၆ ဒသမ ဝ၁၉ သန်း ဖြစ်ကြောင်း သိရသည်။

TEEP
#democracytoday

Rate this item
(0 votes)
back to top