HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အစားအစာ လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းရှင်ကြီးများ စီးပွားရေး ရှုထောင့်ကသာ အကြည့်များပြီး ကျန်းမာရေး ရှုထောင့်က ကြည့်ရှုခြင်း အားနည်းနေကြောင်း မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

အစားအစာ လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းရှင်ကြီးများ စီးပွားရေး ရှုထောင့်ကသာ အကြည့်များပြီး ကျန်းမာရေး ရှုထောင့်က ကြည့်ရှုခြင်း အားနည်းနေကြောင်း မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

မကွေး၊ ဇူလိုင် ၁ဝ

အစားအစာလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းရှင်ကြီးများသည် စီးပွားရေးရှု ထောင့်ကသာအကြည့်များပြီး ကျန်းမာရေးရှုထောင့်ကကြည့်ရှုမှု အားနည်းနေကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောကြားသွားသည်။ မကွေးမြို့ ကုန်သည်ကြီးများခန်းမတွင် ဇူလိုင် ၁ဝ ရက်က ကျင်းပ သည့် USAID မှ ကူညီပံ့ပိုးပေး သော မြန်မာနိုင်ငံသိပ္ပံနှင့် နည်းပညာအသင်း၏ FOSTA (Myanmar) ဘေးကင်းလုံခြုံအစာအာဟာရများနှင့်ပတ်သက်သော အသိပညာပေးသင်တန်းဖွင့်ပွဲတွင် တိုင်း ဒေသကြီးဝန်ကြီးချုပ်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဘေးကင်းလုံခြုံသောအစား အစာသင်တန်းမျိုးတွေက လုပ်ငန်းရှင်တိုင်းလိုက်နာကျင့်သုံးရမယ့် နည်းပညာတွေဖြစ်ပါတယ်။ အခုဆိုလုပ်ငန်းရှင်တွေဟာ စီးပွားရေးရှု ထောင့်ကသာအကြည့်များပြီး ကျန်းမာရေးရှုထောင့်ကကြည့်ခြင်းဆိုတာအားနည်းနေသေးတာတွေ့ရှိရပါတယ်။ အစားအသောက်တွေ ဘေးကင်းလုံခြုံစိတ်ချရစေဖို့ လုပ်ငန်းရှင်ကြီးတွေ၊ လုပ်ငန်းအလတ် တွေ၊ လုပ်ငန်းငယ်တွေ၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေ၊ ပျံကျလုပ်ငန်းတွေ လုပ်ကိုင်နေသူတွေဟာ ကျန်းမာ ရေးနဲ့ညီညွတ်တဲ့စားသောက်ကုန် တွေ ထုတ်လုပ်ရောင်းချကြဖို့လို အပ်ပါတယ်''ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုက ဆက်လက်ပြောကြားသည်။


အဆိုပါသင်တန်းကို နှစ်ရက်တာကျင်းပသွားမည်ဖြစ်ပြီး သင်တန်းတွင်မြန်မာနိုင်ငံသိပ္ပံနည်း ပညာအသင်းမှ တာဝန်ရှိသူများက မကွေးမြို့မှ လုပ်ငန်းရှင်များ၊ ပြည်သူများအား အစားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေးစသည့်အ သိပညာများပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

zz

#democracytoday

Rate this item
(0 votes)
back to top