HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည့် နှစ်လတာ ကာလအတွင်း ပညာရေးကဏ္ဍနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှု တစ်ခုကို စတင် ခွင့်ပြု

ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည့် နှစ်လတာ ကာလအတွင်း ပညာရေးကဏ္ဍနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှု တစ်ခုကို စတင် ခွင့်ပြု

ရန်ကုန်၊ ဇူလိုင် ၁ဝ

ပညာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည့် နှစ်လကျော်ကြာကာလအတွင်းပညာရေးကဏ္ဍနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုကိုစတင်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန် ၂ဝ၁၈ ခုနှစ် ဧပြီ ၂ဝ ရက်စွဲပါ အမိန့် ကြေညာစာထုတ်ပြန်၍ ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါပညာရေးကဏ္ဍအတွက် International Language & Business Center (ILBC) ကို စတင်ခွင့်ပြု ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ILBC အနေဖြင့် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ကြက်ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတကာသင်ရိုးနှင့်ပတ်သက်သည့် ကျောင်းများ၊ ပညာ ရေးဝန်ကြီးဌာနပြဋ္ဌာန်းထားသည့်သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားမည့်ကျောင်းများကို ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဇူလိုင် ၉ ရက်က မီဒီယာများနှင့်တွေ့ဆုံပွဲတွင်ပြောကြားသည်။  ''ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုကို စတင်ခွင့်ပြုပေးနေပါပြီ။ ပြီးခဲ့တဲ့အစည်းအဝေးကပဲ ILBC တစ်ခုကို စပြီးခွင့်ပြုပေးလိုက်ပါပြီ။ ပညာရေးကဏ္ဍမှာ ဝင် ရောက်ရင်းနှီးမြှုပ်နှံဖို့ Proposal တင်ထားတာတွေလည်းရှိပါတယ်''ဟု ၎င်းကပြောသည်။


ထိုသို့ထုတ်ပြန်ပြီးနောက်ပိုင်း ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများနေပြီး ပထမဦးဆုံးရောက်ရှိနေသည့် ကျောင်းများမှ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာနေ ခြင်းဖြစ်ကြောင်း ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှသိရသည်။ ILBC ကို ပညာရေးကဏ္ဍတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်ပြီး ပညာရေးကဏ္ဍတွင် ဝင် ရောက်ရင်းနှီးမြှုပ်နှံ ရန် အဆိုပြုလွှာတင်ထားသည့် လုပ်ငန်းတစ်ခုရှိကြောင်းသိရသည်။ ပညာရေးကဏ္ဍတွင် ထပ်မံခွင့်ပြုနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်နေပြီး လုပ်ငန်းများပြီးပြတ်လျှင် ဆက်လက်ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။ စင်ကာပူ၊ သြစတြေးလျနှင့် နယူးဇီလန်တို့မှ ပညာ ရေးကဏ္ဍတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ ကြောင်း သိရသည်။ 

TTMT

#democracytoday

Rate this item
(0 votes)
back to top