HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မြန်မာ - အိန္ဒိယ ရိဒ် နယ်စပ်တံတားကို ဇူလိုင် လဆန်းအထိ ပိတ်ထားသည့်အတွက် နယ်စပ်ကုန်သည်များ ကုန်စည် တင်ပို့ရာင်းချရေး အခက်ကြုံနေ

မြန်မာ - အိန္ဒိယ ရိဒ် နယ်စပ်တံတားကို ဇူလိုင် လဆန်းအထိ ပိတ်ထားသည့်အတွက်  နယ်စပ်ကုန်သည်များ ကုန်စည် တင်ပို့ရာင်းချရေး အခက်ကြုံနေ

ကလေး၊ ဇူလိုင် ၁ဝ

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် ဒုတိယအကြီးမားဆုံးဖြစ်သည့် ချင်းပြည်နယ် ရိဒ်နယ်စပ်တံတားကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်မှ ပိတ်ထားသည့်အတွက် နယ်စပ်ကုန်စည် ရောင်းဝယ်ရေးကုန်သည်များ အခက်အခဲနှင့်ကြုံနေကြရကြောင်း ရိဒ်နယ်စပ်ကုန်သည်များထံမှသိရသည်။

''မြန်မာဘက်ကရော၊ အိန္ဒိယဘက်ကပါ ဒီနယ်စပ်တံတားကနေသွားကြရတာဖြစ်ပါတယ်။ အခုဒီတံတားကို မေ ၂၁ ရက်က စတင်ပိတ်ခဲ့တာဖြစ်တဲ့အတွက် နှစ်လဝန်းကျင်ကာလရှိနေပြီ။ ပုပ်ကုန်သိုးကုန်တွေကတော့ အချိန်နှင့် တစ်ပြေးညီမရောင်းရတော့ ပျက်စီးတာမျိုး၊ အရှုံးပေါ်တာမျိုးရှိပါတယ်။ တောလမ်းက တရားမဝင် ပို့ပြန်တော့လည်း ဖမ်းဆီးအရေးယူတာမျိုးတွေရှိတယ်။ နယ်စပ်တံ တားပုံမှန်ဖွင့်လှစ်ပေးတာမျိုးဖြစ် စေချင်တယ်''ဟု ရိဒ်နယ်စပ်မှ ကွမ်းသီးကုန်သည် ဦးငင်ဇပေါင်က ဇူလိုင် ၉ ရက်တွင် ပြောသည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန် စည်ပို့ဆောင်ရေး၊ ရောင်းဝယ်ရေးကို ဆိုင်ကယ်ကယ်ရီဖြင့် ဆောင် ရွက်နေရသည့်အပြင် အလုပ်သမားခ၊ ဆိုင်ကယ်ကယ်ရီခတို့ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် ပုံမှန်အနေအထားထက် နှစ်ဆသုံးဆအထိ မြင့်တက်နေကြောင်း၊ ယခုအခါ နယ်စပ်ရိဒ်တံတားပေါ် မှ ဆိုင်ကယ်ကယ်ရီ၊ တွန်းလှည်း နှင့်အထမ်းများကိုသာ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။


''နယ်စပ်တံတားကို အိန္ဒိယနိုင်ငံ အုပ်ချုပ်ရေးအဖွဲ့က တံတား ပေါ် ယာဉ်တွေဖြတ်ခွင့်မပြုတော့ဘူးလို့ မေလကုန်ပိုင်းကစတင်ပြီး အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ နယ်စပ်ကုန်သည်တွေ၊ အရောင်းအဝယ်သမားတွေအတွက်တော့ တစ်ခုခုတော့ လုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ အခုတံတားပိတ်ထားတာ နှစ်လဝန်းကျင်ဆိုတော့ အရောင်းအဝယ်သမားတွေ အခက်အခဲရှိလာတယ်''ဟု ရိဒ်ခေါဒါရ်မြို့အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာဘက်မှ ကွမ်းသီးအပါအဝင် ဒေသထွက်အသီးအနှံ စား သောက်ကုန်များ၊ အထည်အလိပ်၊ မုန့်မျိုးစုံ၊ ပလတ်စတစ်ပစ္စည်းမျိုးစုံ၊ လျှပ်စစ်ပစ္စည်းများ၊ ဖျော်ရည်ဘူးမျိုးစုံ တစ်ဖက်နိုင်ငံသို့တင်ပို့ ရောင်းချပြီး တစ်ဖက်နိုင်ငံမှ ဓာတ်မြေသြဇာကို အပြန်ကုန်စည်အဖြစ် သယ်ယူကြောင်းသိရသည်။


MOS

#democracytoday

Rate this item
(0 votes)
back to top