HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ထရန့်၏ ကုန်သွယ်ရေး မူဝါဒကြောင့် အမေရိကန် လုပ်ငန်းများ ထိခိုက်ရဟု အမေရိကန် ကုန်သည်ကြီးများ အသင်းချုပ် ဆို

ထရန့်၏ ကုန်သွယ်ရေး မူဝါဒကြောင့် အမေရိကန် လုပ်ငန်းများ ထိခိုက်ရဟု အမေရိကန် ကုန်သည်ကြီးများ အသင်းချုပ် ဆို

ဝါရှင်တန်၊ ဇွန် ၁၂

သမ္မတဒေါ်နယ်ထရန့်က သွင်းကုန်အခွန်များချမှတ်ပြီး ကြမ်းတမ်းသော အပေးအယူဆွေးနွေးညှိနှိုင်းမှုများဆောင်ရွက် နေသည့်အတွက် မရေမရာမသေချာမှုများပေါ်ပေါက်လာပြီး အမေရိကန်စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေသည်ဟု အမေရိကန်ကုန်သည်ကြီးများအသင်းချုပ်၏ ဥက္ကဋ္ဌနှင့်အမှု ဆောင်အရာရှိချုပ်ဒိုနိုဟူးကပြောကြားလိုက်ကြောင်း ဇွန် ၁၂ ရက် ဆင်ဟွာသတင်းကဆိုသည်။

''သွင်းကုန်အခွန်ဆိုတာ အခွန်နဲ့မခြားနားဘူးဆိုတာ ကျွန် တော်တို့အစိုးရကို သတိပေးထောက်ပြထားပါတယ်။ တကယ် တော့သွင်းကုန်အခွန်ဆိုတာ တင်ပို့တဲ့နိုင်ငံကပေးရတာမဟုတ်ဘဲ အမေရိကန်ပြည်သူတွေပေးရတာပါ''ဟု ဒိုနိုဟူးက ပြောသည်။ ''ကျွန်တော်တို့အစိုးရက သွင်းကုန်အခွန်တွေပိုမိုချမှတ်လာတာ၊ ချမှတ်ဖို့ ပြင်ဆင်နေတာ၊ မြောက်အမေရိကကုန်သွယ်ရေး သဘောတူညီချက်ရဲ့ အနာဂတ်မရေမရာဖြစ်နေတာ၊ အဲဒါ တွေက အမေရိကန်စီးပွားရေးလုပ်ငန်းတွေအပေါ် အကျိုးသက် ရောက်နေပါပြီ''ဟုလည်း ဒိုနိုဟူးက ပြောသည်။


အမေရိကန်အစိုးရသည် သံမဏိများကို သွင်းကုန်အခွန် ချမှတ်လိုက်သောကြောင့် သံမဏိဈေးနှုန်းများသည် ဇန်နဝါရီလကထက် ၄ဝ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ ထို့ကြောင့် အမေရိကန်ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အခက်တွေ့နေ ရပြီဖြစ်ကြောင်း ဒိုနိုဟူးက ပြောသည်။ 

 Ref;Xinhua

#democracytoday

Rate this item
(0 votes)
back to top